မော်ရင်ညိုကိုသက်သေတည်ပြီး ချစ်သူကိုလက်ထပ်ခွင့်တောင်းခဲ့တဲ့ ရိုးမားပရိသတ်

ဒါဟာ မော်ရင်ညိုဆိုတာ ရောမမှာ သူရဲကောင်းတစ်ယောက်ဖြစ်လာပြီဆိုတဲ့ သဘောပါပဲ။ ပေါ်တူဂီသားဟာ ပြီးခဲ့တဲ့ရာသီမှာ ရိုးမားကို သူတို့ရဲ့ပထမဆုံးဥရောပဆုဖလားအဖြစ်

ယူရိုပါကွန်ဖရင့်လိဂ်ဖလားကို ရယူပေးနိုင်ခဲ့တယ်။ မနေ့ကတော့ ရိုးမားလေ့ကျင့်ကွင်းကို စုံတွဲတစ်တွဲရောက်လာပြီး အသက် ၅၉ နှစ်အရွယ်နည်းပြနဲ့တွေ့ဆုံခဲ့တယ်။

သူတို့လည်ပင်းမှာလည်း ရိုးမားပဝါတွေပတ်လို့ပေါ့။ မော်ရင်ညိုနဲ့လက်ဆွဲနှုတ်ဆက်တယ်။ အသင်းအဖွဲ့ဝင်တွေနဲ့ အမှတ်တရဓါတ်ပုံရိုက်တယ်။

သူတို့ ဘာထပ်လုပ်မလဲဆိုတာတော့ ဘယ်သူကခန့်မှန်းနိုင်မှာလဲ။ စတင်လှုပ်ရှားလိုက်တာက အမျိုးသမီးပါ။ သူမအိတ်ထဲက တစ်စုံတစ်ရာကိုထုတ်ယူလိုက်တယ်။

အမျိုးသားက ကင်မရာမြင်ကွင်းထဲမှာ သူမကို အသေအချာချိန်တယ်။ မြင်ကွင်းထဲမှာ မော်ရင်ညိုလည်းရှိနေတာ သေချာစေတဲ့နောက် အမျိုးသားဟာ အမျိုးသမီးလက်ကို ဆုပ်ကိုင်လိုက်တယ်။

ပြီးတော့ စပါယ်ရှယ်ဝမ်းကို “ မစ္စတာမော်ရင်ညို .. တစ်မိနစ်လောက် ” လို့ လှမ်းပြောလိုက်တယ်။ မော်ရင်ညိုလို စကားတောင်စားမျိုးတောင် ရုတ်တရက်ကြောင်သွားခဲ့တယ်။

ဒါပေမဲ့ ဘာတွေဖြစ်နေတာလဲဆိုတာ ခပ်မြန်မြန်သဘောပေါက်သွားခဲ့ပါတယ်။ အမျိုးသားက ဒူးထောက်လိုက်ပြီး လက်ထပ်ခွင့်တောင်းတယ်။

အမျိုးသမီးမျက်နှာပေါ်မှာတော့ မျက်ရည်တွေ။ သူမက လက်ခံလိုက်ချိန်မှာတော့ မော်ရင်ညိုအပါအဝင် အားလုံးက လက်ခုပ်တီးပြီး ဂုဏ်ပြုပေးခဲ့ကြပါတယ်။

နည်းပြဘဝကနေ သင်းအုပ်ဆရာလို ဖြစ်သွားခဲ့တဲ့ မော်ရင်ညိုနဲ့ပတ်သက်ပြီး ရိုးမားပရိသတ်တွေကတော့ သဘောကျနေကြလေရဲ့။

(zawgyi)

ဒါဟာ ေမာ္ရင္ညိဳဆိုတာ ေရာမမွာ သူရဲေကာင္းတစ္ေယာက္ျဖစ္လာၿပီဆိုတဲ့ သေဘာပါပဲ။ ေပၚတူဂီသားဟာ ၿပီးခဲ့တဲ့ရာသီမွာ ႐ိုးမားကို သူတို႔ရဲ႕ပထမဆုံးဥေရာပဆုဖလားအျဖစ္

ယူ႐ိုပါကြန္ဖရင့္လိဂ္ဖလားကို ရယူေပးႏိုင္ခဲ့တယ္။ မေန႔ကေတာ့ ႐ိုးမားေလ့က်င့္ကြင္းကို စုံတြဲတစ္တြဲေရာက္လာၿပီး အသက္ ၅၉ ႏွစ္အ႐ြယ္နည္းျပနဲ႔ေတြ႕ဆုံခဲ့တယ္။ သူတို႔လည္ပင္းမွာလည္း ႐ိုးမားပဝါေတြပတ္လို႔ေပါ့။

ေမာ္ရင္ညိဳနဲ႔လက္ဆြဲႏႈတ္ဆက္တယ္။ အသင္းအဖြဲ႕ဝင္ေတြနဲ႔ အမွတ္တရဓါတ္ပုံ႐ိုက္တယ္။ သူတို႔ ဘာထပ္လုပ္မလဲဆိုတာေတာ့ ဘယ္သူကခန႔္မွန္းႏိုင္မွာလဲ။ စတင္လႈပ္ရွားလိုက္တာက အမ်ိဳးသမီးပါ။

သူမအိတ္ထဲက တစ္စုံတစ္ရာကိုထုတ္ယူလိုက္တယ္။ အမ်ိဳးသားက ကင္မရာျမင္ကြင္းထဲမွာ သူမကို အေသအခ်ာခ်ိန္တယ္။ ျမင္ကြင္းထဲမွာ ေမာ္ရင္ညိဳလည္းရွိေနတာ ေသခ်ာေစတဲ့ေနာက္ အမ်ိဳးသားဟာ

အမ်ိဳးသမီးလက္ကို ဆုပ္ကိုင္လိုက္တယ္။ ၿပီးေတာ့ စပါယ္ရွယ္ဝမ္းကို “ မစၥတာေမာ္ရင္ညိဳ .. တစ္မိနစ္ေလာက္ ” လို႔ လွမ္းေျပာလိုက္တယ္။ ေမာ္ရင္ညိဳလို စကားေတာင္စားမ်ိဳးေတာင္ ႐ုတ္တရက္ေၾကာင္သြားခဲ့တယ္။

ဒါေပမဲ့ ဘာေတြျဖစ္ေနတာလဲဆိုတာ ခပ္ျမန္ျမန္သေဘာေပါက္သြားခဲ့ပါတယ္။ အမ်ိဳးသားက ဒူးေထာက္လိုက္ၿပီး လက္ထပ္ခြင့္ေတာင္းတယ္။ အမ်ိဳးသမီးမ်က္ႏွာေပၚမွာေတာ့ မ်က္ရည္ေတြ။

သူမက လက္ခံလိုက္ခ်ိန္မွာေတာ့ ေမာ္ရင္ညိဳအပါအဝင္ အားလုံးက လက္ခုပ္တီးၿပီး ဂုဏ္ျပဳေပးခဲ့ၾကပါတယ္။ နည္းျပဘဝကေန သင္းအုပ္ဆရာလို ျဖစ္သြားခဲ့တဲ့ ေမာ္ရင္ညိဳနဲ႔ပတ္သက္ၿပီး ႐ိုးမားပရိသတ္ေတြကေတာ့ သေဘာက်ေနၾကေလရဲ႕။