မေဆန်မောင့် ကို ရွှေဆံပင်ဆု ပေးခိုင်းလိုက်တဲ့ ချဲလ်ဆီးပရိသတ်တွေ . . .

ချဲလ်ဆီးအသင်းကွင်းလယ်လူမေဆန်မောင့်ကတော့ ဆိုရှယ်မီဒီယာထက်မှာ

ကြံကြံဖန်ဖန်ပြစ်တင်ခံနေရပါတယ်။ အကြောင်းကတော့ သူဟာ ချဲလ်ဆီးရဲ့

မကြာသေးခင်ပွဲတွေမှာ ကစားနေစဉ်အတွင်း ဆံပင်ကို ခဏခဏသပ်တင်နေလို့ပါ။

ဒါကို ဆိုရှယ်မီဒီယာထက်က ပရိသတ်တွေက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ပွဲတွေဟာ

သူ အဲဒီဆံပင်သပ်တင်တာလုပ်တဲ့အခိုက်အတန့်တွေကို စုစည်းထားတဲ့

၁၆ စက္ကန့်စာ ဗီဒီယိုဖိုင်ကိုလည်း တင်ထားကြပါတယ်။

ဒါ့အပြင် အဲဒီအင်္ဂလန်လက်ရွေးစင်ဟာ ရီးရဲလ်ကို ၃-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့အိမ်ကွင်းပွဲမှာလည်း

ဆံပင်သပ်တင်တာ ၂ ကြိမ်တိုင်ရှိခဲ့တာပါ။ သူ့ရဲ့အဲဒီအပြုအမူက

အသင်းပရိသတ်တွေကို တကယ်ဒေါသထွက်စေခဲ့ပါတယ်။

အဲဒီပွဲက ပထမတစ်ကြိမ်က လူကာကူဆီဖြတ်တင်ဘောလုပ်တဲ့အချိန်မှာဖြစ်ပြီး

အဲဒီဘယ်လ်ဂျီယံသားရဲ့လွဲချော်မှုကို ကြည့်နေစဉ် ဆံပင်သပ်တင်နေခဲ့တာပါ။

ဒုတိယတစ်ကြိမ်ကတော့ ပိုဆိုးပြီး ဘောလုံးက သူ့အနားရောက်နေချိန်

ခေါင်းက ဆံပင်ကိုသာ အာရုံစိုက်နေလို့ တုံ့ပြန်မှုနှေးကွေးခဲ့ပါတယ်။

ဒါကြောင့်လည်း ဆိုရှယ်မီဒီယာထက်က ပရိသတ်တစ်ယောက်က

သူ့ကို ၂၀၂၂ ရဲ့ Saon d’Or ဆုပေးရမယ်လို့ နောက်ပြောင်ခဲ့တာပါ။

ရွှေဘောလုံးဆုမဟုတ်ဘဲ ရွှေဆံပင်ဆုလို့ သရော်ခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ်ပရိသတ်တစ်ယောက်ကလည်း မေဆန်မောင့်ဟာ ဘောလုံးကို

ထိတဲ့အကြိမ်ထက် ဆံပင်ကို ထိတဲ့အကြိမ်က ပိုများတယ်လို့ ဆိုပါတယ်။

မေဆန်မောင့်ဟာ အသင်းထက် သူ့ဆံပင်ကိုသာ ပိုပြီးအာရုံစိုက်နေတယ်လို့

ပြောတဲ့သူလည်း ရှိတာပါ။ ဒီအသင်းအကယ်ဒမီထွက်ဟာ အခုရာသီချဲလ်ဆီးအတွက်

၄၃ ပွဲမှာ ၈ ဂိုးသွင်းယူပေးထားပါတယ်။

zawgyi

ေမဆန္ေမာင့္ ကို ေ႐ႊဆံပင္ဆု ေပးခိုင္းလိုက္တဲ့ ခ်ဲလ္ဆီးပရိသတ္ေတြ . . .

ခ်ဲလ္ဆီးအသင္းကြင္းလယ္လူေမဆန္ေမာင့္ကေတာ့ ဆိုရွယ္မီဒီယာထက္မွာ

ႀကံႀကံဖန္ဖန္ျပစ္တင္ခံေနရပါတယ္။ အေၾကာင္းကေတာ့ သူဟာ ခ်ဲလ္ဆီးရဲ႕

မၾကာေသးခင္ပြဲေတြမွာ ကစားေနစဥ္အတြင္း ဆံပင္ကို ခဏခဏသပ္တင္ေနလို႔ပါ။

ဒါကို ဆိုရွယ္မီဒီယာထက္က ပရိသတ္ေတြက ရွာေဖြေတြ႕ရွိခဲ့တာျဖစ္ၿပီး ပြဲေတြဟာ

သူ အဲဒီဆံပင္သပ္တင္တာလုပ္တဲ့အခိုက္အတန႔္ေတြကို စုစည္းထားတဲ့

၁၆ စကၠန႔္စာ ဗီဒီယိုဖိုင္ကိုလည္း တင္ထားၾကပါတယ္။

ဒါ့အျပင္ အဲဒီအဂၤလန္လက္ေ႐ြးစင္ဟာ ရီးရဲလ္ကို ၃-၁ နဲ႔ရႈံးနိမ့္ခဲ့တဲ့

ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့အိမ္ကြင္းပြဲမွာလည္း

ဆံပင္သပ္တင္တာ ၂ ႀကိမ္တိုင္ရွိခဲ့တာပါ။ သူ႔ရဲ႕အဲဒီအျပဳအမူက

အသင္းပရိသတ္ေတြကို တကယ္ေဒါသထြက္ေစခဲ့ပါတယ္။

အဲဒီပြဲက ပထမတစ္ႀကိမ္က လူကာကူဆီျဖတ္တင္ေဘာလုပ္တဲ့အခ်ိန္မွာျဖစ္ၿပီး

အဲဒီဘယ္လ္ဂ်ီယံသားရဲ႕လြဲေခ်ာ္မႈကို ၾကည့္ေနစဥ္ ဆံပင္သပ္တင္ေနခဲ့တာပါ။

ဒုတိယတစ္ႀကိမ္ကေတာ့ ပိုဆိုးၿပီး ေဘာလုံးက သူ႔အနားေရာက္ေနခ်ိန္

ေခါင္းက ဆံပင္ကိုသာ အာ႐ုံစိုက္ေနလို႔ တုံ႔ျပန္မႈေႏွးေကြးခဲ့ပါတယ္။

ဒါေၾကာင့္လည္း ဆိုရွယ္မီဒီယာထက္က ပရိသတ္တစ္ေယာက္က

သူ႔ကို ၂၀၂၂ ရဲ႕ Saon d’Or ဆုေပးရမယ္လို႔ ေနာက္ေျပာင္ခဲ့တာပါ။

ေ႐ႊေဘာလုံးဆုမဟုတ္ဘဲ ေ႐ႊဆံပင္ဆုလို႔ သေရာ္ခဲ့တာ ျဖစ္ပါတယ္။

ေနာက္ထပ္ပရိသတ္တစ္ေယာက္ကလည္း ေမဆန္ေမာင့္ဟာ ေဘာလုံးကို

ထိတဲ့အႀကိမ္ထက္ ဆံပင္ကို ထိတဲ့အႀကိမ္က ပိုမ်ားတယ္လို႔ ဆိုပါတယ္။

ေမဆန္ေမာင့္ဟာ အသင္းထက္ သူ႔ဆံပင္ကိုသာ ပိုၿပီးအာ႐ုံစိုက္ေနတယ္လို႔

ေျပာတဲ့သူလည္း ရွိတာပါ။ ဒီအသင္းအကယ္ဒမီထြက္ဟာ အခုရာသီခ်ဲလ္ဆီးအတြက္

၄၃ ပြဲမွာ ၈ ဂိုးသြင္းယူေပးထားပါတယ္။