မေဂျာလိဂ်ဆိုတာ အငြိမ်းစားလိဂ်မဟုတ်ဘူးဆိုတဲ့ ဂါရတ်ဘေးလ်

လော့စ်အိန်ဂျယ်လိစ်အက်ဖ်စီအသင်းရဲ့ကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်ပွဲမှာ ဂါရတ်ဘေးလ်က သူ့ရဲ့အနာဂတ်အစီအစဉ်တွေကို ဖွင့်ဟသွားခဲ့ပါတယ်။

အထူးသဖြင့် မေဂျာလိဂ်ဟာ နာမည်ကျော်ဘောလုံးသမားတွေ လာရောက်အနားယူရာ အငြိမ်းစားလိဂ်မဟုတ်ကြောင်း၊ သူလည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင်

အနားယူမှာမဟုတ်သေးတဲ့အကြောင်း ပြောသွားခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဝေးလ်တိုက်စစ်မှူးဟာ လော့စ်အိန်ဂျယ်လိစ်အက်ဖ်စီနဲ့ တစ်နှစ်စာချုပ်ခဲ့တာပါ။

ဒါပေမဲ့ ဒီအသင်းမှာ ကာလရှည်နေထိုင်သွားမှာဖြစ်သလို မေဂျာလိဂ်ဟာလည်း သူ့အတွက် အခွင့်အရေးဖြစ်တယ်လို့ ဘေးလ်က ယုံကြည်ထားပါတယ်။

“ ဒီလိဂ်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကာလရှည်တစ်ခုကိုဖြတ်သန်းလာခဲ့တဲ့လိဂ်ပါ။ အငြိမ်းစားလိဂ်အဖြစ် ဘယ်သူမှမမြင်ကြတော့ဘူးလို့ ကျွန်တော်ထင်ပါတယ်။

အရာအားလုံးတိုးတက်နေပါပြီ။ ကျွန်တော် ဒီကိုမရောက်တာ တစ်နှစ်လောက်ရှိပြီဖြစ်ပေမယ့် ဖြစ်နိုင်ရင်အကြာကြီးနေချင်ပါတယ်။ ဒီမှာ ကျွန်တော့်ကို အမှတ်ရစေချင်တယ်။

ဒါက ရေတိုအရေးမဟုတ်ပါဘူး။ ကျွန်တော့်အတွက်လည်း နောက်ထပ်ယူရိုတွေဆက်သွားနိုင်ဖို့ အခွင့်အရေးပါ။ ဒီထက်လည်း ပိုသွားနိုင်ပါတယ်။

ကျွန်တော့်အတွက်တော့ ဒီညဟာ စိတ်လှုပ်ရှားစရာအကောင်းဆုံး ညတစ်ညပါပဲ။ အံ့သြစရာကောင်းတဲ့ ပတ်ဝန်းကျင်ရှိနေတယ်။ မြင်တွေ့သမျှကလည်း မယုံနိုင်လောက်အောင်ပါပဲ။

ဒီအသင်းကို နောက်ထပ်အဆင့်တစ်ခုရောက်အောင် ကျွန်တော်ပါဝင်ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ် ” လို့ ဂါရတ်ဘေးလ်က ဖွင့်ဟသွားခဲ့တာပါ။

(zawgyi)

ေလာ့စ္အိန္ဂ်ယ္လိစ္အက္ဖ္စီအသင္းရဲ႕ကစားသမားသစ္အျဖစ္ တရားဝင္မိတ္ဆက္ပြဲမွာ ဂါရတ္ေဘးလ္က သူ႔ရဲ႕အနာဂတ္အစီအစဥ္ေတြကို ဖြင့္ဟသြားခဲ့ပါတယ္။

အထူးသျဖင့္ ေမဂ်ာလိဂ္ဟာ နာမည္ေက်ာ္ေဘာလုံးသမားေတြ လာေရာက္အနားယူရာ အၿငိမ္းစားလိဂ္မဟုတ္ေၾကာင္း၊ သူလည္း ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲၿပီးရင္

အနားယူမွာမဟုတ္ေသးတဲ့အေၾကာင္း ေျပာသြားခဲ့ပါတယ္။ အသက္ ၃၂ ႏွစ္အ႐ြယ္ ေဝးလ္တိုက္စစ္မႉးဟာ ေလာ့စ္အိန္ဂ်ယ္လိစ္အက္ဖ္စီနဲ႔ တစ္ႏွစ္စာခ်ဳပ္ခဲ့တာပါ။

ဒါေပမဲ့ ဒီအသင္းမွာ ကာလရွည္ေနထိုင္သြားမွာျဖစ္သလို ေမဂ်ာလိဂ္ဟာလည္း သူ႔အတြက္ အခြင့္အေရးျဖစ္တယ္လို႔ ေဘးလ္က ယုံၾကည္ထားပါတယ္။

“ ဒီလိဂ္ဟာ လြန္ခဲ့တဲ့ ၁၀ ႏွစ္အတြင္း ကာလရွည္တစ္ခုကိုျဖတ္သန္းလာခဲ့တဲ့လိဂ္ပါ။ အၿငိမ္းစားလိဂ္အျဖစ္ ဘယ္သူမွမျမင္ၾကေတာ့ဘူးလို႔ ကြၽန္ေတာ္ထင္ပါတယ္။

အရာအားလုံးတိုးတက္ေနပါၿပီ။ ကြၽန္ေတာ္ ဒီကိုမေရာက္တာ တစ္ႏွစ္ေလာက္ရွိၿပီျဖစ္ေပမယ့္ ျဖစ္ႏိုင္ရင္အၾကာႀကီးေနခ်င္ပါတယ္။ ဒီမွာ ကြၽန္ေတာ့္ကို အမွတ္ရေစခ်င္တယ္။

ဒါက ေရတိုအေရးမဟုတ္ပါဘူး။ ကြၽန္ေတာ့္အတြက္လည္း ေနာက္ထပ္ယူ႐ိုေတြဆက္သြားႏိုင္ဖို႔ အခြင့္အေရးပါ။ ဒီထက္လည္း ပိုသြားႏိုင္ပါတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ ဒီညဟာ စိတ္လႈပ္ရွားစရာအေကာင္းဆုံး ညတစ္ညပါပဲ။

အံ့ၾသစရာေကာင္းတဲ့ ပတ္ဝန္းက်င္ရွိေနတယ္။ ျမင္ေတြ႕သမွ်ကလည္း မယုံႏိုင္ေလာက္ေအာင္ပါပဲ။ ဒီအသင္းကို ေနာက္ထပ္အဆင့္တစ္ခုေရာက္ေအာင္ ကြၽန္ေတာ္ပါဝင္ကူညီႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္ ” လို႔ ဂါရတ္ေဘးလ္က ဖြင့္ဟသြားခဲ့တာပါ။