မီလ်နာရဲ့ကြံ့ခိုင်မှုအဆင့်ကို ဂျာဂင်ကလော့ပ်တောင် ပါးစပ်အဟောင်းသားဖြစ်ခဲ့ရ

ရာသီကြိုကာလရောက်တိုင်း စစ်ဆေးလေ့ရှိတဲ့ လီဗာပူးလ်ရဲ့ Lactate Test က အရမ်းနာမည်ကြီးပါတယ်။ သိပ်ကိုခက်ခဲကြမ်းတမ်းပြီး ရက်စက်လွန်းတယ်ဆိုတဲ့ နာမည်ဆိုးနဲ့ပေါ့။

ဒါပေမဲ့ စည်းကမ်းနဲ့ကြံ့ခိုင်မှုပိုင်းမှာ တစ်ပြားသားမှမလျှော့တဲ့ ဂျာမန်သားနည်းပြကြီး ဂျာဂင်ကလော့ပ်ကတော့ ဒီစစ်ဆေးမှုကို နှစ်တိုင်းလုပ်နေဆဲပါပဲ။

ရာသီကြိုအပန်းဖြေခရီးကပြန်လာတဲ့ သူ့ကောင်လေးတွေ ဘယ်လောက်ကျန်နေသလဲဆိုတာ စစ်ဆေးထားရမှာကလည်း သူ့အလုပ်ပဲလေ။ ကစားသမားတွေဟာ ကွင်းကိုပတ်ပြေးရမယ်၊

တစ်ပတ်ပြေးပြီးတိုင်း နောက်တစ်ပတ်မှာ အကွာအဝေးပိုတိုးလာမယ်၊ အဲဒီအချိန်မှာ သွေးဖောက်စစ်တာလည်း ခံရမယ်၊ လက်တစ်လယ်ဗယ် အမြင့်ဆုံးဖြစ်သူကတော့ နောက်ဆုံးကျန်သူပေါ့။

နှစ်စဉ်နှစ်တိုင်း ဒီစစ်ဆေးမှုမှာ ချန်ပီယံဖြစ်ခဲ့သူက မီလ်နာပါ။ အသက် ၃၆ နှစ်အရွယ်ကွင်းလယ်လူဟာ ဒီနှစ်မှာလည်း အနိုင်ရခဲ့ပြန်ပါတယ်။

ဒါက သူ့အတွက် ဒီစစ်ဆေးမှုမှာ ၇ နှစ်ဆက်တိုက် ဗိုလ်စွဲခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကြိုးကြာနီလူငယ်တွေကြားမှာ အသက်အကြီးဆုံးဖြစ်နေပေမယ့်

နွားပျိုသန်လှ နွားအိုပေါင်ကျိုးဆိုတာကို မီလ်နာသက်သေပြနိုင်ခဲ့တာပါ။ ဒါကြောင့်လည်း ဘေးကနေလက်ခုပ်တီးအားပေးနေတဲ့ ဂျာဂင်ကလော့ပ်တောင် ဝိုး .. လို့သာ အော်နိုင်ခဲ့တာနေပါလိမ့်မယ်။

ကြံ့ခိုင်မှုအပေါ် အလေးအနက်ထားတာကြောင့် လေ့ကျင့်ကွင်းမှာ အပြင်းအထန်မောင်းတတ်တဲ့ ဂျာမန်သားကြီး မီလ်နာကို လက်မလွှတ်ချင်ဘဲ တစ်နှစ်သက်တမ်းတိုးခဲ့တာ ဒါလည်းပါလိမ့်မယ်လို့ ဆိုနိုင်ပါတယ်။

(zawgyi)

ရာသီႀကိဳကာလေရာက္တိုင္း စစ္ေဆးေလ့ရွိတဲ့ လီဗာပူးလ္ရဲ႕ Lactate Test က အရမ္းနာမည္ႀကီးပါတယ္။ သိပ္ကိုခက္ခဲၾကမ္းတမ္းၿပီး ရက္စက္လြန္းတယ္ဆိုတဲ့ နာမည္ဆိုးနဲ႔ေပါ့။

ဒါေပမဲ့ စည္းကမ္းနဲ႔ႀကံ့ခိုင္မႈပိုင္းမွာ တစ္ျပားသားမွမေလွ်ာ့တဲ့ ဂ်ာမန္သားနည္းျပႀကီး ဂ်ာဂင္ကေလာ့ပ္ကေတာ့ ဒီစစ္ေဆးမႈကို ႏွစ္တိုင္းလုပ္ေနဆဲပါပဲ။ ရာသီႀကိဳအပန္းေျဖခရီးကျပန္လာတဲ့ သူ႔ေကာင္ေလးေတြ

ဘယ္ေလာက္က်န္ေနသလဲဆိုတာ စစ္ေဆးထားရမွာကလည္း သူ႔အလုပ္ပဲေလ။ ကစားသမားေတြဟာ ကြင္းကိုပတ္ေျပးရမယ္၊ တစ္ပတ္ေျပးၿပီးတိုင္း ေနာက္တစ္ပတ္မွာ အကြာအေဝးပိုတိုးလာမယ္၊

အဲဒီအခ်ိန္မွာ ေသြးေဖာက္စစ္တာလည္း ခံရမယ္၊ လက္တစ္လယ္ဗယ္ အျမင့္ဆုံးျဖစ္သူကေတာ့ ေနာက္ဆုံးက်န္သူေပါ့။ ႏွစ္စဥ္ႏွစ္တိုင္း ဒီစစ္ေဆးမႈမွာ ခ်န္ပီယံျဖစ္ခဲ့သူက မီလ္နာပါ။

အသက္ ၃၆ ႏွစ္အ႐ြယ္ကြင္းလယ္လူဟာ ဒီႏွစ္မွာလည္း အႏိုင္ရခဲ့ျပန္ပါတယ္။ ဒါက သူ႔အတြက္ ဒီစစ္ေဆးမႈမွာ ၇ ႏွစ္ဆက္တိုက္ ဗိုလ္စြဲျခင္းျဖစ္ပါတယ္။

တစ္နည္းအားျဖင့္ ႀကိဳးၾကာနီလူငယ္ေတြၾကားမွာ အသက္အႀကီးဆုံးျဖစ္ေနေပမယ့္ ႏြားပ်ိဳသန္လွ ႏြားအိုေပါင္က်ိဳးဆိုတာကို မီလ္နာသက္ေသျပႏိုင္ခဲ့တာပါ။

ဒါေၾကာင့္လည္း ေဘးကေနလက္ခုပ္တီးအားေပးေနတဲ့ ဂ်ာဂင္ကေလာ့ပ္ေတာင္ ဝိုး .. လို႔သာ ေအာ္ႏိုင္ခဲ့တာေနပါလိမ့္မယ္။ ႀကံ့ခိုင္မႈအေပၚ အေလးအနက္ထားတာေၾကာင့္

ေလ့က်င့္ကြင္းမွာ အျပင္းအထန္ေမာင္းတတ္တဲ့ ဂ်ာမန္သားႀကီး မီလ္နာကို လက္မလႊတ္ခ်င္ဘဲ တစ္ႏွစ္သက္တမ္းတိုးခဲ့တာ ဒါလည္းပါလိမ့္မယ္လို႔ ဆိုႏိုင္ပါတယ္။