မီဒီယာတွေဟာ သူ့အကြောင်းတွေကို လိမ်လည်ဖေါ်ပြနေကြတာလို့ ရော်နယ်ဒို စွပ်စွဲ

မီဒီယာတွေ လိမ်နေကြတာဖြစ်ပြီး မကြာခင်မှာ သူ့အခြေအနေမှန်ကို ထုတ်ဖေါ်တော့မှာဖြစ်တယ်လို့ ရော်နယ်ဒိုက တွစ်တာမှာ ရေးသားလိုက်ပါတယ်။ တစ်နည်းအားဖြင့် သူနဲ့ပတ်သက်ရင်

ကောလာဟလနဲ့ မမှန်သတင်းတွေသာ အများဆုံးဖြန့်ဝေနေတယ်လို့ မီဒီယာတွေကို စွပ်စွဲလိုက်တာပါ။ အားလုံးသိတဲ့အတိုင်း ပေါ်တူဂီကြယ်ပွင့်ရဲ့ မန်ယူကစားသမားဘဝအနာဂတ်ဟာ ဆုပ်လည်းစူးစားလည်းရူးမယ့်

အခြေအနေဖြစ်နေပါတယ်။ ချန်ပီယံလိဂ်ကစားချင်တာကြောင့် အသင်းကနေထွက်ချင်နေပေမယ့် မန်ယူက ခွင့်မပြုတာကြောင့် နှစ်ဖက်လုံးနစ်နာမှုနဲ့သာ ရင်ဆိုင်နေရတာပါ။ အင်စတာဂရမ်မှာ ပရိသတ်တစ်ယောက်က

သူ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းမှုကိုတော့ ရော်နယ်ဒိုက “ နှစ်ပတ်လောက် အင်တာဗျူးပြီးချိန်မှာ သူတို့ အမှန်ကိုသိပါတယ်။ မီဒီယာတွေက လိမ်နေတာပါ။ ကျွန်တော့်မှာ မှတ်စုစာအုပ်တစ်အုပ်ရှိပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ်မှာဖေါ်ပြခဲ့တဲ့ ကျွန်တော့်သတင်း ၁၀၀ မှာ ၅ ခုပဲ မှန်ပါတယ်။ ဘယ်လိုတောင်လဲဆိုတာ စဉ်းစားသာကြည့်ပါတော့။ အဲဒီ အစွန်အဖျားလေးသာ ယူလိုက်ပါ ” လို့ တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

နောက်ဆုံးထွက်ပေါ်နေတဲ့ သတင်းတွေအရ မန်ယူကလည်း အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးကို ထွက်ခွာခွင့်ပေးတော့မယ်လို့ သိရပါတယ်။ ဒါဟာ နည်းပြသစ်တန်းဟတ်နဲ့ အဆင်မပြေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ရော်နယ်ဒိုဟာ ခြေစမ်းပွဲတွေမှာ လာရောက်မပူးပေါင်းတာကြောင့် တန်းဟတ်က ပွဲထွက်ခွင့်မပေးသလို ပေါ်တူဂီသားကလည်း နယ်သာလန်သားနည်းပြရဲ့နည်းစနစ်ဗျူဟာတွေအပေါ် စောဒကတက်တဲ့မြင်ကွင်းမျိုးတွေ

ရှိခဲ့ပါတယ်။ ဒါ့အပြင် သရဲနီပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေပါ ခံလာရတာကြောင့် အိုးလ်ထရက်ဖို့ဒ်ကနေ အမြန်ဆုံးထွက်ခွာလိမ့်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။

(zawgyi)

မီဒီယာေတြ လိမ္ေနၾကတာျဖစ္ၿပီး မၾကာခင္မွာ သူ႔အေျခအေနမွန္ကို ထုတ္ေဖၚေတာ့မွာျဖစ္တယ္လို႔ ေရာ္နယ္ဒိုက တြစ္တာမွာ ေရးသားလိုက္ပါတယ္။ တစ္နည္းအားျဖင့္ သူနဲ႔ပတ္သက္ရင္ ေကာလာဟလနဲ႔ မမွန္သတင္းေတြသာ

အမ်ားဆုံးျဖန႔္ေဝေနတယ္လို႔ မီဒီယာေတြကို စြပ္စြဲလိုက္တာပါ။ အားလုံးသိတဲ့အတိုင္း ေပၚတူဂီၾကယ္ပြင့္ရဲ႕ မန္ယူကစားသမားဘဝအနာဂတ္ဟာ ဆုပ္လည္းစူးစားလည္း႐ူးမယ့္ အေျခအေနျဖစ္ေနပါတယ္။ ခ်န္ပီယံလိဂ္ကစားခ်င္တာေၾကာင့္

အသင္းကေနထြက္ခ်င္ေနေပမယ့္ မန္ယူက ခြင့္မျပဳတာေၾကာင့္ ႏွစ္ဖက္လုံးနစ္နာမႈနဲ႔သာ ရင္ဆိုင္ေနရတာပါ။ အင္စတာဂရမ္မွာ ပရိသတ္တစ္ေယာက္က သူ႔အနာဂတ္နဲ႔ပတ္သက္ၿပီး ေမးျမန္းမႈကိုေတာ့ ေရာ္နယ္ဒိုက “ ႏွစ္ပတ္ေလာက္ အင္တာဗ်ဴးၿပီးခ်ိန္မွာ

သူတို႔ အမွန္ကိုသိပါတယ္။ မီဒီယာေတြက လိမ္ေနတာပါ။ ကြၽန္ေတာ့္မွာ မွတ္စုစာအုပ္တစ္အုပ္ရွိပါတယ္။ ၿပီးခဲ့တဲ့ လအနည္းငယ္မွာေဖၚျပခဲ့တဲ့ ကြၽန္ေတာ့္သတင္း ၁၀၀ မွာ ၅ ခုပဲ မွန္ပါတယ္။ ဘယ္လိုေတာင္လဲဆိုတာ စဥ္းစားသာၾကည့္ပါေတာ့။

အဲဒီ အစြန္အဖ်ားေလးသာ ယူလိုက္ပါ ” လို႔ တုံ႔ျပန္လိုက္တာျဖစ္ပါတယ္။ ေနာက္ဆုံးထြက္ေပၚေနတဲ့ သတင္းေတြအရ မန္ယူကလည္း အသက္ ၃၇ ႏွစ္အ႐ြယ္တိုက္စစ္မႉးကို ထြက္ခြာခြင့္ေပးေတာ့မယ္လို႔ သိရပါတယ္။ ဒါဟာ နည္းျပသစ္တန္းဟတ္နဲ႔

အဆင္မေျပတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ေရာ္နယ္ဒိုဟာ ေျခစမ္းပြဲေတြမွာ လာေရာက္မပူးေပါင္းတာေၾကာင့္ တန္းဟတ္က ပြဲထြက္ခြင့္မေပးသလို ေပၚတူဂီသားကလည္း နယ္သာလန္သားနည္းျပရဲ႕နည္းစနစ္ဗ်ဴဟ

ာေတြအေပၚ ေစာဒကတက္တဲ့ျမင္ကြင္းမ်ိဳးေတြ ရွိခဲ့ပါတယ္။ ဒါ့အျပင္ သရဲနီပရိသတ္ေတြရဲ႕ေလွာင္ေျပာင္မႈေတြပါ ခံလာရတာေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္ကေန အျမန္ဆုံးထြက္ခြာလိမ့္မယ္ဆိုတဲ့သတင္းေတြ ထြက္ေပၚေနခဲ့တာပါ။