မီဒီယာတွေဖွခဲ့ကြတာပါလို့ ဆာလက်နဲ့ဆက်ဆံရေးအကြောင်း မာနေး ဖြေရှင်း

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးသစ်မာနေးက အသင်းဖော်ဟောင်းဆာလက်နဲ့ သူ့ကြားကဆက်ဆံရေးအမှန်ကို အာဖရိကတစ်နှစ်တာအကောင်းဆုံးဆု ရယူအပြီးမှာ ရှင်းပြသွားခဲ့ပါတယ်။

တနည်းအားဖြင့် လီဗာပူးလ်မှာ သူတို့နှစ်ယောက်ဟာ ပြိုင်ဘက်တွေလို သဘောထားကွဲလွဲခဲ့ကြတယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်သွားခဲ့တာပါ။

“ ကျွန်တော်နဲ့ဆာလက်ဟာ ရန်သူတွေလို ပြိုင်ဆိုင်ခဲ့ကြတယ်လို့ လူတွေကပြောခဲ့ကြပါတယ်။ အမှန်အတိုင်းပြောရရင်တော့ ဘယ်သူ့ကိုမှ ပြိုင်ဘက်လို့ ကျွန်တော်သဘောမထားပါဘူး။

ကျွန်တော်တို့နှစ်ယောက်ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိသလို အခုအချိန်ထိလည်း အဆက်အသွယ်ရှိနေဆဲပါ။ မီဒီယာတွေက ကျွန်တော်တို့အကြောင်းကို

လိုတာထက်ပိုပြီး တမင်ဖွခဲ့ကြတာပါ ” လို့ Goal အားကစားဝက်ဘ်ဆိုက်ကို မာနေးက ဖွင့်ဟသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြား အခုလိုအသံထွက်ခဲ့ရတဲ့အကြောင်းရင်းတွေထဲမှာ

၂၀၁၉ သြဂုတ်လတုန်းက ဘန်လေနဲ့ပွဲဟာ ထင်ရှားခဲ့ပါတယ်။ လီဗာပူးလ်က ၃ ဂိုးပြတ်အနိုင်ရခဲ့တဲ့ အဲဒီပွဲမှာ အီဂျစ်တိုက်စစ်မှူးဟာ လူကပ်မခံထားရတဲ့မာနေးကို

ဘောလုံးမပေးဘဲ ကိုယ်တိုင်ကန်သွင်းခဲ့ပါတယ်။ ဒါကြောင့် ဆီနီဂေါတိုက်စစ်မှူး ဒေါသအိုးကွဲသွားခဲ့ပြီး သူ လူစားလဲခံရတဲ့နောက် ဆာလက်ကိုအော်ဟစ်နေခဲ့တာကြောင့်

ဂျာဂင်ကလော့ပ်ကိုယ်တိုင် ဖျောင်းဖျခဲ့ရပါတယ်။ အခုတော့ မာနေးဟာ ၈ နှစ်ကြာကျင်လည်ခဲ့တဲ့ အန်ဖီးလ်ကိုစွန့်ခွာပြီး ဘိုင်ယန်မြူးနစ်ကို ပေါင် ၃၅ သန်းနဲ့ပြောင်းရွှေ့ခဲ့တာပါ။

(zawgyi)

ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးသစ္မာေနးက အသင္းေဖာ္ေဟာင္းဆာလက္နဲ႔ သူ႔ၾကားကဆက္ဆံေရးအမွန္ကို အာဖရိကတစ္ႏွစ္တာအေကာင္းဆုံးဆု ရယူအၿပီးမွာ ရွင္းျပသြားခဲ့ပါတယ္။

တနည္းအားျဖင့္ လီဗာပူးလ္မွာ သူတို႔ႏွစ္ေယာက္ဟာ ၿပိဳင္ဘက္ေတြလို သေဘာထားကြဲလြဲခဲ့ၾကတယ္ဆိုတဲ့သတင္းေတြကို ျငင္းဆန္သြားခဲ့တာပါ။ “ ကြၽန္ေတာ္နဲ႔ဆာလက္ဟာ

ရန္သူေတြလို ၿပိဳင္ဆိုင္ခဲ့ၾကတယ္လို႔ လူေတြကေျပာခဲ့ၾကပါတယ္။ အမွန္အတိုင္းေျပာရရင္ေတာ့ ဘယ္သူ႔ကိုမွ ၿပိဳင္ဘက္လို႔ ကြၽန္ေတာ္သေဘာမထားပါဘူး။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ၾကားမွာ

ေကာင္းမြန္တဲ့ဆက္ဆံေရးရွိသလို အခုအခ်ိန္ထိလည္း အဆက္အသြယ္ရွိေနဆဲပါ။ မီဒီယာေတြက ကြၽန္ေတာ္တို႔အေၾကာင္းကို လိုတာထက္ပိုၿပီး တမင္ဖြခဲ့ၾကတာပါ ” လို႔ Goal အားကစားဝက္ဘ္ဆိုက္ကို

မာေနးက ဖြင့္ဟသြားခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ၾကား အခုလိုအသံထြက္ခဲ့ရတဲ့အေၾကာင္းရင္းေတြထဲမွာ ၂၀၁၉ ၾသဂုတ္လတုန္းက ဘန္ေလနဲ႔ပြဲဟာ ထင္ရွားခဲ့ပါတယ္။

လီဗာပူးလ္က ၃ ဂိုးျပတ္အႏိုင္ရခဲ့တဲ့ အဲဒီပြဲမွာ အီဂ်စ္တိုက္စစ္မႉးဟာ လူကပ္မခံထားရတဲ့မာေနးကို ေဘာလုံးမေပးဘဲ ကိုယ္တိုင္ကန္သြင္းခဲ့ပါတယ္။ ဒါေၾကာင့္ ဆီနီေဂါတိုက္စစ္မႉး ေဒါသအိုးကြဲသြားခဲ့ၿပီး

သူ လူစားလဲခံရတဲ့ေနာက္ ဆာလက္ကိုေအာ္ဟစ္ေနခဲ့တာေၾကာင့္ ဂ်ာဂင္ကေလာ့ပ္ကိုယ္တိုင္ ေဖ်ာင္းဖ်ခဲ့ရပါတယ္။ အခုေတာ့ မာေနးဟာ ၈ ႏွစ္ၾကာက်င္လည္ခဲ့တဲ့ အန္ဖီးလ္ကိုစြန႔္ခြာၿပီး ဘိုင္ယန္ျမဴးနစ္ကို ေပါင္ ၃၅ သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့တာပါ။