မိုးရေစက်တွေ ပက်ဖျန်းရုံလောက်နဲ့တော့ တူချယ်ရဲ့ ရင်ထဲက အပူမီးကို ငြိမ်းအေးမှု မပေးနိုင်ခဲ့ဘူး

ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီဖြစ်တဲ့ နည်းပြတူချယ်ရဲ့ရင်ထဲမှာ ဘယ်လောက်အထိ ပူလောင်ခံစားနေရမလဲဆိုတာကို ဘယ်သူကများ တပ်အပ်သိ နိုင်မှာတဲ့လဲ။ လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းသားတွေကတော့ သူတို့လုပ်စရာရှိတဲ့ အလုပ်ကို ဆက်လုပ်နေကြပြီး

ပုံမှန်အတိုင်းပဲ လေ့ကျင့်နေကြပြီဖြစ်ပါတယ်။ ဒါပေမဲ့ အသက် ၄၉ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ တူချယ်ကတော့ သူ့ရဲ့ လုပ်ရိုးလုပ်စဉ် ချဲလ်ဆီးနည်းပြအလုပ်တွေကို လုပ်ခွင့် မရတော့တာကြောင် ယောင်ချာချာဖြစ်နေတယ်လို့ ဆိုရလေမလားပါပဲ။

နောက်ပြီး စိတ်နဲ့ ကိုယ်နဲ့ရော ကပ်ရဲ့လားဆိုတာလည်း မေးခွန်းထုတ်ရမလို ဖြစ်နေပါပြီ။ တူချယ်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဆိုးရွားတဲ့ ရာသီဥတု မျိုးမှာတောင် လမ်းလျှောက်ထွက်လာခဲ့တယ်။ ရာထူးက ဖယ်ရှားခံလိုက်ရတဲ့ အတွက်

လျော်ကြေးအဖြစ် ပေါင် ၁၃ သန်း ရရှိမယ့် တူချယ်ဟာ အနက် ရောင် ဂျာကင်ကို ဝတ်ထားပြီး အဖြူရောင် Nike လည်တံရှည် ခြေအိတ်ကို ခြေသလုံးမြုပ်အောင် ဆွဲဆန့်ထားတဲ့ စတိုင်လ်နဲ့ လမ်းလျှောက်ထွက်ခဲ့ပါ တယ်။ မသိရင် Nike ကုမ္ပဏီကနေ စပွန်ဆာရယူထားတဲ့

 

အပြေးလေ့ကျင့် ရေးနည်းပြတစ်ယောက်လိုမျိုးတောင် ထင်ခဲ့ရတာပါ။ နည်းပြသစ် ခန့်အပ် ဖို့အတွက် ချဲလ်ဆီးဟာ ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာနဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပြီဆိုတဲ့သတင်းကိုလည်း သူ ကြားပြီး လောက်ပြီ ထင်ပါတယ်။

ဒါကြောင့် တူချယ်ရဲ့ မျက်နှာဟာ အေးမြတဲ့ မိုးရေစက်တွေ လာစင် နေတာတောင်မှ လန်းဆန်းမနေသလို လတ်ဆတ်မှုလည်း မရှိခဲ့ပါဘူး။ သူ တကယ် မြတ်နိုးတဲ့အသင်း၊ သူတကယ် တန်ဖိုးထားခဲ့တဲ့အသင်းဟာ မပြော ပလောက်တဲ့ အမှားလေးတွေကြောင့် သူ့ကို နေရာမပေးတော့ဘူး။

နည်းပြ တစ်ယောက်အပေါ် ဆိုးကွက် ကိုပဲ ရှုမြင်တတ်တဲ့ အသင်းပိုင်ရှင်တချို့ရဲ့ ရူးရူးမိုက်မိုက် ဆုံးဖြတ်ချက်တွေထဲမှာ တူချယ်ရဲ့ အနာဂတ်လည်း ကြေမွ သွားခဲ့ရတယ်။ ဒါကြောင့်လည်း တူချယ်ကို ဆုံးရှုံးခဲ့ရတဲ့ ချဲလ်ဆီးဟာ ဒီရာသီ မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၄ အတွင်း ဝင်ဖို့တောင်

ကြိုး စားရုန်းကန်ရတော့မှာ ဖြစ်တယ်လို့ သုံးသပ်သူတွေလည်း ရှိခဲ့ပြီးဖြစ်ပါတယ်။ ရင်ထဲက သောကမီး တောက်လောက်မှုဟာ မျက်နှာမှာ အတိုင်းသား ပေါ်လွင်နေတဲ့ တူချယ်အတွက် အေးမြတဲ့ မိုးရေစက်တွေတောင် သူ့ရင်ထဲက အပူမီးကို ငြိမ်းအေးမှု မပေးနိုင်ခဲ့တာတော့ အမှန်ပါပဲ။

(zawgyi)

ရာထူးကေန ဖယ္ရွားခံလိုက္ရၿပီျဖစ္တဲ့ နည္းျပတူခ်ယ္ရဲ႕ရင္ထဲမွာ ဘယ္ေလာက္အထိ ပူေလာင္ခံစားေနရမလဲဆိုတာကို ဘယ္သူကမ်ား တပ္အပ္သိ ႏိုင္မွာတဲ့လဲ။ လက္ရွိအခ်ိန္မွာ ခ်ဲလ္ဆီးအသင္းသားေတြကေတာ့ သူတို႔လုပ္စရာရွိတဲ့ အလုပ္ကို ဆက္လုပ္ေနၾကၿပီး ပုံမွန္အတိုင္းပဲ ေလ့က်င့္ေနၾကၿပီျဖစ္ပါတယ္။

ဒါေပမဲ့ အသက္ ၄၉ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ တူခ်ယ္ကေတာ့ သူ႔ရဲ႕ လုပ္႐ိုးလုပ္စဥ္ ခ်ဲလ္ဆီးနည္းျပအလုပ္ေတြကို လုပ္ခြင့္ မရေတာ့တာေၾကာင္ ေယာင္ခ်ာခ်ာျဖစ္ေနတယ္လို႔ ဆိုရေလမလားပါပဲ။ ေနာက္ၿပီး စိတ္နဲ႔ ကိုယ္နဲ႔ေရာ ကပ္ရဲ႕လားဆိုတာလည္း ေမးခြန္းထုတ္ရမလို ျဖစ္ေနပါၿပီ။

တူခ်ယ္ဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ဆိုး႐ြားတဲ့ ရာသီဥတု မ်ိဳးမွာေတာင္ လမ္းေလွ်ာက္ထြက္လာခဲ့တယ္။ ရာထူးက ဖယ္ရွားခံလိုက္ရတဲ့ အတြက္ ေလ်ာ္ေၾကးအျဖစ္ ေပါင္ ၁၃ သန္း ရရွိမယ့္ တူခ်ယ္ဟာ အနက္ ေရာင္ ဂ်ာကင္ကို ဝတ္ထားၿပီး အျဖဴေရာင္ Nike လည္တံရွည္

ေျခအိတ္ကို ေျခသလုံးျမဳပ္ေအာင္ ဆြဲဆန႔္ထားတဲ့ စတိုင္လ္နဲ႔ လမ္းေလွ်ာက္ထြက္ခဲ့ပါ တယ္။ မသိရင္ Nike ကုမၸဏီကေန စပြန္ဆာရယူထားတဲ့ အေျပးေလ့က်င့္ ေရးနည္းျပတစ္ေယာက္လိုမ်ိဳးေတာင္ ထင္ခဲ့ရတာပါ။ နည္းျပသစ္ ခန႔္အပ္ ဖို႔အတြက္ ခ်ဲလ္ဆီးဟာ

ဘ႐ိုက္တန္နည္းျပ ဂေရဟမ္ေပၚတာနဲ႔ ႏႈတ္အားျဖင့္ သေဘာတူညီမႈ ရခဲ့ၿပီဆိုတဲ့သတင္းကိုလည္း သူ ၾကားၿပီး ေလာက္ၿပီ ထင္ပါတယ္။ ဒါေၾကာင့္ တူခ်ယ္ရဲ႕ မ်က္ႏွာဟာ ေအးျမတဲ့ မိုးေရစက္ေတြ လာစင္ ေနတာေတာင္မွ လန္းဆန္းမေနသလို

လတ္ဆတ္မႈလည္း မရွိခဲ့ပါဘူး။ သူ တကယ္ ျမတ္ႏိုးတဲ့အသင္း၊ သူတကယ္ တန္ဖိုးထားခဲ့တဲ့အသင္းဟာ မေျပာ ပေလာက္တဲ့ အမွားေလးေတြေၾကာင့္ သူ႔ကို ေနရာမေပးေတာ့ဘူး။ နည္းျပ တစ္ေယာက္အေပၚ ဆိုးကြက္ ကိုပဲ ရႈျမင္တတ္တဲ့

အသင္းပိုင္ရွင္တခ်ိဳ႕ရဲ႕ ႐ူး႐ူးမိုက္မိုက္ ဆုံးျဖတ္ခ်က္ေတြထဲမွာ တူခ်ယ္ရဲ႕ အနာဂတ္လည္း ေၾကမြ သြားခဲ့ရတယ္။ ဒါေၾကာင့္လည္း တူခ်ယ္ကို ဆုံးရႈံးခဲ့ရတဲ့ ခ်ဲလ္ဆီးဟာ ဒီရာသီ မွာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၄ အတြင္း ဝင္ဖို႔ေတာင္

ႀကိဳး စား႐ုန္းကန္ရေတာ့မွာ ျဖစ္တယ္လို႔ သုံးသပ္သူေတြလည္း ရွိခဲ့ၿပီးျဖစ္ပါတယ္။ ရင္ထဲက ေသာကမီး ေတာက္ေလာက္မႈဟာ မ်က္ႏွာမွာ အတိုင္းသား ေပၚလြင္ေနတဲ့ တူခ်ယ္အတြက္ ေအးျမတဲ့ မိုးေရစက္ေတြေတာင္ သူ႔ရင္ထဲက အပူမီးကို ၿငိမ္းေအးမႈ မေပးႏိုင္ခဲ့တာေတာ့ အမွန္ပါပဲ။