မိသားစုကို ယူကရိန်း ကျူးကျော်စစ်အတွင်းကို ပို့လိုက်သလိုဖြစ်ခဲ့လို့ ရူးမတတ်ခံစားခဲ့ရတဲ့ ယာမိုလန်ကို

ဝက်စ်ဟမ်းအသင်းတိုက်စစ်မှူးယာမိုလန်ကိုဟာ ယူကရိန်းနိုင်ငံမှာ

ကျူးကျော်စစ်ပွဲဖြစ်ဖို့ တစ်ရက်အလိုမှ မိသားစုက ယူကရိန်းကိုပြန်သွားတဲ့အတွက်

ဘယ်လောက်အထိစိုးရိမ်ခဲ့ရလဲဆိုတာကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံမှာ စစ်ပွဲက ဖေဖော်ဝါရီ(၂၄)ရက်မှာ စတင်ခဲ့တာဖြစ်ပြီး

အဲဒီမတိုင်ခင်တစ်ရက်အလိုမှာ ယာမိုလန်ကိုရဲ့ကလေးတစ်ဦးဟာ ကိဗ်မှာရှိတဲ့

ဆရာဝန်နဲ့စမ်းသပ်ဆေးကုသဖို့အတွက် ရက်ချိန်းယူထားတာကြောင့် ဇနီးသည်ဖြစ်သူ

အင်နာဟာ သူမကလေးကိုခေါ်ပြီးတော့ ကိဗ်မြို့ကိုသွားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမဲ့ အင်နာတို့ရောက်ပြီး နောက်ရက်မှာပဲ ယူကရိန်းမှာ စစ်ပွဲတွေစတင်ခဲ့တာကြောင့်

ယာမိုလန်ကိုတစ်ယောက် သူ့မိသားစုအတွက် စိုးရိမ်တကြီးဖြစ်ခဲ့ရသလို

ဘာလုပ်လို့လုပ်ရမှန်းမသိအောင် အရူးတစ်ပိုင်းဖြစ်ခဲ့ရပါတယ်။

အဲဒါနဲ့ပတ်သက်လို့ ယာမိုလန်ကိုက “ဖေဖော်ဝါရီ(၂၄)ရက်မှာ စစ်ပွဲတွေစတင်တော့

အသင်းလေ့ကျင့်ရေးကွင်းရောက်တဲ့အချိန်မှာ ကျွန်တော်စကားမပြောနိုင်အောင်

ဖြစ်ခဲ့ရပါတယ်။ ဝမ်းနည်းတကြီးနဲ့ငိုကြွေးခဲ့ပြီး အိမ်ပြန်ခွင့်ပေးဖို့ နည်းပြဆီတောင်းဆိုခဲ့ပေမယ့်

ရှေ့ဆက်ဘာလုပ်လို့လုပ်ရမှန်း ကျွန်တော်မသိပါဘူး။

ဒီလိုဖြစ်လာလိမ့်မယ်လို့လည်း မထင်ထားဘူးလေ။

ကျွန်တော့်ကလေးတစ်ယောက်က ဆရာဝန်နဲ့စမ်းသပ်စစ်ဆေးဖို့

ရက်ချိန်ယူထားတဲ့အတွက် ကျွန်တော့်မိန်းမနဲ့ကလေးကို ကိဗ်မြို့ဆီစေလွှတ်ခဲ့ရပြီး

နောက်နေ့မှာ ဒီလိုအဖြစ်ဆိုးကြီးပေါ်ပေါက်လာတဲ့အတွက် ကျွန်တော်

ဘယ်လောက်အထိ တုန်လှုပ်ရလဲဆိုတာ ပြောမပြတတ်အောင်ပါပဲ။

လမ်းပေါ်ကို ပြေးထွက်ပြီး အုတ်နံရံနဲ့ခေါင်းကိုပြေးဆောင့်ချင်တဲ့အထိဖြစ်ခဲ့ရပါတယ်။

ကိဗ်မြို့ဆီ ကျွန်တော့်မိသားစုကို စေလွှတ်ခဲ့တဲ့လုပ်ရပ်က ဘယ်လောက်တောင်

ရူးမိုက်တဲ့လုပ်ရပ်လဲဆိုတာ ပြောဖို့စကားမရှိတော့ပါဘူး”လို့ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ကံကောင်းတာက အင်နာနဲ့သူမသားဖြစ်သူတို့ ဘာမှထိခိုက်မှုမရှိဘဲ ယာမိုလန်ကိုဟာ

အခုလအစောပိုင်းက ယူကရိန်းရဲ့အိမ်နီးချင်းဖြစ်တဲ့ ပိုလန်နိုင်ငံထဲကနေ

သူ့မိသားစုကို သွားရောက်ခေါ်ယူခဲ့ရပါတယ်။

zawgyi

မိသားစုကို ယူကရိန္း က်ဴးေက်ာ္စစ္အတြင္းကို ပို႔လိုက္သလိုျဖစ္ခဲ့လို႔ ႐ူးမတတ္ခံစားခဲ့ရတဲ့ ယာမိုလန္ကို

ဝက္စ္ဟမ္းအသင္းတိုက္စစ္မႉးယာမိုလန္ကိုဟာ ယူကရိန္းႏိုင္ငံမွာ

က်ဴးေက်ာ္စစ္ပြဲျဖစ္ဖို႔ တစ္ရက္အလိုမွ မိသားစုက ယူကရိန္းကိုျပန္သြားတဲ့အတြက္

ဘယ္ေလာက္အထိစိုးရိမ္ခဲ့ရလဲဆိုတာကို ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

ယူကရိန္းႏိုင္ငံမွာ စစ္ပြဲက ေဖေဖာ္ဝါရီ(၂၄)ရက္မွာ စတင္ခဲ့တာျဖစ္ၿပီး

အဲဒီမတိုင္ခင္တစ္ရက္အလိုမွာ ယာမိုလန္ကိုရဲ႕ကေလးတစ္ဦးဟာ ကိဗ္မွာရွိတဲ့

ဆရာဝန္နဲ႔စမ္းသပ္ေဆးကုသဖို႔အတြက္ ရက္ခ်ိန္းယူထားတာေၾကာင့္ ဇနီးသည္ျဖစ္သူ

အင္နာဟာ သူမကေလးကိုေခၚၿပီးေတာ့ ကိဗ္ၿမိဳ႕ကိုသြားခဲ့ရတာျဖစ္ပါတယ္။

ဒါေပမဲ့ အင္နာတို႔ေရာက္ၿပီး ေနာက္ရက္မွာပဲ ယူကရိန္းမွာ စစ္ပြဲေတြစတင္ခဲ့တာေၾကာင့္

ယာမိုလန္ကိုတစ္ေယာက္ သူ႔မိသားစုအတြက္ စိုးရိမ္တႀကီးျဖစ္ခဲ့ရသလို

ဘာလုပ္လို႔လုပ္ရမွန္းမသိေအာင္ အ႐ူးတစ္ပိုင္းျဖစ္ခဲ့ရပါတယ္။

အဲဒါနဲ႔ပတ္သက္လို႔ ယာမိုလန္ကိုက “ေဖေဖာ္ဝါရီ(၂၄)ရက္မွာ စစ္ပြဲေတြစတင္ေတာ့

အသင္းေလ့က်င့္ေရးကြင္းေရာက္တဲ့အခ်ိန္မွာ ကြၽန္ေတာ္စကားမေျပာႏိုင္ေအာင္

ျဖစ္ခဲ့ရပါတယ္။ ဝမ္းနည္းတႀကီးနဲ႔ငိုေႂကြးခဲ့ၿပီး အိမ္ျပန္ခြင့္ေပးဖို႔ နည္းျပဆီေတာင္းဆိုခဲ့ေပမယ့္

ေရွ႕ဆက္ဘာလုပ္လို႔လုပ္ရမွန္း ကြၽန္ေတာ္မသိပါဘူး။

ဒီလိုျဖစ္လာလိမ့္မယ္လို႔လည္း မထင္ထားဘူးေလ။

ကြၽန္ေတာ့္ကေလးတစ္ေယာက္က ဆရာဝန္နဲ႔စမ္းသပ္စစ္ေဆးဖို႔

ရက္ခ်ိန္ယူထားတဲ့အတြက္ ကြၽန္ေတာ့္မိန္းမနဲ႔ကေလးကို ကိဗ္ၿမိဳ႕ဆီေစလႊတ္ခဲ့ရၿပီး

ေနာက္ေန႔မွာ ဒီလိုအျဖစ္ဆိုးႀကီးေပၚေပါက္လာတဲ့အတြက္ ကြၽန္ေတာ္

ဘယ္ေလာက္အထိ တုန္လႈပ္ရလဲဆိုတာ ေျပာမျပတတ္ေအာင္ပါပဲ။

လမ္းေပၚကို ေျပးထြက္ၿပီး အုတ္နံရံနဲ႔ေခါင္းကိုေျပးေဆာင့္ခ်င္တဲ့အထိျဖစ္ခဲ့ရပါတယ္။

ကိဗ္ၿမိဳ႕ဆီ ကြၽန္ေတာ့္မိသားစုကို ေစလႊတ္ခဲ့တဲ့လုပ္ရပ္က ဘယ္ေလာက္ေတာင္

႐ူးမိုက္တဲ့လုပ္ရပ္လဲဆိုတာ ေျပာဖို႔စကားမရွိေတာ့ပါဘူး”လို႔ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

ကံေကာင္းတာက အင္နာနဲ႔သူမသားျဖစ္သူတို႔ ဘာမွထိခိုက္မႈမရွိဘဲ ယာမိုလန္ကိုဟာ

အခုလအေစာပိုင္းက ယူကရိန္းရဲ႕အိမ္နီးခ်င္းျဖစ္တဲ့ ပိုလန္ႏိုင္ငံထဲကေန

သူ႔မိသားစုကို သြားေရာက္ေခၚယူခဲ့ရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*