မိတ်ဆွေကြီး ရော်နယ်ဒိုကို ယူနိုက်တက်မှာ ထပ်တွေ့ရဖို့မလွယ်တော့ပါဘူးဆိုတဲ့ ပီးယာ့စ်မော်ဂန်

The Sun သတင်းစာရဲ့ပင်တိုင်ဆောင်းပါးရှင်တစ်ဦးဖြစ်တဲ့ ပီးယာ့စ်မော်ဂန်က မန်ယူအသင်းမှာ ခရစ္စတီယာနိုရော်နယ်ဒိုကို ထပ်ပြီးမြင်တွေ့ရဖို့ မလွယ်တော့ဘူးလို့ ခန့်မှန်းလိုက်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုဟာ အစောပိုင်းကတည်းက အသင်းဖော်တွေရဲ့ စွမ်းဆောင်မှုတွေအပေါ် သဘောမကျဘူးလို့ ပြောခဲ့ဖူးသလို အခု ထိုင်းနဲ့ သြစတြေးလျကိုသွားတဲ့ ရာသီကြိုခြေစမ်းပွဲတွေကိုလည်း

မိသားစုအရေး အကြောင်းပြချက်နဲ့ လိုက်ပါခြင်း မရှိခဲ့ပါဘူး။ မန်ယူနည်းပြသစ် အဲရစ်တန်းဟတ်က ရော်နယ်ဒိုဟာ လာမယ့်ရာသီအတွက် သူ့စီမံကိန်းထဲမှာ ပါဝင်နေတုန်းပဲလို့ ပြောထားပေမယ့် CR 7 ရဲ့ မိတ်ဆွေဖြစ်သူ

မော်ဂန်ကတော့ မန်ယူနဲ့ ရော်နယ်ဒိုကို တွဲမြင်ရဖို့ မလွယ်တော့ဘူးလို့ ထုတ်ဖော်ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။ Talk Sports သတင်းဌာနနဲ့ အင်တာဗျူးမှာ မော်ဂန်က “ ပြီးခဲ့တဲ့ တစ်ပတ်တာကာလအတွင်း ဒီကိစ္စနဲ့ပတ်သက်ပြီး

ကျွန်တော် နှုတ်ဆိတ်နေခဲ့ပါတယ်။ ဒါပေမဲ့ အခု ကျွန်တော့်အမြင်မှာ ရော်နယ်ဒိုဟာ မန်ယူအတွက် ထပ်ကစားပေးနိုင်ဖွယ်ရှိမယ်လို့ မထင်တော့ဘူး။ မန်ယူနဲ့ပတ်သက်ပြီး သူ စိတ်ကုန်နေတယ်လို့

ကျွန်တော်ထင်တယ်။ ဒါက သူနဲ့ ကျွန်တော် ဆွေးနွေးပြီးမှ ပြောတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အစောကပြောထားသလိုပဲ သူ မန်ယူအတွက် ထပ်ကစားပေးချင်တော့မယ်လို့ ကျွန်တော် မထင်ဘူးဗျ။

အဓိကအချက်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်မရတာပေါ့ဗျာ။ ဒါကလည်း စဉ်းစားကြည့်လေ၊ ခင်ဗျားလည်း သူ့နေရာမှာဆိုရင် အဓိက ဆုဖလားတွေပဲ ရယူချင်မှာပေါ့ ” လို့ ဖြေကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ မန်ယူကနေ ထွက်ခွာဖြစ်ခဲ့ရင် စပိန်ကလပ် အက်သလက်တီကိုအသင်းဆီ ပြောင်းရွှေ့နိုင်ဖွယ်ရှိသူအဖြစ် ရေပန်းစားနေပေမယ့် အာဆင်နယ်အမာခံပရိသတ် ပီးယာ့စ်မော်ဂန်ကတော့ ဂန်းနားအသင်းသားတစ်ဦး ဖြစ်လာနိုင်တယ်လို့

ခန့်မှန်းသွားပါသေးပါတယ်။ အာဆင်နယ်အသင်းမှာ ဂါဘရီရယ်ဂျီဆပ်နဲ့ အန်ကီတီရက်တို့လို တိုက်စစ်မှူးတွေ ရှိနေတာကြောင့် ရော်နယ်ဒိုနဲ့တွဲဖို့ ဘာလို့မဖြစ်နိုင်ရမှာလဲလို့လည်း သူက ဆိုပါတယ်။

(zawgyi)

The Sun သတင္းစာရဲ႕ပင္တိုင္ေဆာင္းပါးရွင္တစ္ဦးျဖစ္တဲ့ ပီးယာ့စ္ေမာ္ဂန္က မန္ယူအသင္းမွာ ခရစၥတီယာႏိုေရာ္နယ္ဒိုကို ထပ္ၿပီးျမင္ေတြ႕ရဖို႔ မလြယ္ေတာ့ဘူးလို႔ ခန႔္မွန္းလိုက္ပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္ ေရာ္နယ္ဒိုဟာ အေစာပိုင္းကတည္းက

အသင္းေဖာ္ေတြရဲ႕ စြမ္းေဆာင္မႈေတြအေပၚ သေဘာမက်ဘူးလို႔ ေျပာခဲ့ဖူးသလို အခု ထိုင္းနဲ႔ ၾသစေၾတးလ်ကိုသြားတဲ့ ရာသီႀကိဳေျခစမ္းပြဲေတြကိုလည္း မိသားစုအေရး အေၾကာင္းျပခ်က္နဲ႔ လိုက္ပါျခင္း မရွိခဲ့ပါဘူး။ မန္ယူနည္းျပသစ္ အဲရစ္တန္းဟတ္က

ေရာ္နယ္ဒိုဟာ လာမယ့္ရာသီအတြက္ သူ႔စီမံကိန္းထဲမွာ ပါဝင္ေနတုန္းပဲလို႔ ေျပာထားေပမယ့္ CR 7 ရဲ႕ မိတ္ေဆြျဖစ္သူ ေမာ္ဂန္ကေတာ့ မန္ယူနဲ႔ ေရာ္နယ္ဒိုကို တြဲျမင္ရဖို႔ မလြယ္ေတာ့ဘူးလို႔ ထုတ္ေဖာ္ဖြင့္ဟလာခဲ့တာျဖစ္ပါတယ္။ Talk Sports သတင္းဌာနနဲ႔

အင္တာဗ်ဴးမွာ ေမာ္ဂန္က “ ၿပီးခဲ့တဲ့ တစ္ပတ္တာကာလအတြင္း ဒီကိစၥနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ ႏႈတ္ဆိတ္ေနခဲ့ပါတယ္။ ဒါေပမဲ့ အခု ကြၽန္ေတာ့္အျမင္မွာ ေရာ္နယ္ဒိုဟာ မန္ယူအတြက္ ထပ္ကစားေပးႏိုင္ဖြယ္ရွိမယ္လို႔ မထင္ေတာ့ဘူး။ မန္ယူနဲ႔ပတ္သက္ၿပီး

သူ စိတ္ကုန္ေနတယ္လို႔ ကြၽန္ေတာ္ထင္တယ္။ ဒါက သူနဲ႔ ကြၽန္ေတာ္ ေဆြးေႏြးၿပီးမွ ေျပာတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ အေစာကေျပာထားသလိုပဲ သူ မန္ယူအတြက္ ထပ္ကစားေပးခ်င္ေတာ့မယ္လို႔ ကြၽန္ေတာ္ မထင္ဘူးဗ်။

အဓိကအခ်က္ကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္မရတာေပါ့ဗ်ာ။ ဒါကလည္း စဥ္းစားၾကည့္ေလ၊ ခင္ဗ်ားလည္း သူ႔ေနရာမွာဆိုရင္ အဓိက ဆုဖလားေတြပဲ ရယူခ်င္မွာေပါ့ ” လို႔ ေျဖၾကားသြားခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ မန္ယူကေန ထြက္ခြာျဖစ္ခဲ့ရင္

စပိန္ကလပ္ အက္သလက္တီကိုအသင္းဆီ ေျပာင္းေ႐ႊ႕ႏိုင္ဖြယ္ရွိသူအျဖစ္ ေရပန္းစားေနေပမယ့္ အာဆင္နယ္အမာခံပရိသတ္ ပီးယာ့စ္ေမာ္ဂန္ကေတာ့ ဂန္းနားအသင္းသားတစ္ဦး ျဖစ္လာႏိုင္တယ္လို႔ ခန႔္မွန္းသြားပါေသးပါတယ္။

အာဆင္နယ္အသင္းမွာ ဂါဘရီရယ္ဂ်ီဆပ္နဲ႔ အန္ကီတီရက္တို႔လို တိုက္စစ္မႉးေတြ ရွိေနတာေၾကာင့္ ေရာ္နယ္ဒိုနဲ႔တြဲဖို႔ ဘာလို႔မျဖစ္ႏိုင္ရမွာလဲလို႔လည္း သူက ဆိုပါတယ္။