မာရှယ် ဒဏ်ရာရသွားတာကြောင့် ဘရိုက်တန်နဲ့ပွဲမှာ ရော်နယ်ဒို ပွဲထွက်ခွင့်ရဖွယ်ရှိနေ

သတင်းလူသားဖြစ်နေတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဘရိုက်တန်နဲ့ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ပါဝင်လာဖို့ရှိတယ်လို့ ဗြိတိန်အခြေစိုက် Daily Mail သတင်းစာက ဖေါ်ပြပါတယ်။

အကြောင်းကတော့ တိုက်စစ်မှူးတစ်ဦးဖြစ်သူ မာရှယ်ဟာ လေ့ကျင့်ကွင်းမှာ ပေါင်ခြံကြွက်သားဒဏ်ရာ ရရှိသွားတာကြောင့်ပါ။ ဒါကြောင့် ဆန်ချို၊ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်ကို

တိုက်စစ်မှာတွဲဖက်ပွဲထုတ်မယ့် နည်းပြတန်းဟတ်ရဲ့အစီအစဉ် အောင်မြင်လာဖို့မရှိဘူးလို့ နာမည်ကြီးသတင်းထောက် လော်ရီဝွိှုက်ဝဲလ်က ဆိုပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ရာသီကြိုကာလမှာ မန်ယူအတွက်ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ပရိသတ်တွေမျှော်လင့်ထားကြသူပါ။ လီဗာပူးလ်၊ မဲလ်ဘုန်းနဲ့ ခရစ္စတယ်ပဲလေ့စ်ကို

အနိုင်ရတဲ့ပွဲတွေမှာ သူ ပွဲတိုင်းဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် အသက် ၂၆ နှစ်အရွယ်တိုက်စစ်မှူးကို ဆန်ချို၊ ရက်ရှ်ဖို့ဒ်တို့နဲ့အတူ တိုက်စစ်မှာ အားကိုးဖို့ တန်းဟတ်စီစဉ်ခဲ့တာပါ။

အခုသတင်းသာမှန်ခဲ့ရင် ဘရိုက်တန်နဲ့အိုးလ်ထရက်ဖို့ဒ်ပွဲစဉ်မှာ ရော်နယ်ဒိုပွဲထွက်ခွင့်ရလိမ့်မယ်လို့ ပေါ်တူဂီသားရဲ့ပရိသတ်တွေကတော့ မျှော်လင့်နေကြပါတယ်။

ရော်နယ်ဒိုဟာ ဗယ်လီကာနိုနဲ့ပွဲမပြီးခင်ပြန်သွားခဲ့တာကြောင့် ဝေဖန်မှုတွေခံခဲ့ရပေမယ့် မန်ယူရဲ့လေ့ကျင့်ကွင်းမှာ အသင်းဖော်တွေနဲ့အတူတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့

ချန်ပီယံလိဂ်ကစားခွင့်ရမယ့် အသင်းတစ်သင်းကိုထွက်ခွာချင်နေတဲ့ ပေါ်တူဂီသားနဲ့ မန်ယူကြားက ဆွေးနွေးမှုကတော့ အပြီးသတ်သဘောတူညီမှု မရသေးပါဘူး။

(zawgyi)

သတင္းလူသားျဖစ္ေနတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ ဘ႐ိုက္တန္နဲ႔ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္မွာ ပါဝင္လာဖို႔ရွိတယ္လို႔ ၿဗိတိန္အေျခစိုက္ Daily Mail သတင္းစာက ေဖၚျပပါတယ္။

အေၾကာင္းကေတာ့ တိုက္စစ္မႉးတစ္ဦးျဖစ္သူ မာရွယ္ဟာ ေလ့က်င့္ကြင္းမွာ ေပါင္ၿခံႂကြက္သားဒဏ္ရာ ရရွိသြားတာေၾကာင့္ပါ။ ဒါေၾကာင့္ ဆန္ခ်ိဳ၊ မာရွယ္နဲ႔ ရက္ရွ္ဖို႔ဒ္ကို တိုက္စစ္မွာတြဲဖက္ပြဲထုတ္မယ့္

နည္းျပတန္းဟတ္ရဲ႕အစီအစဥ္ ေအာင္ျမင္လာဖို႔မရွိဘူးလို႔ နာမည္ႀကီးသတင္းေထာက္ ေလာ္ရီဝြိႈက္ဝဲလ္က ဆိုပါတယ္။ ျပင္သစ္တိုက္စစ္မႉးဟာ ရာသီႀကိဳကာလမွာ မန္ယူအတြက္ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္

ပရိသတ္ေတြေမွ်ာ္လင့္ထားၾကသူပါ။ လီဗာပူးလ္၊ မဲလ္ဘုန္းနဲ႔ ခရစၥတယ္ပဲေလ့စ္ကို အႏိုင္ရတဲ့ပြဲေတြမွာ သူ ပြဲတိုင္းဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ အသက္ ၂၆ ႏွစ္အ႐ြယ္တိုက္စစ္မႉးကို

ဆန္ခ်ိဳ၊ ရက္ရွ္ဖို႔ဒ္တို႔နဲ႔အတူ တိုက္စစ္မွာ အားကိုးဖို႔ တန္းဟတ္စီစဥ္ခဲ့တာပါ။ အခုသတင္းသာမွန္ခဲ့ရင္ ဘ႐ိုက္တန္နဲ႔အိုးလ္ထရက္ဖို႔ဒ္ပြဲစဥ္မွာ ေရာ္နယ္ဒိုပြဲထြက္ခြင့္ရလိမ့္မယ္လို႔ ေပၚတူဂီသားရဲ႕

ပရိသတ္ေတြကေတာ့ ေမွ်ာ္လင့္ေနၾကပါတယ္။ ေရာ္နယ္ဒိုဟာ ဗယ္လီကာႏိုနဲ႔ပြဲမၿပီးခင္ျပန္သြားခဲ့တာေၾကာင့္ ေဝဖန္မႈေတြခံခဲ့ရေပမယ့္ မန္ယူရဲ႕ေလ့က်င့္ကြင္းမွာ အသင္းေဖာ္ေတြနဲ႔အတူေတြ႕ခဲ့ရပါတယ္။

ဒါေပမဲ့ ခ်န္ပီယံလိဂ္ကစားခြင့္ရမယ့္ အသင္းတစ္သင္းကိုထြက္ခြာခ်င္ေနတဲ့ ေပၚတူဂီသားနဲ႔ မန္ယူၾကားက ေဆြးေႏြးမႈကေတာ့ အၿပီးသတ္သေဘာတူညီမႈ မရေသးပါဘူး။