မာရာဒိုနာနေရာကို ရော်နယ်ဒိုဆက်ခံနိုင်ဖို့ အေးဂျင့်မန်ဒက်စ် နာပိုလီနဲ့အကြိတ်အနယ်ဆွေးနွေးနေ

မာရာဒိုနာနေရာကို ရော်နယ်ဒို ဆက်ခံမှာလားဆိုတဲ့ နွေဈေးကွက်အစောပိုင်း ထွက်ပေါ်ခဲ့ဖူးတဲ့သတင်းဟာ ပြန်လည်အသက်ဝင်လာခဲ့ပါပြီ။ အကြောင်းကတော့ ရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့မန်ဒက်စ်ဟာ

နာပိုလီကို ပြောင်းရွှေ့ရေးအတွက် ဆွေးနွေးနေလို့ပါပဲ။ အီတလီသတင်းစာ Tuttosport က ပေါ်တူဂီသားရဲ့အေးဂျင့်နဲ့ နေပယ်လ်အခြေစိုက်အသင်း ဆွေးနွေးနေကြောင်း ဖေါ်ပြခဲ့ပါတယ်။

အားလုံးသိတဲ့အတိုင်း ရော်နယ်ဒိုနဲ့ မန်ယူဟာ တကယ့်ကို ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေကြတာပါ။ အထူးသဖြင့် ချန်ပီယံလိဂ်ကစားချင်တာကြောင့် အိုးလ်ထရက်ဖို့ဒ်ကိုစွန့်ခွာချင်နေတဲ့ ပေါ်တူဂီသားကို

သရဲနီတွေလည်း စိတ်ကုန်နေပါပြီ။ သူ့ရဲ့မြင့်မားတဲ့လစာကြောင့် ခေါ်ယူနိုင်မယ့်အသင်း ရှားနေတာ၊ စာချုပ်ဖျက်ရင်လည်း လျော်ကြေးကိစ္စရှိနေတာကြောင့်သာ သည်းခံနေရတဲ့အခြေအနေပါ။

ဒါပေမဲ့ အသင်းဖော်တွေရှေ့မှာ သူ့ကိုစောင်းမြောင်းပြီး နည်းပြတန်းဟတ် ဆူပူကြိမ်းမောင်းခဲ့တာဟာ ရော်နယ်ဒိုရဲ့ဆုံးဖြတ်ချက်တွေကို ပိုမိုခိုင်မာသွားစေသလို ဖြစ်ခဲ့ပါတယ်။ Tuttosport ကတော့

အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးရဲ့ အပြောင်းအရွှေ့အတွက် သူတတ်နိုင်သလောက် အားလုံးလုပ်သွားမယ်လို့ ဂျော့မန်ဒက်စ်က ပြောဆိုထားကြောင်း ရေးသားထားပါတယ်။ နာပိုလီနဲ့ဂျော့မန်ဒက်စ်ကြားမှာလည်း

ဆက်နွယ်မှုတစ်ခုကရှိနေပါတယ်။ နာပိုလီတိုက်စစ်မှူး ဗစ်တာအိုဆင်ဟန်းအတွက် အသင်းရှာပေးနေရတာပါ။ ပြောင်းရွှေ့ကြေး ပေါင် ၈၆ သန်းဝန်းကျင်ရှိနေတဲ့ နိုက်ဂျီးယားတိုက်စစ်မှူးကို မန်ယူကလည်း စိတ်ဝင်စားဖွယ်ရှိတယ်လို့ သိရပါတယ်။ တနည်းအားဖြင့် ရော်နယ်ဒိုနဲ့အလဲအထပ် လုပ်လာမလားဆိုတာ စောင့်ကြည့်ရမှပါ။

(zawgyi)

မာရာဒိုနာေနရာကို ေရာ္နယ္ဒို ဆက္ခံမွာလားဆိုတဲ့ ေႏြေဈးကြက္အေစာပိုင္း ထြက္ေပၚခဲ့ဖူးတဲ့သတင္းဟာ ျပန္လည္အသက္ဝင္လာခဲ့ပါၿပီ။ အေၾကာင္းကေတာ့ ေရာ္နယ္ဒိုရဲ႕ေအးဂ်င့္ ေဂ်ာ့မန္ဒက္စ္ဟာ နာပိုလီကို

ေျပာင္းေ႐ႊ႕ေရးအတြက္ ေဆြးေႏြးေနလို႔ပါပဲ။ အီတလီသတင္းစာ Tuttosport က ေပၚတူဂီသားရဲ႕ေအးဂ်င့္နဲ႔ ေနပယ္လ္အေျခစိုက္အသင္း ေဆြးေႏြးေနေၾကာင္း ေဖၚျပခဲ့ပါတယ္။

အားလုံးသိတဲ့အတိုင္း ေရာ္နယ္ဒိုနဲ႔ မန္ယူဟာ တကယ့္ကို ျပဒါးတစ္လမ္း သံတစ္လမ္းျဖစ္ေနၾကတာပါ။ အထူးသျဖင့္ ခ်န္ပီယံလိဂ္ကစားခ်င္တာေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္ကိုစြန႔္ခြာခ်င္ေနတဲ့ ေပၚတူဂီသားကို

သရဲနီေတြလည္း စိတ္ကုန္ေနပါၿပီ။ သူ႔ရဲ႕ျမင့္မားတဲ့လစာေၾကာင့္ ေခၚယူႏိုင္မယ့္အသင္း ရွားေနတာ၊ စာခ်ဳပ္ဖ်က္ရင္လည္း ေလ်ာ္ေၾကးကိစၥရွိေနတာေၾကာင့္သာ သည္းခံေနရတဲ့အေျခအေနပါ။

ဒါေပမဲ့ အသင္းေဖာ္ေတြေရွ႕မွာ သူ႔ကိုေစာင္းေျမာင္းၿပီး နည္းျပတန္းဟတ္ ဆူပူႀကိမ္းေမာင္းခဲ့တာဟာ ေရာ္နယ္ဒိုရဲ႕ဆုံးျဖတ္ခ်က္ေတြကို ပိုမိုခိုင္မာသြားေစသလို ျဖစ္ခဲ့ပါတယ္။ Tuttosport ကေတာ့

အသက္ ၃၇ ႏွစ္အ႐ြယ္တိုက္စစ္မႉးရဲ႕ အေျပာင္းအေ႐ႊ႕အတြက္ သူတတ္ႏိုင္သေလာက္ အားလုံးလုပ္သြားမယ္လို႔ ေဂ်ာ့မန္ဒက္စ္က ေျပာဆိုထားေၾကာင္း ေရးသားထားပါတယ္။ နာပိုလီနဲ႔ေဂ်ာ့မန္ဒက္စ္ၾကားမွာလည္း ဆက္ႏြယ္မႈတစ္ခုကရွိေနပါတယ္။ နာပိုလီတိုက္စစ္မႉး ဗစ္တာအိုဆင္ဟန္းအတြက္

အသင္းရွာေပးေနရတာပါ။ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၈၆ သန္းဝန္းက်င္ရွိေနတဲ့ ႏိုက္ဂ်ီးယားတိုက္စစ္မႉးကို မန္ယူကလည္း စိတ္ဝင္စားဖြယ္ရွိတယ္လို႔ သိရပါတယ္။ တနည္းအားျဖင့္ ေရာ္နယ္ဒိုနဲ႔အလဲအထပ္ လုပ္လာမလားဆိုတာ ေစာင့္ၾကည့္ရမွပါ။