မာနေးရဲ့သူငယ်ချင်းဆိုတော့လည်း အရန်အသင်းအတွက် ခေါ်ပေးရတော့တာပေါ့

ဘိုင်ယန်မြူးနစ်လိုအသင်းအတွက် အတော်လေးကို ကမောက်ကမနိုင်တဲ့ အပြောင်းအရွှေ့တစ်ခုပါ။ အခုနောက်ဆုံး သူတို့ခေါ်ယူလိုက်တဲ့ကစားသမားကို ဘယ်သူမှ မသိလို့ပါပဲ။

သူ့နာမည်က ဒက်ဆိုင်းယားဆက်ဘီဖြစ်ပါတယ်။ ဥရောပထိပ်သီးကလပ်တွေ မျက်ကွယ်က ဒီတိုက်စစ်မှူးကို ဘွန်ဒက်စ်လီဂါဘီလူးကြီး ခေါ်ခဲ့ရတဲ့နောက်ကွယ်မှာ အကြောင်းရှိပါတယ်။

မာနေး ပါပဲ။ ဆက်ဘီက မာနေးရဲ့ ငယ်သူချင်း အရင်းခေါက်ခေါက်ကြီးဖြစ်နေပါတယ်။ သူက ဘီနင်သားဖြစ်ပေမယ့် လီဗာပူးလ်တိုက်စစ်မှူးဟောင်းနဲ့အတူ ဆီနီဂေါမှာ

ဘောလုံးအကယ်ဒမီ အတူတူတက်ခဲ့ကြသူတွေပါ။ ဒါပေမဲ့ မာနေးလို တောက်ပတဲ့ကြယ်တစ်ပွင့်ဖြစ်မလာခဲ့ဘဲ အောက်တန်းအသင်းတွေမှာသာ အချိန်ကုန်ခဲ့ရသူဖြစ်ပါတယ်။

တနည်းအားဖြင့် မာနေးက ပရီးမီးယားလိဂ်ချန်ပီယံဖလားရဖို့ ကြိုးကြာနီတွေအတွက် သွင်းဂိုးတွေနဲ့ကူညီနေချိန်မှာ ဆက်ဘီကတော့ အင်္ဂလန်စတုတ္ထတန်းကလပ်

အိုးလ်ဟမ်းမှာရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့် သူငယ်ချင်းကို ကူညီပေးချင်တဲ့ကစားသမားတစ်ယောက်ဆန္ဒကို လိုက်လျောခဲ့တဲ့ ဘိုင်ယန်ကိုလည်း

အားလုံးအံ့အားသင့်နေကြပါတယ်။ ဆက်ဘီဟာ ၂၀၁၉ တုန်းက အိုးလ်ဟမ်းအတွက် ၂၈ ပွဲမှာ ၄ ဂိုးသာသွင်းနိုင်ခဲ့တာကြောင့် အိုးလ်ဟမ်းရဲ့သမိုင်းမှာ

အဆိုးရွားဆုံးတိုက်စစ်မှူးတစ်ယောက်လို့ Daily Mail သတင်းစာရဲ့ဝေဖန်မှုကိုခံခဲ့ရသူပါ။ ဒါပေမဲ့ ဘိုင်ယန်ကတော့ အသက် ၂၉ နှစ်သားကို အရန်အသင်းမှာထားမယ်လို့ သိရပါတယ်။

(zawgyi)

ဘိုင္ယန္ျမဴးနစ္လိုအသင္းအတြက္ အေတာ္ေလးကို ကေမာက္ကမႏိုင္တဲ့ အေျပာင္းအေ႐ႊ႕တစ္ခုပါ။ အခုေနာက္ဆုံး သူတို႔ေခၚယူလိုက္တဲ့ကစားသမားကို ဘယ္သူမွ မသိလို႔ပါပဲ။

သူ႔နာမည္က ဒက္ဆိုင္းယားဆက္ဘီျဖစ္ပါတယ္။ ဥေရာပထိပ္သီးကလပ္ေတြ မ်က္ကြယ္က ဒီတိုက္စစ္မႉးကို ဘြန္ဒက္စ္လီဂါဘီလူးႀကီး ေခၚခဲ့ရတဲ့ေနာက္ကြယ္မွာ

အေၾကာင္းရွိပါတယ္။ မာေနး ပါပဲ။ ဆက္ဘီက မာေနးရဲ႕ ငယ္သူခ်င္း အရင္းေခါက္ေခါက္ႀကီးျဖစ္ေနပါတယ္။ သူက ဘီနင္သားျဖစ္ေပမယ့္ လီဗာပူးလ္တိုက္စစ္မႉးေဟာင္းနဲ႔အတူ

ဆီနီေဂါမွာ ေဘာလုံးအကယ္ဒမီ အတူတူတက္ခဲ့ၾကသူေတြပါ။ ဒါေပမဲ့ မာေနးလို ေတာက္ပတဲ့ၾကယ္တစ္ပြင့္ျဖစ္မလာခဲ့ဘဲ ေအာက္တန္းအသင္းေတြမွာသာ အခ်ိန္ကုန္ခဲ့ရသူျဖစ္ပါတယ္။

တနည္းအားျဖင့္ မာေနးက ပရီးမီးယားလိဂ္ခ်န္ပီယံဖလားရဖို႔ ႀကိဳးၾကာနီေတြအတြက္ သြင္းဂိုးေတြနဲ႔ကူညီေနခ်ိန္မွာ ဆက္ဘီကေတာ့ အဂၤလန္စတုတၳတန္းကလပ္

အိုးလ္ဟမ္းမွာ႐ုန္းကန္ခဲ့ရပါတယ္။ ဒါေၾကာင့္ သူငယ္ခ်င္းကို ကူညီေပးခ်င္တဲ့ကစားသမားတစ္ေယာက္ဆႏၵကို လိုက္ေလ်ာခဲ့တဲ့ ဘိုင္ယန္ကိုလည္း

အားလုံးအံ့အားသင့္ေနၾကပါတယ္။  ဆက္ဘီဟာ ၂၀၁၉ တုန္းက အိုးလ္ဟမ္းအတြက္ ၂၈ ပြဲမွာ ၄ ဂိုးသာသြင္းႏိုင္ခဲ့တာေၾကာင့္ အိုးလ္ဟမ္းရဲ႕သမိုင္းမွာ

အဆိုး႐ြားဆုံးတိုက္စစ္မႉးတစ္ေယာက္လို႔ Daily Mail သတင္းစာရဲ႕ေဝဖန္မႈကိုခံခဲ့ရသူပါ။ ဒါေပမဲ့ ဘိုင္ယန္ကေတာ့ အသက္ ၂၉ ႏွစ္သားကို အရန္အသင္းမွာထားမယ္လို႔ သိရပါတယ္။