မာတီနက်ဇ်အတွက် မန်ယူပေးသလို လိုက်ပေးတော့မယ့် အာဆင်နယ်

အာဆင်နယ်ကတော့ ပြိုင်ဘက်ကြီးမန်ယူကို ဈေးကွက်မှာအလဲထိုးနိုင်ဖို့ ဂီယာတင်တော့မယ်လို့ သိရပါတယ်။ ဂန်းနားတွေနဲ့ သရဲနီတွေဟာ အေဂျက်ဇ်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကိုရဖို့ အပြိုင်ကြိုးစားနေကြတာပါ။

အာဂျင်တီးနားလက်ရွေးစင်ကို ပြီးခဲ့တဲ့သောကြာနေ့မှာ မန်ယူက ပေါင် ၃၈ သန်းနဲ့ကမ်းလှမ်းခဲ့ပါတယ်။ ဒါဟာ အာဆင်နယ်အတွက် မျောက်မီးခဲကိုင်မိသလိုဖြစ်ခဲ့ရပြီး သူတို့ကလည်း ပေါင် ၃၈ သန်းနဲ့ တိုးမြှင့်ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ Daily Mail သတင်းစာက ဖေါ်ပြပါတယ်။

တကယ်တော့ ဗဟိုနောက်ခံလူအဖြစ်သာမက ကွင်းလယ်မှာပါကစားနိုင်တဲ့မာတီနက်ဇ်ကို အေဂျက်ဇ်ကလည်း လက်မလွှတ်ချင်ပါဘူး။ ဒါကြောင့် ပေါင် ၄၃ သန်းအထိဈေးတင်ထားတာပါ။

ဒါပေမဲ့ ကစားသမားကိုယ်တိုင်က သင့်တော်တဲ့ကမ်းလှမ်းမှုမျိုးဆိုရင် လက်ခံသင့်တယ်လို့ယုံကြည်ထားတာကြောင့် အပြောင်းအရွှေ့ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် အာဂျင်တီးနားနောက်ခံလူဟာ ပရီးမီးယားလိဂ်ကိုလာချင်နေတယ်ဆိုတဲ့ သတင်းတွေလည်းထွက်နေပါတယ်။ အေဂျက်ဇ်ဟာ အသက် ၂၄ နှစ်သားကို ၂၀၁၇ တုန်းက ဂျက်စတီစီယာဆိုတဲ့ကလပ်လေးကနေ ခေါ်ယူခဲ့တာပါ။

ကစားသမားနဲ့အသင်းကြားမှာ ကောင်းမွန်တဲ့အပြန်အလှန်ဆက်ဆံရေးရှိပေမယ့် လက်ရှိပြောင်းရွှေ့ကြေးကိန်းဂဏန်းနဲ့အခွင့်အရေးတွေက နှစ်ဖက်လုံးအတွက်စိတ်လှုပ်ရှားစရာဖြစ်နေပါတယ်။

မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီမှာ နယ်သာလန်ကလပ်အတွက် ပြိုင်ပွဲစုံ ၃၆ ပွဲကစားပေးခဲ့ပြီး ကြွက်သားဒဏ်ရာကြောင့် ရာသီသိမ်းကာနီး ၂ လလောက် မကစားနိုင်ခဲ့ပါဘူး။

အရပ် ၅ ပေ ၉ လက်မသာရှိတာကြောင့် ပြိုင်ဘက်တွေကြောက်ရွံ့လောက်တဲ့ခန့်ညားမှုမျိုးမရှိပေမယ့် ဘောလုံးစကေးကောင်းသူဖြစ်ပြီး အာဂျင်တီးနားအတွက် ၇ ပွဲကစားပေးထားပါတယ်။

(zawgyi)

အာဆင္နယ္ကေတာ့ ၿပိဳင္ဘက္ႀကီးမန္ယူကို ေဈးကြက္မွာအလဲထိုးႏိုင္ဖို႔ ဂီယာတင္ေတာ့မယ္လို႔ သိရပါတယ္။ ဂန္းနားေတြနဲ႔ သရဲနီေတြဟာ ေအဂ်က္ဇ္ေနာက္ခံလူ လီဆန္ဒ႐ိုမာတီနက္ဇ္ကိုရဖို႔ အၿပိဳင္ႀကိဳးစားေနၾကတာပါ။

အာဂ်င္တီးနားလက္ေ႐ြးစင္ကို ၿပီးခဲ့တဲ့ေသာၾကာေန႔မွာ မန္ယူက ေပါင္ ၃၈ သန္းနဲ႔ကမ္းလွမ္းခဲ့ပါတယ္။ ဒါဟာ အာဆင္နယ္အတြက္ ေမ်ာက္မီးခဲကိုင္မိသလိုျဖစ္ခဲ့ရၿပီး သူတို႔ကလည္း ေပါင္ ၃၈ သန္းနဲ႔ တိုးျမႇင့္ကမ္းလွမ္းဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ Daily Mail သတင္းစာက ေဖၚျပပါတယ္။

တကယ္ေတာ့ ဗဟိုေနာက္ခံလူအျဖစ္သာမက ကြင္းလယ္မွာပါကစားႏိုင္တဲ့မာတီနက္ဇ္ကို ေအဂ်က္ဇ္ကလည္း လက္မလႊတ္ခ်င္ပါဘူး။ ဒါေၾကာင့္ ေပါင္ ၄၃ သန္းအထိေဈးတင္ထားတာပါ။

ဒါေပမဲ့ ကစားသမားကိုယ္တိုင္က သင့္ေတာ္တဲ့ကမ္းလွမ္းမႈမ်ိဳးဆိုရင္ လက္ခံသင့္တယ္လို႔ယုံၾကည္ထားတာေၾကာင့္ အေျပာင္းအေ႐ႊ႕ျဖစ္လာႏိုင္ပါတယ္။ ဒါ့အျပင္ အာဂ်င္တီးနားေနာက္ခံလူဟာ ပရီးမီးယားလိဂ္ကိုလာခ်င္ေနတယ္ဆိုတဲ့ သတင္းေတြလည္းထြက္ေနပါတယ္။

ေအဂ်က္ဇ္ဟာ အသက္ ၂၄ ႏွစ္သားကို ၂၀၁၇ တုန္းက ဂ်က္စတီစီယာဆိုတဲ့ကလပ္ေလးကေန ေခၚယူခဲ့တာပါ။ ကစားသမားနဲ႔အသင္းၾကားမွာ ေကာင္းမြန္တဲ့အျပန္အလွန္ဆက္ဆံေရးရွိေပမယ့္ လက္ရွိေျပာင္းေ႐ႊ႕ေၾကးကိန္းဂဏန္းနဲ႔အခြင့္အေရးေတြက

ႏွစ္ဖက္လုံးအတြက္စိတ္လႈပ္ရွားစရာျဖစ္ေနပါတယ္။ မာတီနက္ဇ္ဟာ ၿပီးခဲ့တဲ့ရာသီမွာ နယ္သာလန္ကလပ္အတြက္ ၿပိဳင္ပြဲစုံ ၃၆ ပြဲကစားေပးခဲ့ၿပီး ႂကြက္သားဒဏ္ရာေၾကာင့္ ရာသီသိမ္းကာနီး ၂ လေလာက္ မကစားႏိုင္ခဲ့ပါဘူး။

အရပ္ ၅ ေပ ၉ လက္မသာရွိတာေၾကာင့္ ၿပိဳင္ဘက္ေတြေၾကာက္႐ြံ႕ေလာက္တဲ့ခန႔္ညားမႈမ်ိဳးမရွိေပမယ့္ ေဘာလုံးစေကးေကာင္းသူျဖစ္ၿပီး အာဂ်င္တီးနားအတြက္ ၇ ပြဲကစားေပးထားပါတယ္။