မာတီနက်ဇ်ရဲ့ လှောင်ပြောင်တိုက်ခိုက်မှုတွေကို ဂရုစိုက်နေမှာ မဟုတ်ဘူးလို့ ဘာပေ တုံ့ပြန်

PSG အသင်းရဲ့ ပြင်သစ်နာမည်ကျော် တိုက်စစ်ကစားသမား ဘာပေက ၂၀၂၂

ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာ အာဂျင်တီးနားဂိုးသမား အီမီလီယာနိုမာတီနက်ဇ်ဟာ
သူ့ကို တောက်လျှောက် လှောင်ပြောင်ခဲ့ပေမယ့် အဲဒီအပေါ် ဂရုစိုက်နေမှာ
မဟုတ်ဘူးလို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲ၊ ပယ်နယ်တီအဆုံးအဖြတ်မှာ မာတီနက်ဇ်က အာဂျင်တီးနား
အသင်းအတွက် သူရဲကောင်းဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးနိုင်အောင်
လက်စွမ်းပြကူညီခဲ့ပါတယ်။

ပွဲအပြီး၊ အဝတ်လဲခန်းအတွင်း အာဂျင်တီးနားကစားသမားတွေ အောင်ပွဲခံချိန်မှာ
မာတီနက်ဇ်က ဘာပေအတွက် စိတ်မကောင်းတဲ့အနေနဲ့ (၁)မိနစ်လောက် ငြိမ်ပေးပါလို့
လှောင်ပြောင်ခဲ့သလို ပိုဆိုးတာက ဗျူနိုအေရိစ်မြို့အတွင်း အမိုးဖွင့် ဘတ်စ်ကားနဲ့

လှည့်လည်အောင်ပွဲခံချိန်မှာ မာတီနက်ဇ်က ကလေးရုပ်လေးမှာ ဘာပေရဲ့
မျက်နှာကို ဖြတ်ညှပ်ကပ်ပြီးတော့ အောင်ပွဲခံခဲ့ပါတယ်။

အဲဒီလုပ်ရပ်အတွက် မာတီနက်ဇ်ကို နာမည်ကျော်ဘောလုံးသမားဟောင်းတချို့က
ဝေဖန်ပြစ်တင်ခဲ့ကြပေမယ့် ဘာပေကတော့ ဘာမှ ဂရုစိုက်စရာမလိုဘူးလို့ တုံ့ပြန်ခဲ့တာ
ဖြစ်ပါတယ်။ စထရာဘိုးနဲ့ပွဲအပြီး RMC Sport ရုပ်သံနဲ့အင်တာဗျူးမှာ မာတီနက်ဇ်ရဲ့
အပြုအမူအတွက် ဘယ်လိုသဘောထားလဲဆိုတဲ့ မေးခွန်းကို ဘာပေက “သူ့ဘာသာသူ
ဘယ်လိုပွဲအောင်ပွဲခံပါစေ ဒါက ကျွန်တော့်အတွက် ပြဿနာ မဟုတ်ပါဘူး။

ဒီလိုမျိုး ကိုယ့်အတွက် ဘာအကျိုးမှ မရှိတဲ့ကိစ္စတွေအပေါ် ကျွန်တော် အာရုံစိုက်ပြီးတော့
ခွန်အားတွေကို အလဟဿ အဆုံးရှုံးမခံနိုင်ပါဘူး။ ကျွန်တော့်အတွက် အရေးအကြီးဆုံးက

ကလပ်အသင်းအတွက် ခြေစွမ်းပြကစားနိုင်ဖို့ပဲဖြစ်ပြီး မကြာခင် မက်ဆီလည်း အသင်းကို
ပြန်ရောက်လာမှာဖြစ်တာကြောင့် ခြေစွမ်းပြဂိုးတွေသွင်းပြီးတော့ နိုင်ပွဲတွေရယူဖို့ပဲ
အာရုံစိုက်ထားပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

[Zawgyi]

PSG အသင္းရဲ႕ ျပင္သစ္နာမည္ေက်ာ္ တိုက္စစ္ကစားသမား ဘာေပက ၂၀၂၂
ကမာၻ႔ဖလားဗိုလ္လုပြဲအၿပီးမွာ အာဂ်င္တီးနားဂိုးသမား အီမီလီယာႏိုမာတီနက္ဇ္ဟာ
သူ႔ကို ေတာက္ေလွ်ာက္ ေလွာင္ေျပာင္ခဲ့ေပမယ့္ အဲဒီအေပၚ ဂ႐ုစိုက္ေနမွာ
မဟုတ္ဘူးလို႔ တုံ႔ျပန္ေျပာဆိုလိုက္ပါတယ္။

ကမာၻ႔ဖလားဗိုလ္လုပြဲ၊ ပယ္နယ္တီအဆုံးအျဖတ္မွာ မာတီနက္ဇ္က အာဂ်င္တီးနား
အသင္းအတြက္ သူရဲေကာင္းျဖစ္ခဲ့ၿပီး ကမာၻ႔ဖလားခ်န္ပီယံဆု ဆြတ္ခူးႏိုင္ေအာင္

လက္စြမ္းျပကူညီခဲ့ပါတယ္။

ပြဲအၿပီး၊ အဝတ္လဲခန္းအတြင္း အာဂ်င္တီးနားကစားသမားေတြ ေအာင္ပြဲခံခ်ိန္မွာ

မာတီနက္ဇ္က ဘာေပအတြက္ စိတ္မေကာင္းတဲ့အေနနဲ႔ (၁)မိနစ္ေလာက္ ၿငိမ္ေပးပါလို႔
ေလွာင္ေျပာင္ခဲ့သလို ပိုဆိုးတာက ဗ်ဴႏိုေအရိစ္ၿမိဳ႕အတြင္း အမိုးဖြင့္ ဘတ္စ္ကားနဲ႔
လွည့္လည္ေအာင္ပြဲခံခ်ိန္မွာ မာတီနက္ဇ္က ကေလး႐ုပ္ေလးမွာ ဘာေပရဲ႕
မ်က္ႏွာကို ျဖတ္ညႇပ္ကပ္ၿပီးေတာ့ ေအာင္ပြဲခံခဲ့ပါတယ္။

အဲဒီလုပ္ရပ္အတြက္ မာတီနက္ဇ္ကို နာမည္ေက်ာ္ေဘာလုံးသမားေဟာင္းတခ်ိဳ႕က
ေဝဖန္ျပစ္တင္ခဲ့ၾကေပမယ့္ ဘာေပကေတာ့ ဘာမွ ဂ႐ုစိုက္စရာမလိုဘူးလို႔ တုံ႔ျပန္ခဲ့တာ
ျဖစ္ပါတယ္။ စထရာဘိုးနဲ႔ပြဲအၿပီး RMC Sport ႐ုပ္သံနဲ႔အင္တာဗ်ဴးမွာ မာတီနက္ဇ္ရဲ႕

အျပဳအမူအတြက္ ဘယ္လိုသေဘာထားလဲဆိုတဲ့ ေမးခြန္းကို ဘာေပက “သူ႔ဘာသာသူ
ဘယ္လိုပြဲေအာင္ပြဲခံပါေစ ဒါက ကြၽန္ေတာ့္အတြက္ ျပႆနာ မဟုတ္ပါဘူး။

ဒီလိုမ်ိဳး ကိုယ့္အတြက္ ဘာအက်ိဳးမွ မရွိတဲ့ကိစၥေတြအေပၚ ကြၽန္ေတာ္ အာ႐ုံစိုက္ၿပီးေတာ့
ခြန္အားေတြကို အလဟႆ အဆုံးရႈံးမခံႏိုင္ပါဘူး။ ကြၽန္ေတာ့္အတြက္ အေရးအႀကီးဆုံးက
ကလပ္အသင္းအတြက္ ေျခစြမ္းျပကစားႏိုင္ဖို႔ပဲျဖစ္ၿပီး မၾကာခင္ မက္ဆီလည္း အသင္းကို
ျပန္ေရာက္လာမွာျဖစ္တာေၾကာင့္ ေျခစြမ္းျပဂိုးေတြသြင္းၿပီးေတာ့ ႏိုင္ပြဲေတြရယူဖို႔ပဲ
အာ႐ုံစိုက္ထားပါတယ္”လို႔ ေျဖၾကားခဲ့ပါတယ္။