မာဆေးလ်အတွက် တစ်ပွဲမှ မကစားရသေးခင် ဒဏ်ရာရတော့မလိုဖြစ်ခဲ့တဲ့ ဆန်းချက်ဇ်

အင်တာမီလန်နဲ့နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းခဲ့တဲ့ တိုက်စစ်မှူးဆန်းချက်ဇ်ဟာ မာဆေးလ်ကိုပြောင်းရွှေ့ဖို့ သဘောတူညီမှုရခဲ့ပါတယ်။ ဒါပေမဲ့ ဆေးစစ်ဖို့ မာဆေးလ်ကိုရောက်လာချိန်မှာပဲ

ဒဏ်ရာရမလိုဖြစ်ခဲ့တာပါ။ မာဆေးလ်ဝတ်စုံဝတ်ထားတဲ့ ချီလီတိုက်စစ်မှူးကို မြို့ခံပရိသတ်တွေ ရာနဲ့ချီပြီး ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ လမ်းလျှောက်နေရင်း အမှတ်မထင် ခြေခေါက်လဲကျသွားတာကြောင့်

လုံခြုံရေးဝန်ထမ်းတွေ အားချင်းအကူအညီပေးခဲ့ကြရတာပါ။ မာဆေးလ်အတွက် တစ်ပွဲမှ မကစားရသေးခင် ဒဏ်ရာများရသွားပြီလားလို့ စိုးရိမ်ခဲ့ကြရပေမယ့် အင်တာမီလန်တိုက်စစ်မှူးဟောင်း

ဆက်လျှောက်နိုင်ခဲ့ပါတယ်။ ဆန်းချက်ဇ်ရဲ့စာချုပ်နဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးပေမယ့် ၂ နှစ်စာချုပ်မယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ချီလီတိုက်စစ်မှူးဟာ

အာဆင်နယ်ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ခဲ့ပေမယ့် မန်ယူကိုပြောင်းပြီးနောက်ပိုင်း ခြေစွမ်းမပြနိုင်ဖြစ်ခဲ့ရသူပါ။ အခု မာဆေးလ်မှာတော့ ဂန်းနားကစားသမားဟောင်းတွေနဲ့

ပြန်ဆုံခွင့်ရတော့မှာဖြစ်ပါတယ်။ မနှစ်က လီဂူး-၁ မှာ ဒုတိယရပြီး ချန်ပီယံလိဂ်ကစားခွင့်ရထားတဲ့ မာဆေးလ်ဟာ အသင်းကိုအားဖြည့်မှုတွေလုပ်ရာမှာ အာဆင်နယ်ကစားသမားဟောင်းတွေကို

အဓိကခေါ်ယူထားတာတွေ့ရပါတယ်။ နောက်ခံလူကိုလာစီနက်စ်၊ ဂွမ်ဒူဇီ၊ တာဗာရက်စ်တို့ကိုခေါ်ထားတာကြောင့် ဆန်းချက်ဇ်ဟာ စတုတ္ထမြောက် အာဆင်နယ်ကစားသမားဟောင်း ဖြစ်လာတော့မှာပါ။

(zawgyi)

အင္တာမီလန္နဲ႔ႏွစ္ဖက္သေဘာတူ စာခ်ဳပ္ဖ်က္သိမ္းခဲ့တဲ့ တိုက္စစ္မႉးဆန္းခ်က္ဇ္ဟာ မာေဆးလ္ကိုေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈရခဲ့ပါတယ္။ ဒါေပမဲ့ ေဆးစစ္ဖို႔ မာေဆးလ္ကိုေရာက္လာခ်ိန္မွာပဲ

ဒဏ္ရာရမလိုျဖစ္ခဲ့တာပါ။ မာေဆးလ္ဝတ္စုံဝတ္ထားတဲ့ ခ်ီလီတိုက္စစ္မႉးကို ၿမိဳ႕ခံပရိသတ္ေတြ ရာနဲ႔ခ်ီၿပီး ႀကိဳဆိုခဲ့ၾကပါတယ္။ ဒါေပမဲ့ လမ္းေလွ်ာက္ေနရင္း အမွတ္မထင္ ေျခေခါက္လဲက်သြားတာေၾကာင့္

လုံၿခဳံေရးဝန္ထမ္းေတြ အားခ်င္းအကူအညီေပးခဲ့ၾကရတာပါ။ မာေဆးလ္အတြက္ တစ္ပြဲမွ မကစားရေသးခင္ ဒဏ္ရာမ်ားရသြားၿပီလားလို႔ စိုးရိမ္ခဲ့ၾကရေပမယ့္ အင္တာမီလန္တိုက္စစ္မႉးေဟာင္း

ဆက္ေလွ်ာက္ႏိုင္ခဲ့ပါတယ္။ ဆန္းခ်က္ဇ္ရဲ႕စာခ်ဳပ္နဲ႔ပတ္သက္ၿပီး တရားဝင္ထုတ္ျပန္တာမ်ိဳး မရွိေသးေပမယ့္ ၂ ႏွစ္စာခ်ဳပ္မယ္လို႔ သိရပါတယ္။ အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ ခ်ီလီတိုက္စစ္မႉးဟာ

အာဆင္နယ္ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ျဖစ္ခဲ့ေပမယ့္ မန္ယူကိုေျပာင္းၿပီးေနာက္ပိုင္း ေျခစြမ္းမျပႏိုင္ျဖစ္ခဲ့ရသူပါ။ အခု မာေဆးလ္မွာေတာ့ ဂန္းနားကစားသမားေဟာင္းေတြနဲ႔ ျပန္ဆုံခြင့္ရေတာ့မွာျဖစ္ပါတယ္။

မႏွစ္က လီဂူး-၁ မွာ ဒုတိယရၿပီး ခ်န္ပီယံလိဂ္ကစားခြင့္ရထားတဲ့ မာေဆးလ္ဟာ အသင္းကိုအားျဖည့္မႈေတြလုပ္ရာမွာ အာဆင္နယ္ကစားသမားေဟာင္းေတြကို

အဓိကေခၚယူထားတာေတြ႕ရပါတယ္။ ေနာက္ခံလူကိုလာစီနက္စ္၊ ဂြမ္ဒူဇီ၊ တာဗာရက္စ္တို႔ကိုေခၚထားတာေၾကာင့္ ဆန္းခ်က္ဇ္ဟာ စတုတၳေျမာက္ အာဆင္နယ္ကစားသမားေဟာင္း ျဖစ္လာေတာ့မွာပါ။