
မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ လာမယ့်
နွေရာသီကျရင် စီနီယာကစားသမား(၆)ဦးအထိ ရောင်းချသွားဖို့
ပြင်ဆင်နေတယ်လို့ သတင်းထွက်လာပါတယ်။
အဲရစ်တန်ဟက်အနေနဲ့ ယူနိုက်တက်အသင်းကို တစ်ချိန်တုန်းကလို
ရွှေရောင်နေ့ရက်တွေ ပိုင်ဆိုင်ဖို့အတွက် နွေရာသီကာလအတွင်း
ကစားသမားအပြောင်းအလဲ ကြီးကြီးမားမားပြုလုပ်သွားဖို့
ဆန္ဒရှိနေတာဖြစ်ပါတယ်။
အဲရစ်တန်ဟက် ရောင်းချဖို့ရှိနေတဲ့ ကစားသမားတွေထဲမှာ
အခုလောလောဆယ် ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတဲ့
အသင်းခေါင်းဆောင် မက်ဂွိုင်းယား ပါဝင်နေတယ်လို့ ဗြိတိန်
သတင်းစာ The Mirror က သုံးသပ်ခဲ့ပါတယ်။
ဒါ့အပြင် ကွင်းလယ်လူတွေဖြစ်တဲ့ တွမ်မီနေး၊ ဗန်ဒီဘိခ်တို့ကိုလည်း
အရောင်းစာရင်းတင်သွားဖို့ရှိသလို တိုက်စစ်ကစားသမား မာစီယဲလ်ရဲ့
အနာဂတ်ကလည်း မသေချာပါဘူး။
အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်သူ မာစီယဲလ်ဟာ ဒီရာသီမှာ
ယူနိုက်တက်အတွက် (၁၄)ပွဲကစား၊ (၆)ဂိုးသွင်းယူခဲ့ပေမယ့် ဒဏ်ရာ
ပြဿနာတွေနဲ့ ရုန်းကန်နေရတာကြောင့် မာစီယဲလ်ရဲ့အနေအထားအပေါ်
အဲရစ်တန်ဟက်က စိတ်မရှည်တော့ဘူးလို့ The Mirror က ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် မာဆေးလ်၊ ဆီဗီလာအသင်းတို့မှာ အငှားနဲ့သွားကစားနေတဲ့
ဘာယီ၊ တဲလက်စ်ကိုလည်း ရောင်းချသွားဖို့ရှိနေပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာ လာမယ့္
ေႏြရာသီက်ရင္ စီနီယာကစားသမား(၆)ဦးအထိ ေရာင္းခ်သြားဖို႔
ျပင္ဆင္ေနတယ္လို႔ သတင္းထြက္လာပါတယ္။
အဲရစ္တန္ဟက္အေနနဲ႔ ယူႏိုက္တက္အသင္းကို တစ္ခ်ိန္တုန္းကလို
ေ႐ႊေရာင္ေန႔ရက္ေတြ ပိုင္ဆိုင္ဖို႔အတြက္ ေႏြရာသီကာလအတြင္း
ကစားသမားအေျပာင္းအလဲ ႀကီးႀကီးမားမားျပဳလုပ္သြားဖို႔
ဆႏၵရွိေနတာျဖစ္ပါတယ္။
အဲရစ္တန္ဟက္ ေရာင္းခ်ဖို႔ရွိေနတဲ့ ကစားသမားေတြထဲမွာ
အခုေလာေလာဆယ္ ပုံမွန္ကစားခြင့္ေပ်ာက္ဆုံးေနတဲ့
အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယား ပါဝင္ေနတယ္လို႔ ၿဗိတိန္
သတင္းစာ The Mirror က သုံးသပ္ခဲ့ပါတယ္။
ဒါ့အျပင္ ကြင္းလယ္လူေတြျဖစ္တဲ့ တြမ္မီေနး၊ ဗန္ဒီဘိခ္တို႔ကိုလည္း
အေရာင္းစာရင္းတင္သြားဖို႔ရွိသလို တိုက္စစ္ကစားသမား မာစီယဲလ္ရဲ႕
အနာဂတ္ကလည္း မေသခ်ာပါဘူး။
အသက္(၂၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မာစီယဲလ္ဟာ ဒီရာသီမွာ
ယူႏိုက္တက္အတြက္ (၁၄)ပြဲကစား၊ (၆)ဂိုးသြင္းယူခဲ့ေပမယ့္ ဒဏ္ရာ
ျပႆနာေတြနဲ႔ ႐ုန္းကန္ေနရတာေၾကာင့္ မာစီယဲလ္ရဲ႕အေနအထားအေပၚ
အဲရစ္တန္ဟက္က စိတ္မရွည္ေတာ့ဘူးလို႔ The Mirror က ေဖာ္ျပခဲ့ပါတယ္။
ဒါ့အျပင္ မာေဆးလ္၊ ဆီဗီလာအသင္းတို႔မွာ အငွားနဲ႔သြားကစားေနတဲ့
ဘာယီ၊ တဲလက္စ္ကိုလည္း ေရာင္းခ်သြားဖို႔ရွိေနပါတယ္။