မဟာပြိုင်ဘက် စီရော်နယ်လ်ဒိုနဲ့ နောက်ဆုံးရင်ဆိုင်ရတဲ့ပွဲက အမှတ်တရဖြစ်စေမယ့် ရုပ်သံကို သူ့ရဲ့ Instagram မှာ မက်ဆီ Post တင်ခဲ့

SG အသင်းနာမည်ကျော်ကစားသမား မက်ဆီဟာ သူ့ရဲ့ မဟာပြိုင်ဘက်

စီရော်နယ်လ်ဒိုနဲ့ နောက်ဆုံးရင်ဆိုင်ရတဲ့ပွဲလို့ သတ်မှတ်ရမယ့် ခြေစမ်းပွဲမှာ
စီရော်နယ်လ်ဒိုနဲ့ ပွေ့ဖက်နှုတ်ဆက်ခဲ့တဲ့ ရုပ်သံကို Instagram မှာ
ပြန် Share ခဲ့ပါတယ်။

မနေ့က ဆော်ဒီနိုင်ငံ၊ ရီယက်ဒ်မြို့မှာ Saudi Arabia All-Stars နဲ့ PSG
အသင်းတို့ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ပြီး မက်ဆီရဲ့ PSG
အသင်းက (၅-၄)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

အဲဒီခြေစမ်းပွဲဟာ ဆော်ဒီမြေမှာ စီရော်နယ်လ်ဒိုအတွက် ပထမဆုံး
ပွဲဦးထွက်ဖြစ်သလို တစ်ချိန်ကလို ခြေစွမ်းမျိုးပြသနိုင်ပြီး
Saudi Arabia All-Stars အသင်းအတွက် (၂)ဂိုးသွင်းယူခဲ့တဲ့အပြင်

ပွဲအပြီးမှာ Man of The Match ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

မက်ဆီကလည်း ပုံမှန်ခြေစွမ်းအတိုင်းကစားနိုင်ခဲ့ပြီး အသင်းအတွက်

အဖွင့်ဂိုးကို ပွဲအစ(၃)မိနစ်မှာပဲ သွင်းယူခဲ့ပါတယ်။ မက်ဆီနဲ့
စီရော်နယ်လ်ဒိုတို့ဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဘောလုံး
လောကကို သိမ်းပိုက်နိုင်ခဲ့ပြီး ချန်ပီယံဆုဖလားတွေနဲ့ တစ်ဦးချင်း
အကောင်းဆုံးဆုတွေကို တစ်ယောက်တစ်လှည့်စီ ပိုင်ဆိုင်ခဲ့ကြပါတယ်။

အခုအချိန်မှာ နှစ်ယောက်စလုံးက ဘောလုံးသမားဘ၀ အဆုံးသတ်ခါနီး
ကာလရောက်ရှိလာပြီဖြစ်သလို ဒီခြေစမ်းပွဲက မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့
နောက်ဆုံးအကြိမ်ရင်ဆိုင်ရတဲ့ပွဲအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။

ပွဲမတိုင်ခင် အဝတ်လဲခန်းအတွင်း စီရော်နယ်လ်ဒိုဟာ နေမာ၊ ဘာပေ၊
မက်ဆီတို့အပါအဝင် PSG ကစားသမားတွေကို နှုတ်ဆက်ခဲ့ပြီး မက်ဆီနဲ့

တရင်းတနှီးပွေ့ဖက်နှုတ်ဆက်တဲ့ ရုပ်သံကို PSG အသင်းက သူတို့ Twitter မှာ
Post တင်ခဲ့သလို မက်ဆီကလည်း followers (၄၂၁)သန်းအထိရှိတဲ့ သူ့
Instagram Story မှာ ပြန် Share ခဲ့ပါတယ်။

[Zawgyi]

SG အသင္းနာမည္ေက်ာ္ကစားသမား မက္ဆီဟာ သူ႔ရဲ႕ မဟာၿပိဳင္ဘက္
စီေရာ္နယ္လ္ဒိုနဲ႔ ေနာက္ဆုံးရင္ဆိုင္ရတဲ့ပြဲလို႔ သတ္မွတ္ရမယ့္ ေျခစမ္းပြဲမွာ
စီေရာ္နယ္လ္ဒိုနဲ႔ ေပြ႕ဖက္ႏႈတ္ဆက္ခဲ့တဲ့ ႐ုပ္သံကို Instagram မွာ
ျပန္ Share ခဲ့ပါတယ္။

မေန႔က ေဆာ္ဒီႏိုင္ငံ၊ ရီယက္ဒ္ၿမိဳ႕မွာ Saudi Arabia All-Stars နဲ႔ PSG
အသင္းတို႔ ေျခစမ္းပြဲအျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး မက္ဆီရဲ႕ PSG

အသင္းက (၅-၄)ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။

အဲဒီေျခစမ္းပြဲဟာ ေဆာ္ဒီေျမမွာ စီေရာ္နယ္လ္ဒိုအတြက္ ပထမဆုံး

ပြဲဦးထြက္ျဖစ္သလို တစ္ခ်ိန္ကလို ေျခစြမ္းမ်ိဳးျပသႏိုင္ၿပီး
Saudi Arabia All-Stars အသင္းအတြက္ (၂)ဂိုးသြင္းယူခဲ့တဲ့အျပင္
ပြဲအၿပီးမွာ Man of The Match ဆုကိုလည္း ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

မက္ဆီကလည္း ပုံမွန္ေျခစြမ္းအတိုင္းကစားႏိုင္ခဲ့ၿပီး အသင္းအတြက္
အဖြင့္ဂိုးကို ပြဲအစ(၃)မိနစ္မွာပဲ သြင္းယူခဲ့ပါတယ္။ မက္ဆီနဲ႔
စီေရာ္နယ္လ္ဒိုတို႔ဟာ ၿပီးခဲ့တဲ့ဆယ္စုႏွစ္တစ္ခုေက်ာ္အတြင္း ေဘာလုံး
ေလာကကို သိမ္းပိုက္ႏိုင္ခဲ့ၿပီး ခ်န္ပီယံဆုဖလားေတြနဲ႔ တစ္ဦးခ်င္း

အေကာင္းဆုံးဆုေတြကို တစ္ေယာက္တစ္လွည့္စီ ပိုင္ဆိုင္ခဲ့ၾကပါတယ္။

အခုအခ်ိန္မွာ ႏွစ္ေယာက္စလုံးက ေဘာလုံးသမားဘ၀ အဆုံးသတ္ခါနီး

ကာလေရာက္ရွိလာၿပီျဖစ္သလို ဒီေျခစမ္းပြဲက မက္ဆီနဲ႔ စီေရာ္နယ္လ္ဒိုတို႔
ေနာက္ဆုံးအႀကိမ္ရင္ဆိုင္ရတဲ့ပြဲအျဖစ္ သတ္မွတ္ရမွာျဖစ္ပါတယ္။

ပြဲမတိုင္ခင္ အဝတ္လဲခန္းအတြင္း စီေရာ္နယ္လ္ဒိုဟာ ေနမာ၊ ဘာေပ၊
မက္ဆီတို႔အပါအဝင္ PSG ကစားသမားေတြကို ႏႈတ္ဆက္ခဲ့ၿပီး မက္ဆီနဲ႔
တရင္းတႏွီးေပြ႕ဖက္ႏႈတ္ဆက္တဲ့ ႐ုပ္သံကို PSG အသင္းက သူတို႔ Twitter မွာ
Post တင္ခဲ့သလို မက္ဆီကလည္း followers (၄၂၁)သန္းအထိရွိတဲ့ သူ႔
Instagram Story မွာ ျပန္ Share ခဲ့ပါတယ္။