မလိုအပ်ဘဲ အခွင့်အရေး ဖြုန်းတီးခဲ့လို့ ဘရူနိုဖာနန်ဒက်စ်ကို အဲရစ်တန်ဟက် ဒေါသပေါက်ကွဲ

နော်တင်ဟမ်ဖော်ရက်စ်နဲ့ကစားခဲ့တဲ့ လိဂ်ဖလားဆီမီးဖိုင်နယ်ပွဲမှာ

မလိုအပ်ဘဲ ဂိုးသွင်းခွင့်ဖြုန်းတီးခဲ့တဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို
နည်းပြအဲရစ်တန်ဟက်တစ်ယောက် ဒေါသပေါက်ကွဲခဲ့ပါတယ်။

နော်တင်ဟမ်ဖော်ရက်စ်ကို (၃-ဝ)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ယူနိုက်တက်
အတွက် အဖွင့်ဂိုးကို ပွဲအစ(၆)မိနစ်မှာပဲ ရပ်ရှ်ဖို့ဒ်က တစ်ကိုယ်တော်
အစွမ်းနဲ့ သွင်းယူခဲ့ပြီး နော်တင်ဟမ်ဖော်ရက်စ်တိုက်စစ်မှူး ဆာရစ်ချ်က
တန်ပြန်တိုက်စစ်ကနေ ချေပဂိုးသွင်းခဲ့ပေမယ့် လူကျွံဘောဖြစ်နေလို့
ဂိုးမရခဲ့ပါဘူး။

အဲဒီနောက် ပထမပိုင်း(၄၃)မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်ဟာ လူမပေးဘဲ
ပယ်နယ်တီဧရိယာနဲ့ တော်တော်လှမ်းလှမ်းကနေ ဂိုးကန်သွင်းခဲ့ပြီး

သူ့ကန်ချက်က ဆိုးဆိုးရွားရွား လွဲချော်ခဲ့ပါတယ်။

အဲဒီလုပ်ရပ်အတွက် အဲရစ်တန်ဟက်က မကျေမနပ်ဖြစ်ပြီး ကွင်းဘေးနားမှာ

စိတ်ဆိုးဒေါသထွက်နေတဲ့မြင်ကွင်းကို ရုပ်သံပြကွက်တွေမှာ တွေ့မြင်ခဲ့ရပါတယ်။
ယူနိုက်တက်ပရိသတ်တွေကလည်း အဲရစ်တန်ဟက်ဘက်ကနေ ရပ်တည်ပြီး

‘ဘရူနိုရဲ့ ကန်ချက်အပေါ် အဲရစ်တန်ဟက် ကျေနပ်ပုံမရပါဘူး . .အဲရစ်တန်ဟက်
စိတ်ဆိုးမယ်ဆိုလည်း စိတ်ဆိုးချင်စရာပါပဲ’၊ ‘ဘရူနိုအပေါ် အဲရစ်တန်ဟက်
ခပ်ကြမ်းကြမ်း ကိုင်တွယ်သင့်နေပါပြီ။ ဘရူနိုရဲ့ စည်းကမ်းမလိုက်နာမှုက
စိတ်ပျက်စရာဖြစ်ပါတယ်’လို့ အွန်လိုင်းမှာ ရေးသားခဲ့ပါတယ်။

[Zawgyi]

ေနာ္တင္ဟမ္ေဖာ္ရက္စ္နဲ႔ကစားခဲ့တဲ့ လိဂ္ဖလားဆီမီးဖိုင္နယ္ပြဲမွာ
မလိုအပ္ဘဲ ဂိုးသြင္းခြင့္ျဖဳန္းတီးခဲ့တဲ့ ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ကို
နည္းျပအဲရစ္တန္ဟက္တစ္ေယာက္ ေဒါသေပါက္ကြဲခဲ့ပါတယ္။

ေနာ္တင္ဟမ္ေဖာ္ရက္စ္ကို (၃-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ ယူႏိုက္တက္
အတြက္ အဖြင့္ဂိုးကို ပြဲအစ(၆)မိနစ္မွာပဲ ရပ္ရွ္ဖို႔ဒ္က တစ္ကိုယ္ေတာ္

အစြမ္းနဲ႔ သြင္းယူခဲ့ၿပီး ေနာ္တင္ဟမ္ေဖာ္ရက္စ္တိုက္စစ္မႉး ဆာရစ္ခ်္က
တန္ျပန္တိုက္စစ္ကေန ေခ်ပဂိုးသြင္းခဲ့ေပမယ့္ လူကြၽံေဘာျဖစ္ေနလို႔
ဂိုးမရခဲ့ပါဘူး။

အဲဒီေနာက္ ပထမပိုင္း(၄၃)မိနစ္မွာ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ လူမေပးဘဲ
ပယ္နယ္တီဧရိယာနဲ႔ ေတာ္ေတာ္လွမ္းလွမ္းကေန ဂိုးကန္သြင္းခဲ့ၿပီး
သူ႔ကန္ခ်က္က ဆိုးဆိုး႐ြား႐ြား လြဲေခ်ာ္ခဲ့ပါတယ္။

အဲဒီလုပ္ရပ္အတြက္ အဲရစ္တန္ဟက္က မေက်မနပ္ျဖစ္ၿပီး ကြင္းေဘးနားမွာ
စိတ္ဆိုးေဒါသထြက္ေနတဲ့ျမင္ကြင္းကို ႐ုပ္သံျပကြက္ေတြမွာ ေတြ႕ျမင္ခဲ့ရပါတယ္။
ယူႏိုက္တက္ပရိသတ္ေတြကလည္း အဲရစ္တန္ဟက္ဘက္ကေန ရပ္တည္ၿပီး

‘ဘ႐ူႏိုရဲ႕ ကန္ခ်က္အေပၚ အဲရစ္တန္ဟက္ ေက်နပ္ပုံမရပါဘူး . .အဲရစ္တန္ဟက္
စိတ္ဆိုးမယ္ဆိုလည္း စိတ္ဆိုးခ်င္စရာပါပဲ’၊ ‘ဘ႐ူႏိုအေပၚ အဲရစ္တန္ဟက္

ခပ္ၾကမ္းၾကမ္း ကိုင္တြယ္သင့္ေနပါၿပီ။ ဘ႐ူႏိုရဲ႕ စည္းကမ္းမလိုက္နာမႈက
စိတ္ပ်က္စရာျဖစ္ပါတယ္’လို႔ အြန္လိုင္းမွာ ေရးသားခဲ့ပါတယ္။