မရောင်းဘူးဆိုမှ ချိန်လိုက်ပါလုပ်နေတဲ့ ဖိုဖာနာနဲ့ ချဲလ်ဆီးဇာတ်လမ်း

လက်စတာနောက်ခံလူဖိုဖာနာအတွက် ချဲလ်ဆီးရဲ့တတိယအကြိမ်မြောက်ကမ်းလှမ်းမှုကလည်း ပယ်ချခံလိုက်ရပြန်ပါတယ်။ လန်ဒန်ကလပ်ဟာ ပြင်သစ်နောက်ခံလူအတွက် ပေါင် သန်း ၇၀( အပိုဆုကြေးအပါအဝင် )အထိ

တိုးမြှင့်ကမ်းလှမ်းခဲ့တာပါ။ ဒုတိယအကြိမ်ကမ်းလှမ်းမှုတုန်းက ပေါင် ၆၅ သန်းရှိခဲ့ပြီး အခြေအနေကောင်းတယ်လို့ သတင်းထွက်ခဲ့ပေမယ့် တကယ်တမ်းမှာ အလုပ်မဖြစ်ခဲ့ပါဘူး။ လက်စတာဟာ သူတို့ကစားသမားကို

ကမ္ဘာ့စံချိန်တင် နောက်တန်းလူပြောင်းရွှေ့ကြေးအဖြစ် အနိမ့်ဆုံး ပေါင် သန်း ၈၀ ရမှသာ ရောင်းမယ်လို့လည်း သတင်းထွက်နေပါတယ်။ ဖိုဖာနာကို ပြီးခဲ့တဲ့မတ်လကမှ သူတို့ ၅ နှစ် စာချုပ်သက်တမ်းတိုးခဲ့တာပါ။

ဒါကြောင့် အသင်းမှာဆက်ထိန်းထားချင်တာကတစ်ဖက် ရောင်းရရင်လည်း ပြောင်းရွှေ့ကြေးအမြင့်မားဆုံးရချင်တာကတစ်ဖက်  လွန်ဆွဲနေပါတယ်။ နည်းပြဘရန်ဒန်ရော်ဂျာကတော့ အသင်းမှာဆက်နေတာ

အကောင်းဆုံးဖြစ်မယ်လို့ ပြင်သစ်သားကို နားချနေပါတယ်။ ဒါပေမဲ့ ကစားသမားကတော့ နွေဈေးကွက်မပိတ်ခင် ချဲလ်ဆီးကိုသွားချင်နေတာပါ။ ဒါကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ ဖိုဖာနာနဲ့

ကွင်းလယ်လူတိုင်လီမန်းစ်တို့ကို ပြီးခဲ့တဲ့ဆောက်သမ်တန်နဲ့ပွဲမှာ ချန်လှပ်ထားခဲ့ပါတယ်။ ပြင်သစ်သားကို လုံးဝစာရင်းမသွင်းခဲ့တာဖြစ်ပြီး တိုင်လီမန်းစ်ကိုတော့ အရန်ခုံမှာထားခဲ့တာပါ။

(zawgyi)

လက္စတာေနာက္ခံလူဖိုဖာနာအတြက္ ခ်ဲလ္ဆီးရဲ႕တတိယအႀကိမ္ေျမာက္ကမ္းလွမ္းမႈကလည္း ပယ္ခ်ခံလိုက္ရျပန္ပါတယ္။ လန္ဒန္ကလပ္ဟာ ျပင္သစ္ေနာက္ခံလူအတြက္ ေပါင္ သန္း ၇၀( အပိုဆုေၾကးအပါအဝင္ )အထိ

တိုးျမႇင့္ကမ္းလွမ္းခဲ့တာပါ။ ဒုတိယအႀကိမ္ကမ္းလွမ္းမႈတုန္းက ေပါင္ ၆၅ သန္းရွိခဲ့ၿပီး အေျခအေနေကာင္းတယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ တကယ္တမ္းမွာ အလုပ္မျဖစ္ခဲ့ပါဘူး။

လက္စတာဟာ သူတို႔ကစားသမားကို ကမာၻ႔စံခ်ိန္တင္ ေနာက္တန္းလူေျပာင္းေ႐ႊ႕ေၾကးအျဖစ္ အနိမ့္ဆုံး ေပါင္ သန္း ၈၀ ရမွသာ ေရာင္းမယ္လို႔လည္း သတင္းထြက္ေနပါတယ္။

ဖိုဖာနာကို ၿပီးခဲ့တဲ့မတ္လကမွ သူတို႔ ၅ ႏွစ္ စာခ်ဳပ္သက္တမ္းတိုးခဲ့တာပါ။ ဒါေၾကာင့္ အသင္းမွာဆက္ထိန္းထားခ်င္တာကတစ္ဖက္ ေရာင္းရရင္လည္း ေျပာင္းေ႐ႊ႕ေၾကးအျမင့္မားဆုံးရခ်င္တာကတစ္ဖက္ လြန္ဆြဲေနပါတယ္။

နည္းျပဘရန္ဒန္ေရာ္ဂ်ာကေတာ့ အသင္းမွာဆက္ေနတာ အေကာင္းဆုံးျဖစ္မယ္လို႔ ျပင္သစ္သားကို နားခ်ေနပါတယ္။ ဒါေပမဲ့ ကစားသမားကေတာ့ ေႏြေဈးကြက္မပိတ္ခင္ ခ်ဲလ္ဆီးကိုသြားခ်င္ေနတာပါ။ ဒါေၾကာင့္

မတည္မၿငိမ္ျဖစ္ေနတဲ့ ဖိုဖာနာနဲ႔ ကြင္းလယ္လူတိုင္လီမန္းစ္တို႔ကို ၿပီးခဲ့တဲ့ေဆာက္သမ္တန္နဲ႔ပြဲမွာ ခ်န္လွပ္ထားခဲ့ပါတယ္။ ျပင္သစ္သားကို လုံးဝစာရင္းမသြင္းခဲ့တာျဖစ္ၿပီး တိုင္လီမန္းစ္ကိုေတာ့ အရန္ခုံမွာထားခဲ့တာပါ။