မရဏအုပ်စုတွေမှာ အသင်းဟောင်းတွေနဲ့ ပြန်လည်ရင်ဆိုင်ရတော့မယ့် လီဝမ်ဒေါစကီးနဲ့ ဟာလန်း

ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ရောက်လာတဲ့အသင်းတိုင်းဟာ ရေမြွေတွေမဟုတ်ကြပါဘူး။ ဒါကြောင့် အုပ်စုတိုင်းမှာ စိန်ခေါ်မှုတွေရှိနေပါတယ်။ ဒါပေမဲ့ အစဉ်အလာ၊ လက်ရှိခြေစွမ်းနဲ့ ကစားသမားအင်အားအရတော့

အုပ်စု H ကို မရဏအုပ်စု( Group of Death )အဖြစ် အများစုက သတ်မှတ်လိုက်ကြပါတယ်။ ဒီအုပ်စုမှာ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ အင်တာမီလန်နဲ့ ဗစ်တိုးရီးယားပါလ်ဇန်တို့ အတူကျနေတာပါ။

တနည်းအားဖြင့် ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာဟာ ရေစက်ပြန်ဆုံနေကြပြီး ၂၀၁၉-၂၀၂၀ ရာသီတုန်းက ဖြစ်ရပ်ကို အမှတ်ရစရာဖြစ်လာခဲ့ပါတယ်။ အဲဒီတုန်းက ကွာတားဖိုင်နယ်မှာ ဒီနှစ်သင်းတွေ့ခဲ့ကြပြီး

ဘာစီလိုနာဟာ ၂-၈ ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာတော့ နှစ်သင်းလုံးအပြောင်းအလဲတွေ လုပ်ထားကြတာကြောင့် ဘာစီလိုနာ ရှုံးကြွေးဆပ်နိုင်မလား၊ ဘိုင်ယန်ကပဲ အကြွေးထပ်တင်သွားမလားဆိုတာ

စိတ်ဝင်စားစရာကောင်းနေပါတယ်။ အထူးသဖြင့် ဒီနွေဈေးကွက်မှာ ဘိုင်ယန်ကနေ ဘာစီလိုနာကိုပြောင်းရွှေ့လာတဲ့ တိုက်စစ်မှူးလီဝမ်ဒေါစကီးအတွက် အသင်းဟောင်းကို ချက်ချင်းကြီးပြန်လည်ရင်ဆိုင်မှာက တုန်လှုပ်စရာတိုက်ဆိုင်မှုတစ်ခု ဖြစ်နေပါတယ်။

ပိုလန်တိုက်စစ်မှူးတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ မန်စီးတီးတိုက်စစ်မှူးသစ် ဟာလန်းကလည်း အသင်းဟောင်း ဒေါ့တ်မန်နဲ့ပြန်ဆုံနေပါတယ်။ မန်စီးတီး၊ ဒေါ့တ်မန်၊ ဆီဗီလာနဲ့ ကိုပင်ဟေဂင်တို့ပါဝင်နေတဲ့

အုပ်စု G ကလည်း မချောင်ပါဘူး။ ယူရိုပါလိဂ်ဘုရင် ဆီဗီလာဟာ ချန်ပီယံလိဂ်ကိုနယ်ချဲ့ဖို့ ကြိုးစားလာမှာဖြစ်သလို ဒေါ့တ်မန်ကလည်း ဖျက်မြင်းအသင်းတစ်သင်းဖြစ်နေတာပါ။

(zawgyi)

ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကို ေရာက္လာတဲ့အသင္းတိုင္းဟာ ေရေႁမြေတြမဟုတ္ၾကပါဘူး။ ဒါေၾကာင့္ အုပ္စုတိုင္းမွာ စိန္ေခၚမႈေတြရွိေနပါတယ္။ ဒါေပမဲ့ အစဥ္အလာ၊ လက္ရွိေျခစြမ္းနဲ႔ ကစားသမားအင္အားအရေတာ့

အုပ္စု H ကို မရဏအုပ္စု( Group of Death )အျဖစ္ အမ်ားစုက သတ္မွတ္လိုက္ၾကပါတယ္။ ဒီအုပ္စုမွာ ဘိုင္ယန္ျမဴးနစ္၊ ဘာစီလိုနာ၊ အင္တာမီလန္နဲ႔ ဗစ္တိုးရီးယားပါလ္ဇန္တို႔ အတူက်ေနတာပါ။ တနည္းအားျဖင့္ ဘိုင္ယန္ျမဴးနစ္နဲ႔

ဘာစီလိုနာဟာ  ေရစက္ျပန္ဆုံေနၾကၿပီး ၂၀၁၉-၂၀၂၀ ရာသီတုန္းက ျဖစ္ရပ္ကို အမွတ္ရစရာျဖစ္လာခဲ့ပါတယ္။ အဲဒီတုန္းက ကြာတားဖိုင္နယ္မွာ ဒီႏွစ္သင္းေတြ႕ခဲ့ၾကၿပီး ဘာစီလိုနာဟာ ၂-၈ ဂိုးနဲ႔

အရွက္တကြဲရႈံးနိမ့္ခဲ့ဖူးပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ႏွစ္သင္းလုံးအေျပာင္းအလဲေတြ လုပ္ထားၾကတာေၾကာင့္ ဘာစီလိုနာ ရႈံးေႂကြးဆပ္ႏိုင္မလား၊ ဘိုင္ယန္ကပဲ အေႂကြးထပ္တင္သြားမလားဆိုတာ

စိတ္ဝင္စားစရာေကာင္းေနပါတယ္။ အထူးသျဖင့္ ဒီေႏြေဈးကြက္မွာ ဘိုင္ယန္ကေန ဘာစီလိုနာကိုေျပာင္းေ႐ႊ႕လာတဲ့ တိုက္စစ္မႉးလီဝမ္ေဒါစကီးအတြက္ အသင္းေဟာင္းကို ခ်က္ခ်င္းႀကီးျပန္လည္ရင္ဆိုင္မွာက

တုန္လႈပ္စရာတိုက္ဆိုင္မႈတစ္ခု ျဖစ္ေနပါတယ္။ ပိုလန္တိုက္စစ္မႉးတစ္ေယာက္တည္းေတာ့ မဟုတ္ပါဘူး။ မန္စီးတီးတိုက္စစ္မႉးသစ္ ဟာလန္းကလည္း အသင္းေဟာင္း ေဒါ့တ္မန္နဲ႔ျပန္ဆုံေနပါတယ္။

မန္စီးတီး၊ ေဒါ့တ္မန္၊ ဆီဗီလာနဲ႔ ကိုပင္ေဟဂင္တို႔ပါဝင္ေနတဲ့ အုပ္စု G ကလည္း မေခ်ာင္ပါဘူး။ ယူ႐ိုပါလိဂ္ဘုရင္ ဆီဗီလာဟာ ခ်န္ပီယံလိဂ္ကိုနယ္ခ်ဲ႕ဖို႔ ႀကိဳးစားလာမွာျဖစ္သလို ေဒါ့တ္မန္ကလည္း ဖ်က္ျမင္းအသင္းတစ္သင္းျဖစ္ေနတာပါ။