မမှားသင့်တဲ့အမှားအတွက် ပရိသတ်တွေကို ဂိုးသမားဒီဂီယာ ချက်ချင်းတောင်းပန်ခဲ့

ဘရန့်ဖို့ဒ်နဲ့ပွဲပြီးတာနဲ့ မန်ယူဂိုးသမားဒီဂီယာက သူ့ရဲ့အမှားတွေအတွက် ပရိသတ်တွေကို တောင်းပန်သွားခဲ့ပါတယ်။ Sky Sports ရုပ်သံဌာနကို အင်တာဗျူးလုပ်ပေးဖို့ စပိန်ဂိုးသမားကတောင်းဆိုပြီး

သူ့ရဲ့အမှားတွေအတွက် ပရိသတ်ကိုတောင်းပန်သွားခဲ့တာပါ။ “ ဒီပွဲအတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ အသင်း ၂ မှတ်နစ်နာခဲ့ရတာဟာ ကျွန်တော့်အမှားကြောင့်လို့ထင်ပါတယ်။

ကျွန်တော့်ရဲ့အဆိုးရွားဆုံးစွမ်းဆောင်ရည်ဖြစ်ခဲ့ပါတယ်။ ဒီအတွက် ကျွန်တော်တောင်းပန်ပါတယ်။ ဒါပေမဲ့ ဘောလုံးပွဲတွေမှာ ဒါမျိုးမှားတတ်ပါတယ်။ ကျွန်တော်တို့ ဒီထက်ပိုကောင်းတာမျိုး

ပြနိုင်သင့်သလို ကျွန်တော်လည်း ပထမဂိုးမပေးရရေးအတွက် ကာကွယ်နိုင်သင့်ခဲ့တာပါ။ ကျွန်တော်သာလုပ်နိုင်ခဲ့ရင် ပွဲအဖြေက တစ်မျိုးဖြစ်သွားနိုင်ပါတယ် ” လို့ ဒီဂီယာက ပြောသွားခဲ့ပါတယ်။

စပိန်သားဟာ ဘရန့်ဖို့ဒ်ကို ၄ ဂိုးပြတ်ရှုံးတဲ့ပွဲမှာ အမှားတွေလုပ်မိခဲ့ပါတယ်။ အထူးသဖြင့် ပထမဂိုးဟာ သူ့လက်ကြားကထွက်ပြီး ဝင်သွားခဲ့တာပါ။ ဘရန့်ဖို့ဒ်ကွင်းလယ်လူ ဒါဆေးလ်ဗားရဲ့ကန်ချက်က သိပ်မပြင်းခဲ့ပါဘူး။

အတွက်အဆမှားတာနဲ့ ပေါ့ဆမှုကြောင့် ပေးလိုက်ရတဲ့အဖွင့်ဂိုးဟာ မန်ယူအတွက် ဖိအားများစေခဲ့တာပါ။ သူသာ လူကပ်ခံထားရတဲ့အဲရစ်ဆင်ကို ဘောလုံးမပေးရင် ဂျန်ဆန်လည်းလုပြီး

ဖန်တီးပေးနိုင်မှာ မဟုတ်ပါဘူး။ ဘရိုက်တန်လိုပဲ ဘရန့်ဖို့ဒ်လည်း အမြင့်ဘောအားပြုမှာကို သိသိကြီးနဲ့ ကြိုတင်ကာကွယ်မှု မလုပ်နိုင်ခဲ့တဲ့ နည်းပြတန်းဟတ်မှာလည်း တာဝန်ရှိပါတယ်။

(zawgyi)

ဘရန႔္ဖို႔ဒ္နဲ႔ပြဲၿပီးတာနဲ႔ မန္ယူဂိုးသမားဒီဂီယာက သူ႔ရဲ႕အမွားေတြအတြက္ ပရိသတ္ေတြကို ေတာင္းပန္သြားခဲ့ပါတယ္။ Sky Sports ႐ုပ္သံဌာနကို အင္တာဗ်ဴးလုပ္ေပးဖို႔ စပိန္ဂိုးသမားကေတာင္းဆိုၿပီး

သူ႔ရဲ႕အမွားေတြအတြက္ ပရိသတ္ကိုေတာင္းပန္သြားခဲ့တာပါ။ “ ဒီပြဲအတြက္ ကြၽန္ေတာ့္မွာ တာဝန္ရွိပါတယ္။ အသင္း ၂ မွတ္နစ္နာခဲ့ရတာဟာ ကြၽန္ေတာ့္အမွားေၾကာင့္လို႔ထင္ပါတယ္။

ကြၽန္ေတာ့္ရဲ႕အဆိုး႐ြားဆုံးစြမ္းေဆာင္ရည္ျဖစ္ခဲ့ပါတယ္။ ဒီအတြက္ ကြၽန္ေတာ္ေတာင္းပန္ပါတယ္။ ဒါေပမဲ့ ေဘာလုံးပြဲေတြမွာ ဒါမ်ိဳးမွားတတ္ပါတယ္။ ကြၽန္ေတာ္တို႔

ဒီထက္ပိုေကာင္းတာမ်ိဳး ျပႏိုင္သင့္သလို ကြၽန္ေတာ္လည္း ပထမဂိုးမေပးရေရးအတြက္ ကာကြယ္ႏိုင္သင့္ခဲ့တာပါ။ ကြၽန္ေတာ္သာလုပ္ႏိုင္ခဲ့ရင္ ပြဲအေျဖက တစ္မ်ိဳးျဖစ္သြားႏိုင္ပါတယ္ ” လို႔ ဒီဂီယာက

ေျပာသြားခဲ့ပါတယ္။ စပိန္သားဟာ ဘရန႔္ဖို႔ဒ္ကို ၄ ဂိုးျပတ္ရႈံးတဲ့ပြဲမွာ အမွားေတြလုပ္မိခဲ့ပါတယ္။ အထူးသျဖင့္ ပထမဂိုးဟာ သူ႔လက္ၾကားကထြက္ၿပီး ဝင္သြားခဲ့တာပါ။ ဘရန႔္ဖို႔ဒ္ကြင္းလယ္လူ

ဒါေဆးလ္ဗားရဲ႕ကန္ခ်က္က သိပ္မျပင္းခဲ့ပါဘူး။ အတြက္အဆမွားတာနဲ႔ ေပါ့ဆမႈေၾကာင့္ ေပးလိုက္ရတဲ့အဖြင့္ဂိုးဟာ မန္ယူအတြက္ ဖိအားမ်ားေစခဲ့တာပါ။ သူသာ လူကပ္ခံထားရတဲ့အဲရစ္ဆင္ကို ေဘာလုံးမေပးရင္

ဂ်န္ဆန္လည္းလုၿပီး ဖန္တီးေပးႏိုင္မွာ မဟုတ္ပါဘူး။ ဘ႐ိုက္တန္လိုပဲ ဘရန႔္ဖို႔ဒ္လည္း အျမင့္ေဘာအားျပဳမွာကို သိသိႀကီးနဲ႔ ႀကိဳတင္ကာကြယ္မႈ မလုပ္ႏိုင္ခဲ့တဲ့ နည္းျပတန္းဟတ္မွာလည္း တာဝန္ရွိပါတယ္။