မန်ယူ ဒိုင်ကူလို့ အပြောခံရလောက်အောင် တွမ်မီနေး ဘတ်စ်ကက်ဘောကစားပေမယ့် ပင်နယ်တီ မပေးခဲ့ရတဲ့ သရဲနီ

မန်ယူဒိုင်ကူဆိုတဲ့စကားဟာ ယူနိုက်တက်ပရိသတ်တွေအတွက် မခံချင်စရာကောင်းတဲ့ အတိတ်ဆိုးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆောက်သမ်တန်ကိုအနိုင်ရတဲ့ပွဲမှာလည်း အလားတူထပ်ဖြစ်ခဲ့ပြန်တာကြောင့်

ပြိုင်ဘက်ပရိသတ်တွေကတော့ မေးခွန်းထုတ်နေကြပါပြီ။ ယူနိုက်တက် ဂိုးဧရိယာထဲမှာ ကွင်းလယ်လူတွမ်မီနေး လက်နဲ့ဘောလုံးကို ၃ ကြိမ်ထိခဲ့ပေမယ့် ဒိုင်လူကြီးအန်ဒီမက်ဒ်လေးက မတော်တဆဖြစ်ရပ်လို့

သတ်မှတ်ခဲ့သလို VAR ကလည်း အရေးမယူပေးခဲ့ပါဘူး။ ရုပ်သံအနှေးပြကွက်တွေမှာ ဆောက်သမ်တန်တိုက်စစ်မှူးအဒမ်နဲ့ ဘောလုံးယှဉ်အလု တွမ်မီနေးလက်ထိတာ ဘတ်စ်ကက်ဘောကစားနေသလို ရှင်းလင်းခဲ့တာပါ။

ဒါဟာ ဆောက်သမ်တန်အတွက် တကယ့်ကိုနစ်နာစရာဖြစ်ခဲ့ပြီး VAR စနစ်အပေါ်မှာလည်း မေးခွန်းထုတ်မှုတွေ ပိုများလာခဲ့ပါတယ်။ ဒီသီတင်းပတ် အစောပိုင်းကတောင် VAR ဒိုင်လူကြီးမိုက်ဒင်းက

လီဗာပူးလ်နဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်ရဲ့သွင်းဂိုးကို ခွင့်ပြုခဲ့တာနဲ့ပတ်သက်ပြီး ဘာကြောင့်လူမကျွံရသလဲဆိုတာ ဖြေရှင်းခဲ့ပါသေးတယ်။ အခုတော့ ရှေ့ကဖုံးနောက်ကပေါ်သလို မန်ယူဒိုင်ကူနေပြီလားဆိုတဲ့အသံတွေ

ပြန်ကြားလာရတာပါ။ အင်္ဂလိပ်ဒိုင်တွေက ရယ်စရာကောင်းတယ်၊ VAR က အထောက်အကူမဖြစ်တဲ့အပြင် အိပ်မက်ဆိုးပါပေးတာ၊ ဒိုင်ကညံ့တာလား VAR က ညံ့တာလား၊

တွမ်မီနေး လက်ထိဘော ၃ ကြိမ်ဖြစ်တာတောင် ဘာမှမပေးဘူးတဲ့လား၊ ဘာကြောင့် ပင်နယ်တီမပေးတာလဲ ဒါရာဇဝတ်မှုပဲ စတဲ့ မှတ်ချက်တွေ ဆိုရှယ်မီဒီယာပေါ်မှာ ပလူပျံနေပါတယ်။

(zawgyi)

မန္ယူဒိုင္ကူဆိုတဲ့စကားဟာ ယူႏိုက္တက္ပရိသတ္ေတြအတြက္ မခံခ်င္စရာေကာင္းတဲ့ အတိတ္ဆိုးတစ္ခုျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ေဆာက္သမ္တန္ကိုအႏိုင္ရတဲ့ပြဲမွာလည္း အလားတူထပ္ျဖစ္ခဲ့ျပန္တာေၾကာင့္

ၿပိဳင္ဘက္ပရိသတ္ေတြကေတာ့ ေမးခြန္းထုတ္ေနၾကပါၿပီ။ ယူႏိုက္တက္ ဂိုးဧရိယာထဲမွာ ကြင္းလယ္လူတြမ္မီေနး လက္နဲ႔ေဘာလုံးကို ၃ ႀကိမ္ထိခဲ့ေပမယ့္ ဒိုင္လူႀကီးအန္ဒီမက္ဒ္ေလးက

မေတာ္တဆျဖစ္ရပ္လို႔ သတ္မွတ္ခဲ့သလို VAR ကလည္း အေရးမယူေပးခဲ့ပါဘူး။ ႐ုပ္သံအေႏွးျပကြက္ေတြမွာ ေဆာက္သမ္တန္တိုက္စစ္မႉးအဒမ္နဲ႔ ေဘာလုံးယွဥ္အလု တြမ္မီေနးလက္ထိတာ ဘတ္စ္ကက္ေဘာကစားေနသလို

ရွင္းလင္းခဲ့တာပါ။ ဒါဟာ ေဆာက္သမ္တန္အတြက္ တကယ့္ကိုနစ္နာစရာျဖစ္ခဲ့ၿပီး VAR စနစ္အေပၚမွာလည္း ေမးခြန္းထုတ္မႈေတြ ပိုမ်ားလာခဲ့ပါတယ္။ ဒီသီတင္းပတ္ အေစာပိုင္းကေတာင္

VAR ဒိုင္လူႀကီးမိုက္ဒင္းက လီဗာပူးလ္နဲ႔ပြဲမွာ ရက္ရွ္ဖို႔ဒ္ရဲ႕သြင္းဂိုးကို ခြင့္ျပဳခဲ့တာနဲ႔ပတ္သက္ၿပီး ဘာေၾကာင့္လူမကြၽံရသလဲဆိုတာ ေျဖရွင္းခဲ့ပါေသးတယ္။ အခုေတာ့ ေရွ႕ကဖုံးေနာက္ကေပၚသလို

မန္ယူဒိုင္ကူေနၿပီလားဆိုတဲ့အသံေတြ ျပန္ၾကားလာရတာပါ။ အဂၤလိပ္ဒိုင္ေတြက ရယ္စရာေကာင္းတယ္၊ VAR က အေထာက္အကူမျဖစ္တဲ့အျပင္ အိပ္မက္ဆိုးပါေပးတာ၊ ဒိုင္ကညံ့တာလား VAR က ညံ့တာလား၊

တြမ္မီေနး လက္ထိေဘာ ၃ ႀကိမ္ျဖစ္တာေတာင္ ဘာမွမေပးဘူးတဲ့လား၊ ဘာေၾကာင့္ ပင္နယ္တီမေပးတာလဲ ဒါရာဇဝတ္မႈပဲ စတဲ့ မွတ္ခ်က္ေတြ ဆိုရွယ္မီဒီယာေပၚမွာ ပလူပ်ံေနပါတယ္။