မန်ယူအတွက် အလကား လာကစားပေးဖို့ အဆင်သင့်ပဲဆိုတဲ့ သရဲနီဟောင်း ဟာနန်ဒက်ဇ်

ချီချာရီတိုလို့ လူသိများတဲ့ တစ်ချိန်က မန်ယူပရိသတ်တွေရဲ့အသည်းကျော် ဂျာဗီရာဟာနန်ဒက်ဇ်လည်း အသင်းဟောင်းရဲ့အခြေအနေကိုမြင်ရတာ စိတ်မချမ်းသာတော့ပါဘူး။ သရဲနီတွေအတွက်

အလကား လာကစားပေးဖို့ အဆင်သင့်ပါပဲလို့ Mirror နဲ့ အင်တာဗျူးမှာ ဖွင့်ဟလိုက်ပါတယ်။ မက္ကဆီကိုတိုက်စစ်မှူးဟာ အိုးလ်ထရက်ဖို့ဒ်မှာရှိစဉ်တုန်းက ချဲလ်ဆီးနဲ့ရင်ဆိုင်ခဲ့တဲ့

၁၅ ပွဲမှာ ၉ ဂိုး သွင်းခဲ့တာအပါအဝင် မန်ယူအတွက် အရေးပါတဲ့ဂိုးတွေ သွင်းပေးခဲ့သူပါ။ ဂွါဒါလာဂျာရာကနေ ဆာအဲလက်စ်ဖာဂူဆန်ခေါ်ယူခဲ့တဲ့ ဟာနန်ဒက်ဇ်ဟာ မန်ယူအတွက် စုစုပေါင်း

၁၃၁ ပွဲ ကစားသွားခဲ့ပြီး ၄၆ ဂိုးသွင်း ၁၀ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါတောင် ၆၇ ပွဲသာ ပွဲထွက်ခွင့်ရခဲ့တဲ့ super-sub စစ်စစ်တစ်ယောက်ပါ။ လက်ရှိအချိန်မှာ မေဂျာလိဂ်ကလပ်

လော့စ်အိန်ဂျယ်လိစ်မှာကစားနေတဲ့ အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးက “ တကယ်လို့ ယူနိုက်တက်က ကျွန်တော့်အတွက်ကမ်းလှမ်းလာခဲ့ရင် .. ဟုတ်ကဲ့လို့ ပြောလိုက်မှာပါ။

ကျွန်တော် အလကား ကစားပေးမှာပါ။ တကယ်ပါ။ ခင်ဗျားသိပါတယ်။ ကျွန်တော် အဲဒီလိုလုပ်မှာပါ။ ဒါပေမဲ့ ဒီအသင်းကို ကျွန်တော် အများကြီးလေးစားပါတယ်။

လက်ရှိအချိန်မှာတော့ ကျွန်တော်ဟာ အယ်လ်အေဂလက်စီနဲ့အတူ ချန်ပီယံဖြစ်ဖို့ တစိုက်မတ်မတ်ကြိုးစားနေပါတယ်။

အနာဂတ်မှာ အကြောင်းအရာတွေဖြစ်လာမယ်ဆိုရင်တော့ ဖြစ်လာတဲ့အတိုင်းပေါ့။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာ အယ်လ်အေဂလက်စီက ရာနှုန်းပြည့်ရှိနေပါတယ် ” လို့ ပြောသွားခဲ့တာပါ။

(zawgyi)

ခ်ီခ်ာရီတိုလို႔ လူသိမ်ားတဲ့ တစ္ခ်ိန္က မန္ယူပရိသတ္ေတြရဲ႕အသည္းေက်ာ္ ဂ်ာဗီရာဟာနန္ဒက္ဇ္လည္း အသင္းေဟာင္းရဲ႕အေျခအေနကိုျမင္ရတာ စိတ္မခ်မ္းသာေတာ့ပါဘူး။

သရဲနီေတြအတြက္ အလကား လာကစားေပးဖို႔ အဆင္သင့္ပါပဲလို႔ Mirror နဲ႔ အင္တာဗ်ဴးမွာ ဖြင့္ဟလိုက္ပါတယ္။ မကၠဆီကိုတိုက္စစ္မႉးဟာ အိုးလ္ထရက္ဖို႔ဒ္မွာရွိစဥ္တုန္းက

ခ်ဲလ္ဆီးနဲ႔ရင္ဆိုင္ခဲ့တဲ့ ၁၅ ပြဲမွာ ၉ ဂိုး သြင္းခဲ့တာအပါအဝင္ မန္ယူအတြက္ အေရးပါတဲ့ဂိုးေတြ သြင္းေပးခဲ့သူပါ။ ဂြါဒါလာဂ်ာရာကေန ဆာအဲလက္စ္ဖာဂူဆန္ေခၚယူခဲ့တဲ့ ဟာနန္ဒက္ဇ္ဟာ

မန္ယူအတြက္ စုစုေပါင္း ၁၃၁ ပြဲ ကစားသြားခဲ့ၿပီး ၄၆ ဂိုးသြင္း ၁၀ ဂိုး ဖန္တီးႏိုင္ခဲ့ပါတယ္။ ဒါေတာင္ ၆၇ ပြဲသာ ပြဲထြက္ခြင့္ရခဲ့တဲ့ super-sub စစ္စစ္တစ္ေယာက္ပါ။ လက္ရွိအခ်ိန္မွာ

ေမဂ်ာလိဂ္ကလပ္ ေလာ့စ္အိန္ဂ်ယ္လိစ္မွာကစားေနတဲ့ အသက္ ၃၄ ႏွစ္အ႐ြယ္တိုက္စစ္မႉးက “ တကယ္လို႔ ယူႏိုက္တက္က ကြၽန္ေတာ့္အတြက္ကမ္းလွမ္းလာခဲ့ရင္ .. ဟုတ္ကဲ့လို႔ ေျပာလိုက္မွာပါ။

ကြၽန္ေတာ္ အလကား ကစားေပးမွာပါ။ တကယ္ပါ။ ခင္ဗ်ားသိပါတယ္။ ကြၽန္ေတာ္ အဲဒီလိုလုပ္မွာပါ။ ဒါေပမဲ့ ဒီအသင္းကို ကြၽန္ေတာ္ အမ်ားႀကီးေလးစားပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ကြၽန္ေတာ္ဟာ

အယ္လ္ေအဂလက္စီနဲ႔အတူ ခ်န္ပီယံျဖစ္ဖို႔ တစိုက္မတ္မတ္ႀကိဳးစားေနပါတယ္။ အနာဂတ္မွာ အေၾကာင္းအရာေတြျဖစ္လာမယ္ဆိုရင္ေတာ့ ျဖစ္လာတဲ့အတိုင္းေပါ့။ ဒါေပမဲ့ ကြၽန္ေတာ့္စိတ္ထဲမွာ အယ္လ္ေအဂလက္စီက ရာႏႈန္းျပည့္ရွိေနပါတယ္ ” လို႔ ေျပာသြားခဲ့တာပါ။