မန်ယူအင်္ကျီမှာလိုက်တာ အာဆင်နယ်ကြယ်သီးနဲ့ဖြစ်နေလို့ ပရိသတ်တစ်ဦး ခေါင်းစားသွားခဲ့ရ

ယူနိုက်တက်ပရိသတ်တစ်ယောက်ကတော့ အွန်လိုင်းကနေ သူမှာလိုက်တဲ့ မန်ယူအင်္ကျီရောက်လာချိန်မှာ အတော်လေးခေါင်းရှုပ်သွားခဲ့ရပါတယ်။ သရဲနီတွေရဲ့အိမ်ကွင်းအင်္ကျီဟာ ကော်လာပါတဲ့

ခေတ်ဟောင်းပုံစံကြီးဖြစ်နေတာကြောင့် အစောပိုင်းကတည်းက ဝေဖန်ခံနေရတာပါ။ ဒါပေမဲ့ ပရိသတ်တစ်ယောက်ကတော့ သူ့ရဲ့တန်ဖိုးကြီးမန်ယူအင်္ကျီကို စစ်ဆေးကြည့်လိုက်ချိန်မှာ ထိတ်လန့်သွားခဲ့ရပါတယ်။

အကြောင်းကတော့ ကော်လာအောက်နားက ကြယ်သီးဟာ ပြိုင်ဘက်အာဆင်နယ်နာမည်ကြီးနဲ့ ဖြစ်နေလို့ပါ။ အဲဒီပရိသတ်က ဒါကို ဗွီဒီယိုရိုက်ပြီး TikTok မှာ တင်ခဲ့ပါတယ်။ “ အားလုံးကြည့်ကောင်းတယ်။

Adidas လည်း မိုက်တယ်။ ကော်လာလည်း ကြည့်ကောင်းတယ်။ Aero က အဆင်သင့်ပဲ။ ပြည့်စုံတယ်။ အိုး.. နေဦး။ ဒါက ဘာကြီးတုန်း။ ဒီ ေ-ာက်တလွဲက ဘာပြောတာတုန်း ” လို့လည်း

ဗွီဒီယိုထဲမှာ ပြောခဲ့ပါတယ်။ ကြည့်ရှုသူတစ်ဦးက “ ငါ့ဟာလည်း အမြန်စစ်ရမယ်။ ခရစ်တော်ကိုကျေးဇူးတင်ပါတယ် ” လို့ တုံ့ပြန်ခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ “ အဲဒါ Adidas ရဲ့အမှား၊

ဂလေဇာအမှား မဟုတ်ဘူးဆိုတာ မင်း သိလား ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ တစ်ချို့ကတော့ ဒီပရိသတ် လုပ်ကြံဇာတ်လမ်းထွင်နေတာလို့ ယူဆကြသလို တစ်ချို့ကလည်း အတုကြီးဝယ်လာတာဖြစ်မယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

(zawgyi)

ယူႏိုက္တက္ပရိသတ္တစ္ေယာက္ကေတာ့ အြန္လိုင္းကေန သူမွာလိုက္တဲ့ မန္ယူအက်ႌေရာက္လာခ်ိန္မွာ အေတာ္ေလးေခါင္းရႈပ္သြားခဲ့ရပါတယ္။ သရဲနီေတြရဲ႕အိမ္ကြင္းအက်ႌဟာ ေကာ္လာပါတဲ့ ေခတ္ေဟာင္းပုံစံႀကီးျဖစ္ေနတာေၾကာင့္

အေစာပိုင္းကတည္းက ေဝဖန္ခံေနရတာပါ။ ဒါေပမဲ့ ပရိသတ္တစ္ေယာက္ကေတာ့ သူ႔ရဲ႕တန္ဖိုးႀကီးမန္ယူအက်ႌကို စစ္ေဆးၾကည့္လိုက္ခ်ိန္မွာ ထိတ္လန႔္သြားခဲ့ရပါတယ္။ အေၾကာင္းကေတာ့

ေကာ္လာေအာက္နားက ၾကယ္သီးဟာ ၿပိဳင္ဘက္အာဆင္နယ္နာမည္ႀကီးနဲ႔ ျဖစ္ေနလို႔ပါ။ အဲဒီပရိသတ္က ဒါကို ဗြီဒီယို႐ိုက္ၿပီး TikTok မွာ တင္ခဲ့ပါတယ္။ “ အားလုံးၾကည့္ေကာင္းတယ္။ Adidas လည္း မိုက္တယ္။

ေကာ္လာလည္း ၾကည့္ေကာင္းတယ္။ Aero က အဆင္သင့္ပဲ။ ျပည့္စုံတယ္။ အိုး.. ေနဦး။ ဒါက ဘာႀကီးတုန္း။ ဒီ ေ-ာက္တလြဲက ဘာေျပာတာတုန္း ” လို႔လည္း ဗြီဒီယိုထဲမွာ ေျပာခဲ့ပါတယ္။

ၾကည့္ရႈသူတစ္ဦးက “ ငါ့ဟာလည္း အျမန္စစ္ရမယ္။ ခရစ္ေတာ္ကိုေက်းဇူးတင္ပါတယ္ ” လို႔ တုံ႔ျပန္ခဲ့ပါတယ္။ ေနာက္တစ္ေယာက္ကေတာ့ “ အဲဒါ Adidas ရဲ႕အမွား၊ ဂေလဇာအမွား မဟုတ္ဘူးဆိုတာ မင္း သိလား ” လို႔

မွတ္ခ်က္ေပးခဲ့ပါတယ္။ ဒါေပမဲ့ တစ္ခ်ိဳ႕ကေတာ့ ဒီပရိသတ္ လုပ္ႀကံဇာတ္လမ္းထြင္ေနတာလို႔ ယူဆၾကသလို တစ္ခ်ိဳ႕ကလည္း အတုႀကီးဝယ္လာတာျဖစ္မယ္လို႔ မွတ္ခ်က္ေပးခဲ့ၾကပါတယ္။