မန်ယူဝတ်စုံနဲ့ မာတီနက်ဇ် တစ်ကြိမ်ပေါ်လာတိုင်း ပေါင် ၅၆၀၀၀ ရမယ့် အေဂျက်ဇ်

မန်ချက်စတာယူနိုက်တက်ဟာ သူတို့ကစားသမားသစ် လီဆန်ဒရိုမာတီနက်ဇ် ပွဲထွက်ကစားတိုင်း အေဂျက်ဇ်ကို အပိုဆုကြေး ပေါင် ၅၆၀၀၀ ပေးချေရမယ်လို့ သိရပါတယ်။

အာဂျင်တီးနားလက်ရွေးစင်ဟာ အနာဂတ်နဲ့ပတ်သက်ပြီး လအတန်ကြာထင်ကြေးပေးခံခဲ့ရတဲ့နောက် မန်ယူရဲ့ရာသီကြိုခရီးစဉ်မှာ အသင်းဖော်သစ်တွေနဲ့ လာရောက်ပူးပေါင်းခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဗဟိုနောက်ခံလူကို ပြောင်းရွှေ့ကြေး ပေါင် ၄၇.၅ သန်းအပြင် အပိုဆုကြေး ပေါင် ၈.၅ သန်း သဘောတူညီမှုတစ်ရပ်နဲ့ မန်ယူခေါ်ခဲ့တာပါ။ ဒါပေမဲ့ မာတီနက်ဇ်ရဲ့

ပထမ ၅ နှစ်သက်တမ်းတစ်လျှောက် တစ်နှစ်ကို နောက်ထပ် ပေါင် ၁.၇ သန်းပေးချေရဦးမယ်လို့ သတင်းထွက်လာပါတယ်။ နယ်သာလန်သတင်းစာ De Telegraaf က တစ်ရာသီကို အမြင့်ဆုံး

ပွဲ ၃၀ ကစားနိုင်တဲ့အနေအထားမှာ အေဂျက်ဇ်ဟာ သရဲနီဝတ်စုံနဲ့ မာတီနက်ဇ်ပေါ်လာတိုင်း ပေါင် ၅၆၀၀၀ ရမယ်လို့ ဖေါ်ပြလိုက်တာပါ။ ဒီသဘောတူညီမှုအပိုဒ်မှာ ကန့်သတ်ချက်လည်းမရှိတာကြောင့်

မန်ယူဟာ မာတီနက်ဇ်ကို လူစားဝင်ကစားသမားအဖြစ် သုံးရင်တောင်မှ အပြည့်အဝပေးချေရလိမ့်မယ်လို့ ရေးသားထားပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲစုံ ပွဲပေါင်း ၄၉ ပွဲ

ကစားခဲ့ပါတယ်။ မာတီနက်ဇ်က အေဂျက်ဇ်အတွက် ပွဲပေါင်း ၃၇ ပွဲ ကစားပေးနိုင်ခဲ့တာကြောင့် ဒီသတင်းသာမှန်ရင် အာဂျင်တီးနားနောက်ခံလူကြောင့် သရဲနီတွေ အိတ်ထဲကထွက်မယ့်ပမာဏက မစားသာပါဘူး။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္ဟာ သူတို႔ကစားသမားသစ္ လီဆန္ဒ႐ိုမာတီနက္ဇ္ ပြဲထြက္ကစားတိုင္း ေအဂ်က္ဇ္ကို အပိုဆုေၾကး ေပါင္ ၅၆၀၀၀ ေပးေခ်ရမယ္လို႔ သိရပါတယ္။

အာဂ်င္တီးနားလက္ေ႐ြးစင္ဟာ အနာဂတ္နဲ႔ပတ္သက္ၿပီး လအတန္ၾကာထင္ေၾကးေပးခံခဲ့ရတဲ့ေနာက္ မန္ယူရဲ႕ရာသီႀကိဳခရီးစဥ္မွာ အသင္းေဖာ္သစ္ေတြနဲ႔ လာေရာက္ပူးေပါင္းခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ ဗဟိုေနာက္ခံလူကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၇.၅ သန္းအျပင္ အပိုဆုေၾကး ေပါင္ ၈.၅ သန္း သေဘာတူညီမႈတစ္ရပ္နဲ႔ မန္ယူေခၚခဲ့တာပါ။ ဒါေပမဲ့ မာတီနက္ဇ္ရဲ႕

ပထမ ၅ ႏွစ္သက္တမ္းတစ္ေလွ်ာက္ တစ္ႏွစ္ကို ေနာက္ထပ္ ေပါင္ ၁.၇ သန္းေပးေခ်ရဦးမယ္လို႔ သတင္းထြက္လာပါတယ္။ နယ္သာလန္သတင္းစာ De Telegraaf က တစ္ရာသီကို

အျမင့္ဆုံး ပြဲ ၃၀ ကစားႏိုင္တဲ့အေနအထားမွာ ေအဂ်က္ဇ္ဟာ သရဲနီဝတ္စုံနဲ႔ မာတီနက္ဇ္ေပၚလာတိုင္း ေပါင္ ၅၆၀၀၀ ရမယ္လို႔ ေဖၚျပလိုက္တာပါ။ ဒီသေဘာတူညီမႈအပိုဒ္မွာ

ကန႔္သတ္ခ်က္လည္းမရွိတာေၾကာင့္ မန္ယူဟာ မာတီနက္ဇ္ကို လူစားဝင္ကစားသမားအျဖစ္ သုံးရင္ေတာင္မွ အျပည့္အဝေပးေခ်ရလိမ့္မယ္လို႔ ေရးသားထားပါတယ္။ မန္ယူဟာ ၿပီးခဲ့တဲ့ရာသီတုန္းက

ၿပိဳင္ပြဲစုံ ပြဲေပါင္း ၄၉ ပြဲ ကစားခဲ့ပါတယ္။ မာတီနက္ဇ္က ေအဂ်က္ဇ္အတြက္ ပြဲေပါင္း ၃၇ ပြဲ ကစားေပးႏိုင္ခဲ့တာေၾကာင့္ ဒီသတင္းသာမွန္ရင္ အာဂ်င္တီးနားေနာက္ခံလူေၾကာင့္ သရဲနီေတြ အိတ္ထဲကထြက္မယ့္ပမာဏက မစားသာပါဘူး။