မန်ယူလိုချင်နေတဲ့ သူတို့ကွင်းလယ်လူဒီဂျောင်ကို ဘာစီလိုနာ တရားပြန်စွဲတော့မယ်

ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ကစားသမားဒီဂျောင်ကို တရားစွဲဖို့စီစဉ်နေတယ်လို့ သတင်းထွက်လာပါတယ်။ The Athletic အားကစားဝက်ဘ်ဆိုက်ရဲ့အယ်ဒီတာတစ်ဦးဖြစ်သူ

ဒေးဗစ်အွန်စတိန်းက တွစ်တာမှာရေးသားထားတာပါ။ နယ်သာလန်ကွင်းလယ်လူဟာ ဒီနွေမှာ မန်ယူရဲ့အဓိကပစ်မှတ်ဖြစ်ခဲ့ပါတယ်။ သရဲနီတွေနဲ့ ဘာစီလိုနာကြား

သဘောတူညီမှုရထားပေမယ့် ကာယကံရှင်က ငြင်းဆန်ခဲ့တယ်လို့လည်း သတင်းထွက်ခဲ့ပါတယ်။ ဒီဂျောင်ဟာ ၂၀၁၉ ဇန်နဝါရီမှာ အေဂျက်ဇ်ကနေ ဘာစီလိုနာကို

ရောက်ရှိလာခဲ့သူပါ။ ၂၀၂၀ အောက်တိုဘာမှာတော့ ၂၀၂၆ အထိသက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ထပ်မံချုပ်ဆိုခဲ့ပါတယ်။ အဲဒီ ၂ နှစ်သက်တမ်းတိုးစာချုပ်မှာ

လစာလျှော့ယူရမယ်ဆိုတဲ့ သဘောတူညီချက်ပါရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ဘာစီလိုနာဆီက လစာကြွေးကျန် ပေါင် ၁၈ သန်း ဒီဂျောင်ရဖို့ရှိနေတယ်ဆိုတဲ့

ကိစ္စမှာ ရှုပ်ထွေးမှုတွေရှိနေပြီး ဘာစီလိုနာဘက်ကတော့ စာချုပ်သက်တမ်းတိုးခဲ့ရာမှာ ဥပဒေနဲ့မညီတဲ့အချက်အလက်တွေ ပါနေတယ်လို့စွပ်စွဲထားပါတယ်။

ဒါ့အပြင် စာချုပ်သစ်ချုပ်ဆိုတုန်းက ပါဝင်ခဲ့သူတွေကိုလည်း တရားစွဲဖို့စီစဉ်နေတာကြောင့် ဥက္ကဌဟောင်းဘာတိုမြူပါ ပါဝင်လာရမယ့်အနေအထားဖြစ်နေတာပါ။ ဥပဒေနဲ့မညီတဲ့

အချက်အလက်တွေကြောင့် လက်ရှိစာချုပ်ကိုဖျက်သိမ်းပြီး နူးကမ့်ရောက်စကအတိုင်း စာချုပ်ပြန်ချုပ်ဖို့စီစဉ်နေတယ်လို့လည်း ဒေးဗစ်အွန်စတိန်းက သတင်းပေးထားပါတယ်။

(ZAWGYI)

ဘာစီလိုနာအသင္းဟာ သူတို႔ရဲ႕ကစားသမားဒီေဂ်ာင္ကို တရားစြဲဖို႔စီစဥ္ေနတယ္လို႔ သတင္းထြက္လာပါတယ္။ The Athletic အားကစားဝက္ဘ္ဆိုက္ရဲ႕အယ္ဒီတာတစ္ဦးျဖစ္သူ

ေဒးဗစ္အြန္စတိန္းက တြစ္တာမွာေရးသားထားတာပါ။ နယ္သာလန္ကြင္းလယ္လူဟာ ဒီေႏြမွာ မန္ယူရဲ႕အဓိကပစ္မွတ္ျဖစ္ခဲ့ပါတယ္။ သရဲနီေတြနဲ႔ ဘာစီလိုနာၾကား သေဘာတူညီမႈရထားေပမယ့္

ကာယကံရွင္က ျငင္းဆန္ခဲ့တယ္လို႔လည္း သတင္းထြက္ခဲ့ပါတယ္။ ဒီေဂ်ာင္ဟာ ၂၀၁၉ ဇန္နဝါရီမွာ ေအဂ်က္ဇ္ကေန ဘာစီလိုနာကို ေရာက္ရွိလာခဲ့သူပါ။ ၂၀၂၀ ေအာက္တိုဘာမွာေတာ့

၂၀၂၆ အထိသက္တမ္းရွိတဲ့ စာခ်ဳပ္တစ္ရပ္ထပ္မံခ်ဳပ္ဆိုခဲ့ပါတယ္။ အဲဒီ ၂ ႏွစ္သက္တမ္းတိုးစာခ်ဳပ္မွာ လစာေလွ်ာ့ယူရမယ္ဆိုတဲ့ သေဘာတူညီခ်က္ပါရွိတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္

ဘာစီလိုနာဆီက လစာေႂကြးက်န္ ေပါင္ ၁၈ သန္း ဒီေဂ်ာင္ရဖို႔ရွိေနတယ္ဆိုတဲ့ကိစၥမွာ ရႈပ္ေထြးမႈေတြရွိေနၿပီး ဘာစီလိုနာဘက္ကေတာ့ စာခ်ဳပ္သက္တမ္းတိုးခဲ့ရာမွာ ဥပေဒနဲ႔မညီတဲ့အခ်က္အလက္ေတြ

ပါေနတယ္လို႔စြပ္စြဲထားပါတယ္။ ဒါ့အျပင္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုတုန္းက ပါဝင္ခဲ့သူေတြကိုလည္း တရားစြဲဖို႔စီစဥ္ေနတာေၾကာင့္ ဥကၠဌေဟာင္းဘာတိုျမဴပါ ပါဝင္လာရမယ့္အေနအထားျဖစ္ေနတာပါ။

ဥပေဒနဲ႔မညီတဲ့အခ်က္အလက္ေတြေၾကာင့္ လက္ရွိစာခ်ဳပ္ကိုဖ်က္သိမ္းၿပီး ႏူးကမ့္ေရာက္စကအတိုင္း စာခ်ဳပ္ျပန္ခ်ဳပ္ဖို႔စီစဥ္ေနတယ္လို႔လည္း ေဒးဗစ္အြန္စတိန္းက သတင္းေပးထားပါတယ္။