မန်ယူရဲ့ရာသီအဖွင့် အိမ်ကွင်းပွဲစဉ်မှာ အရန်ခုံမှာထိုင်ပြီး အားပေးရတော့မယ့် ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ပွဲထွက်ခွင့်ရမှာ မဟုတ်ဘူးလို့ ဗြိတိန်အခြေစိုက် The Sun သတင်းစာက ဖေါ်ပြလာပါတယ်။

အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီသားရဲ့မန်ယူအနာဂတ်ကလည်း မသေချာသေးပါဘူး။ သရဲနီတွေရဲ့ရာသီကြိုလေ့ကျင့်ရေးနဲ့ခရီးစဉ်ကို လွဲချော်ခဲ့တဲ့ရော်နယ်ဒိုဟာ

ဗယ်လီကာနိုနဲ့ခြေစမ်းပွဲမှာလည်း ပထမပိုင်းသာ ကစားခွင့်ရခဲ့ပါတယ်။ ဒါဟာ နည်းပြတန်းဟတ်အတွက် ပွဲထွက်ခွင့်ပေးဖို့ လုံလောက်မှုမရှိဘူးလို့ ရေးသားထားတာပါ။

နယ်သာလန်သားနည်းပြက သူ့ရဲ့တိုက်စစ်အတွက် ဆန်ချို၊ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကို ရွေးချယ်ထားပါတယ်။ ဒါကြောင့် ရော်နယ်ဒိုဟာ အရန်ခုံမှာထိုင်ရတော့မှာပါ။

သူ့အနေနဲ့ မတ်လတုန်းက မန်စီးတီးနဲ့အဝေးကွင်းဒါဘီပွဲမှာ ပေါက်ကွဲသလိုမျိုး ပြန်လုပ်ပြဖို့အခွင့်အရေးလည်း မရှိတော့ပါဘူး။ အဲဒီတုန်းက နည်းပြရန်းနစ်ခ်က

သူ့ကိုအရန်ခုံထိုင်ခိုင်းခဲ့ပြီး မန်ယူလည်း ၄-၁ ဂိုးနဲ့ရှုံးခဲ့ပါတယ်။ ရော်နယ်ဒိုကလည်း ပေါ်တူဂီပြန်သွားပြီး ပေါက်ကွဲပြခဲ့ပါသေးတယ်။ ဒါပေမဲ့ တနင်္ဂနွေပွဲစဉ်မှာတော့

ရီးရဲလ်တိုက်စစ်မှူးဟောင်းဟာ ဂုဏ်သိက္ခာညှိုးနွမ်းစွာနဲ့ အသင်းဖော်တွေကို အားပေးရုံသာရှိပါတော့တယ်။ မန်ယူပရိသတ်တစ်ချို့ကတော့ ဗယ်လီကာနိုနဲ့ပွဲမှာ သူ့ကိုမခန့်လေးစားလုပ်ခဲ့တဲ့ ရော်နယ်ဒိုကို တန်းဟတ် ပညာပေးနေတာလို့ မှတ်ချက်ပေးနေကြပါတယ်။

(zawgyi)

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ ဘ႐ိုက္တန္နဲ႔ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာ ပြဲထြက္ခြင့္ရမွာ မဟုတ္ဘူးလို႔ ၿဗိတိန္အေျခစိုက္ The Sun သတင္းစာက ေဖၚျပလာပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ ေပၚတူဂီသားရဲ႕မန္ယူအနာဂတ္ကလည္း မေသခ်ာေသးပါဘူး။ သရဲနီေတြရဲ႕ရာသီႀကိဳေလ့က်င့္ေရးနဲ႔ခရီးစဥ္ကို လြဲေခ်ာ္ခဲ့တဲ့ေရာ္နယ္ဒိုဟာ ဗယ္လီကာႏိုနဲ႔ေျခစမ္းပြဲမွာလည္း

ပထမပိုင္းသာ ကစားခြင့္ရခဲ့ပါတယ္။ ဒါဟာ နည္းျပတန္းဟတ္အတြက္ ပြဲထြက္ခြင့္ေပးဖို႔ လုံေလာက္မႈမရွိဘူးလို႔ ေရးသားထားတာပါ။ နယ္သာလန္သားနည္းျပက သူ႔ရဲ႕တိုက္စစ္အတြက္

ဆန္ခ်ိဳ၊ မာရွယ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကို ေ႐ြးခ်ယ္ထားပါတယ္။ ဒါေၾကာင့္ ေရာ္နယ္ဒိုဟာ အရန္ခုံမွာထိုင္ရေတာ့မွာပါ။ သူ႔အေနနဲ႔ မတ္လတုန္းက မန္စီးတီးနဲ႔အေဝးကြင္းဒါဘီပြဲမွာ

ေပါက္ကြဲသလိုမ်ိဳး ျပန္လုပ္ျပဖို႔အခြင့္အေရးလည္း မရွိေတာ့ပါဘူး။ အဲဒီတုန္းက နည္းျပရန္းနစ္ခ္က သူ႔ကိုအရန္ခုံထိုင္ခိုင္းခဲ့ၿပီး မန္ယူလည္း ၄-၁ ဂိုးနဲ႔ရႈံးခဲ့ပါတယ္။

ေရာ္နယ္ဒိုကလည္း ေပၚတူဂီျပန္သြားၿပီး ေပါက္ကြဲျပခဲ့ပါေသးတယ္။ ဒါေပမဲ့ တနဂၤေႏြပြဲစဥ္မွာေတာ့ ရီးရဲလ္တိုက္စစ္မႉးေဟာင္းဟာ ဂုဏ္သိကၡာညႇိဳးႏြမ္းစြာနဲ႔ အသင္းေဖာ္ေတြကို

အားေပး႐ုံသာရွိပါေတာ့တယ္။ မန္ယူပရိသတ္တစ္ခ်ိဳ႕ကေတာ့ ဗယ္လီကာႏိုနဲ႔ပြဲမွာ သူ႔ကိုမခန႔္ေလးစားလုပ္ခဲ့တဲ့ ေရာ္နယ္ဒိုကို တန္းဟတ္ ပညာေပးေနတာလို႔ မွတ္ခ်က္ေပးေနၾကပါတယ္။