မန်ယူမှာသာဆက်နေပါ အကိုဆရာလို့ ရော်နယ်ဒိုကို နာနီ တိုက်တွန်း

မန်ချက်စတာယူနိုက်တက်မှာဆက်နေပါလို့ ရော်နယ်ဒိုကိုတိုက်တွန်းလိုက်သူကတော့ အသင်းဖော်ဟောင်းနာနီပါ။ နာနီဟာ ရော်နယ်ဒိုကိုဖုန်းခေါ်ခဲ့ပေမယ့်

အလုပ်တွေသိပ်များလွန်းတဲ့ မန်ယူတိုက်စစ်မှူးက ဖုန်းအကြာကြီးမပြောနိုင်ခဲ့ပါဘူး။ ဒါကြောင့် မန်ယူနဲ့ပေါ်တူဂီအသင်းဖော်ဟောင်း အိုးလ်ထရက်ဖို့ဒ်မှာ

ဆက်နေသင့်တဲ့အကြောင်း နာနီက လူသိရှင်ကြားရင်ဖွင့်လာခဲ့တာပါ။ “ သူ ဆက်နေမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ သူဟာ အရေးပါတဲ့ကစားသမားဖြစ်သလို

ကွဲပြားခြားနားမှုတွေ အမြဲလုပ်နိုင်သူဖြစ်ပါတယ်။ အသင်းကိုကူညီချင်စိတ် သူ့မှာရှိနေမယ်လို့လည်း ကျွန်တော်မျှော်လင့်ပါတယ်။

သူ့ကို ဆက်သွယ်ဖို့ ကျွန်တော်ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်များနေတဲ့ သူက ဖုန်းထဲမှာ အဖြေမပေးနိုင်ခဲ့ပါဘူး။ အခု ငါ အရမ်းအလုပ်များနေတယ်ကွာ..

မကြာခင် ငါတို့ပြောကြတာပေါ့.. လို့ သူကပြောပါတယ် ” လို့ နာနီက ဖွင့်ဟလိုက်တာပါ။ ပေါ်တူဂီတောင်ပံတိုက်စစ်မှူးဟာ အသင်းဟောင်းမန်ယူနဲ့ခြေစမ်းပွဲ

ဒုတိယပိုင်းမှာ မဲလ်ဘုန်းဗစ်ထရီအတွက် ပထမဆုံးအကြိမ်အဖြစ် လူစားဝင်ကစားခဲ့ပါတယ်။ မန်ယူက ၄-၁ ဂိုးနဲ့အနိုင်ရတဲ့အဲဒီပွဲမှာ နှစ်ဖက်ပရိသတ်တွေဟာ

နာနီကို လေးစားအသိအမှတ်ပြုခဲ့ကြပါတယ်။ သူဟာ သရဲနီတွေနဲ့အတူ ဆုဖလား ၁၂ လုံးဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၅ မှာ ထွက်ခွာသွားခဲ့သူပါ။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္မွာဆက္ေနပါလို႔ ေရာ္နယ္ဒိုကိုတိုက္တြန္းလိုက္သူကေတာ့ အသင္းေဖာ္ေဟာင္းနာနီပါ။ နာနီဟာ ေရာ္နယ္ဒိုကိုဖုန္းေခၚခဲ့ေပမယ့္ အလုပ္ေတြသိပ္မ်ားလြန္းတဲ့

မန္ယူတိုက္စစ္မႉးက ဖုန္းအၾကာႀကီးမေျပာႏိုင္ခဲ့ပါဘူး။ ဒါေၾကာင့္ မန္ယူနဲ႔ေပၚတူဂီအသင္းေဖာ္ေဟာင္း အိုးလ္ထရက္ဖို႔ဒ္မွာ ဆက္ေနသင့္တဲ့အေၾကာင္း နာနီက လူသိရွင္ၾကားရင္ဖြင့္လာခဲ့တာပါ။

“ သူ ဆက္ေနမယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္။ သူဟာ အေရးပါတဲ့ကစားသမားျဖစ္သလို ကြဲျပားျခားနားမႈေတြ အၿမဲလုပ္ႏိုင္သူျဖစ္ပါတယ္။ အသင္းကိုကူညီခ်င္စိတ္ သူ႔မွာရွိေနမယ္လို႔လည္း

ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္။ သူ႔ကို ဆက္သြယ္ဖို႔ ကြၽန္ေတာ္ႀကိဳးစားခဲ့ပါတယ္။ ဒါေပမဲ့ အလုပ္မ်ားေနတဲ့ သူက ဖုန္းထဲမွာ အေျဖမေပးႏိုင္ခဲ့ပါဘူး။ အခု ငါ အရမ္းအလုပ္မ်ားေနတယ္ကြာ..

မၾကာခင္ ငါတို႔ေျပာၾကတာေပါ့.. လို႔ သူကေျပာပါတယ္ ” လို႔ နာနီက ဖြင့္ဟလိုက္တာပါ။ ေပၚတူဂီေတာင္ပံတိုက္စစ္မႉးဟာ အသင္းေဟာင္းမန္ယူနဲ႔ေျခစမ္းပြဲ ဒုတိယပိုင္းမွာ မဲလ္ဘုန္းဗစ္ထရီအတြက္

ပထမဆုံးအႀကိမ္အျဖစ္ လူစားဝင္ကစားခဲ့ပါတယ္။ မန္ယူက ၄-၁ ဂိုးနဲ႔အႏိုင္ရတဲ့အဲဒီပြဲမွာ ႏွစ္ဖက္ပရိသတ္ေတြဟာ နာနီကို ေလးစားအသိအမွတ္ျပဳခဲ့ၾကပါတယ္။ သူဟာ သရဲနီေတြနဲ႔အတူ ဆုဖလား ၁၂ လုံးဆြတ္ခူးႏိုင္ခဲ့ၿပီး ၂၀၁၅ မွာ ထြက္ခြာသြားခဲ့သူပါ။