မန်ယူမှာဆက်နေဖို့ ရော်နယ်ဒိုအတွက် အချိန်မရှိတော့ဘူးလို့ နာနီ ကာကွယ်ပြောဆို

မန်ယူကနေ ရော်နယ်ဒိုထွက်ခွာချင်နေတာနဲ့ပတ်သက်ပြီး အသင်းဖော်ဟောင်းနာနီက ကာကွယ်ပြောဆိုလိုက်ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးဟာ ရွှေဘောလုံး ၅ ဆုရှင်နဲ့အတူ မန်ယူမှာရော နိုင်ငံလက်ရွေးစင်အသင်းမှာပါ ကစားခဲ့ဖူးသူပါ။

မန်ယူမှာ ရော်နယ်ဒိုနဲ့အတူ ၁၂၉ ပွဲ အတူတွဲကစားခဲ့ဖူးပြီး လက်ရှိ သြစတြေးလျကလပ် မဲလ်ဘုန်းရောက်နေတဲ့ နာနီက “ အချိန်တွေကပြောင်းလဲနေသလို တုံ့ပြန်မှုနဲ့သဘောထားတွေကလည်း

ပြောင်းလဲနိုင်ပါတယ်။ ဒါပေမဲ့ သူကတော့ ကျွန်တော်တို့မြင်တဲ့အတိုင်း ပုံမှန်ပါပဲ။ သူက ရှုံးတာမကြိုက်ဘူး၊ အသင်းခြေစွမ်းမပြနိုင်ရင် တုံ့ပြန်တယ်။ တစ်ခုတည်းသော ကွာခြားမှုက

အချိန်မတူတော့တာပါပဲ။ သူ မန်ယူမှာ ပြန်ကစားနေတယ်။ ဒါပေမဲ့ မတူတဲ့အသင်းတွေမှာ မတူတဲ့ကစားသမားတွေနဲ့လည်း ကောင်းကောင်းကစားနိုင်သူပါ။ ခိုင်မာတဲ့အသင်းတစ်သင်းဖြစ်ဖို့

တည်ဆောက်နေတဲ့အသင်းမှာ သူရောက်နေပါတယ်။ ဒါက မလွယ်ပါဘူး။ အချိန်ယူရပါတယ်။ ရော်နယ်ဒိုအတွက်တော့ အချိန်မရှိတော့ပါဘူး။ အသင်းတည်ဆောက်တာတွေ နောက်ရာသီကိုမျှော်တာတွေအတွက်

သူ အချိန်မပေးနိုင်တော့ပါဘူး။ သူက ထိပ်တန်းအဆင့်မှာ ဂိုးတွေဆက်သွင်းချင်သူပါ။ ဒါကြောင့် သူ့ရဲ့တုံ့ပြန်မှုက ပုံမှန်ပါပဲ။ ကျွန်တော်တို့အားလုံး တစ်ခါတရံမှာ မှားယွင်းတဲ့တုံ့ပြန်မှုတွေ ရှိတတ်ပါတယ် ” လို့ ရီယိုဖာဒီနန်ရဲ့

Vibe With Five podcast ကနေ ပြောသွားခဲ့တာပါ။ မန်ယူပရိသတ်တွေကတော့ ချန်ပီယံလိဂ်ကိုအကြောင်းပြပြီး အသင်းကထွက်ချင်နေတဲ့ ရော်နယ်ဒိုကို အမြင်မကြည်ကြတော့ပါဘူး။

(zawgyi)

မန္ယူကေန ေရာ္နယ္ဒိုထြက္ခြာခ်င္ေနတာနဲ႔ပတ္သက္ၿပီး အသင္းေဖာ္ေဟာင္းနာနီက ကာကြယ္ေျပာဆိုလိုက္ပါတယ္။ ေပၚတူဂီတိုက္စစ္မႉးဟာ ေ႐ႊေဘာလုံး ၅ ဆုရွင္နဲ႔အတူ မန္ယူမွာေရာ

ႏိုင္ငံလက္ေ႐ြးစင္အသင္းမွာပါ ကစားခဲ့ဖူးသူပါ။ မန္ယူမွာ ေရာ္နယ္ဒိုနဲ႔အတူ ၁၂၉ ပြဲ အတူတြဲကစားခဲ့ဖူးၿပီး လက္ရွိ ၾသစေၾတးလ်ကလပ္ မဲလ္ဘုန္းေရာက္ေနတဲ့ နာနီက “ အခ်ိန္ေတြကေျပာင္းလဲေနသလို

တုံ႔ျပန္မႈနဲ႔သေဘာထားေတြကလည္း ေျပာင္းလဲႏိုင္ပါတယ္။ ဒါေပမဲ့ သူကေတာ့ ကြၽန္ေတာ္တို႔ျမင္တဲ့အတိုင္း ပုံမွန္ပါပဲ။ သူက ရႈံးတာမႀကိဳက္ဘူး၊ အသင္းေျခစြမ္းမျပႏိုင္ရင္ တုံ႔ျပန္တယ္။

တစ္ခုတည္းေသာ ကြာျခားမႈက အခ်ိန္မတူေတာ့တာပါပဲ။ သူ မန္ယူမွာ ျပန္ကစားေနတယ္။ ဒါေပမဲ့ မတူတဲ့အသင္းေတြမွာ မတူတဲ့ကစားသမားေတြနဲ႔လည္း ေကာင္းေကာင္းကစားႏိုင္သူပါ။

ခိုင္မာတဲ့အသင္းတစ္သင္းျဖစ္ဖို႔ တည္ေဆာက္ေနတဲ့အသင္းမွာ သူေရာက္ေနပါတယ္။ ဒါက မလြယ္ပါဘူး။ အခ်ိန္ယူရပါတယ္။ ေရာ္နယ္ဒိုအတြက္ေတာ့ အခ်ိန္မရွိေတာ့ပါဘူး။ အသင္းတည္ေဆာက္တာေတြ

ေနာက္ရာသီကိုေမွ်ာ္တာေတြအတြက္ သူ အခ်ိန္မေပးႏိုင္ေတာ့ပါဘူး။ သူက ထိပ္တန္းအဆင့္မွာ ဂိုးေတြဆက္သြင္းခ်င္သူပါ။ ဒါေၾကာင့္ သူ႔ရဲ႕တုံ႔ျပန္မႈက ပုံမွန္ပါပဲ။ ကြၽန္ေတာ္တို႔အားလုံး တစ္ခါတရံမွာ မွားယြင္းတဲ့တုံ႔ျပန္မႈေတြ ရွိတတ္ပါတယ္ ” လို႔

ရီယိုဖာဒီနန္ရဲ႕ Vibe With Five podcast ကေန ေျပာသြားခဲ့တာပါ။ မန္ယူပရိသတ္ေတြကေတာ့ ခ်န္ပီယံလိဂ္ကိုအေၾကာင္းျပၿပီး အသင္းကထြက္ခ်င္ေနတဲ့ ေရာ္နယ္ဒိုကို အျမင္မၾကည္ၾကေတာ့ပါဘူး။