မန်ယူမသွားချင်တဲ့ ဒီဂျောင်ကို စွတ်ဖိအားပေးနေတာကြောင့် ဘာစီလိုနာ ဝေဖန်ခံနေရ

ဘာစီလိုနာကတော့ ဒီဂျောင်နဲ့ပတ်သက်ပြီး အတော်လေးနာမည်ပျက်နေပါတယ်။ နယ်သာလန်ကွင်းလယ်လူကို မန်ယူဆီရောင်းချဖို့ သူတို့က သဘောတူထားပါတယ်။

ကနဦးပြောင်းရွှေ့ကြေး ပေါင် ၇၁ သန်းလောက်ရှိမယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမဲ့ ကစားသမားကတော့ ဘာစီလိုနာကနေ မခွာချင်ဖြစ်နေပါတယ်။

ဒီမြို့မှာ အခြေကျနေသလို နူးကမ့်မှာပဲနေချင်တယ်လို့ တင်းခံထားပါတယ်။ ကစားသမားသစ်တွေ မှတ်ပုံတင်ရေးအပါအဝင် ဘဏ္ဍာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့

ဘာစီလိုနာဟာ ဒီဂျောင်လို လစာများတဲ့ကစားသမားမျိုးကို ထုတ်ရောင်းမှပြေလည်မယ့် အခြေအနေပါ။ ဒါကြောင့် အသင်းကနေထွက်ခွာသွားဖို့ သူတို့ရဲ့ဖိအားပေးမှုဟာ

ညစ်တဲ့အသွင်ကို ကူးပြောင်းလာတယ်လို့ ဝေဖန်ခံနေရတာဖြစ်ပါတယ်။ ကက်တာလန်ကလပ်ဟာ ၂၅ နှစ်အရွယ် ကွင်းလယ်လူကို ၂၀၁၉ ဇူလိုင်မှာ ၅ နှစ်စာချုပ်နဲ့ခေါ်ယူခဲ့တာပါ။

အေဂျက်ဇ်ကစားသမားဟောင်းအတွက် ယူရို ၇၅ သန်းပေးချေခဲ့ရပါတယ်။ အခုတော့ အသင်းကနေမထွက်ရင် ရာသီကြိုခြေစမ်းပွဲတွေမလိုက်ရဘူးဆိုတဲ့ ဖိအားပေးမှုတွေလုပ်လာတယ်လို့

သတင်းထွက်နေပါတယ်။ ဒါကြောင့်လည်း ဘာစီလိုနာပရိသတ်တွေသာမက ကမ္ဘာ့ဘောလုံးအသိုင်းအဝန်းကပါ လူမိုက်ဆန်ဆန်လုပ်နေတာလို့ ဝေဖန်ရှုတ်ချနေကြတာပါ။

ဒီဂျောင်ဘက်ကလည်း စာချုပ်မပြည့်သေးတာကြောင့် ခပ်မာမာနေလို့ရပါတယ်။ ဘာစီလိုနာအနေနဲ့ လျော်ကြေးပေးမှသာ စာချုပ်ဖျက်ခွင့်ရှိမှာဖြစ်ပြီး ဒီဂျောင်ကိုလိုချင်နေတဲ့ မန်ယူလည်း ရင်မ နေရတဲ့အခြေအနေဖြစ်နေတာပါ။

(zawgyi)

ဘာစီလိုနာကေတာ့ ဒီေဂ်ာင္နဲ႔ပတ္သက္ၿပီး အေတာ္ေလးနာမည္ပ်က္ေနပါတယ္။ နယ္သာလန္ကြင္းလယ္လူကို မန္ယူဆီေရာင္းခ်ဖို႔ သူတို႔က သေဘာတူထားပါတယ္။

ကနဦးေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇၁ သန္းေလာက္ရွိမယ္လို႔ သတင္းထြက္ေနပါတယ္။ ဒါေပမဲ့ ကစားသမားကေတာ့ ဘာစီလိုနာကေန မခြာခ်င္ျဖစ္ေနပါတယ္။ ဒီၿမိဳ႕မွာ အေျခက်ေနသလို ႏူးကမ့္မွာပဲေနခ်င္တယ္လို႔

တင္းခံထားပါတယ္။ ကစားသမားသစ္ေတြ မွတ္ပုံတင္ေရးအပါအဝင္ ဘ႑ာေရးျပႆနာေတြနဲ႔ ရင္ဆိုင္ေနရတဲ့ဘာစီလိုနာဟာ ဒီေဂ်ာင္လို လစာမ်ားတဲ့ကစားသမားမ်ိဳးကို ထုတ္ေရာင္းမွေျပလည္မယ့္ အေျခအေနပါ။

ဒါေၾကာင့္ အသင္းကေနထြက္ခြာသြားဖို႔ သူတို႔ရဲ႕ဖိအားေပးမႈဟာ ညစ္တဲ့အသြင္ကို ကူးေျပာင္းလာတယ္လို႔ ေဝဖန္ခံေနရတာျဖစ္ပါတယ္။ ကက္တာလန္ကလပ္ဟာ ၂၅ ႏွစ္အ႐ြယ္ ကြင္းလယ္လူကို

၂၀၁၉ ဇူလိုင္မွာ ၅ ႏွစ္စာခ်ဳပ္နဲ႔ေခၚယူခဲ့တာပါ။ ေအဂ်က္ဇ္ကစားသမားေဟာင္းအတြက္ ယူ႐ို ၇၅ သန္းေပးေခ်ခဲ့ရပါတယ္။ အခုေတာ့ အသင္းကေနမထြက္ရင္ ရာသီႀကိဳေျခစမ္းပြဲေတြမလိုက္ရဘူးဆိုတဲ့

ဖိအားေပးမႈေတြလုပ္လာတယ္လို႔ သတင္းထြက္ေနပါတယ္။ ဒါေၾကာင့္လည္း ဘာစီလိုနာပရိသတ္ေတြသာမက ကမာၻ႔ေဘာလုံးအသိုင္းအဝန္းကပါ လူမိုက္ဆန္ဆန္လုပ္ေနတာလို႔ ေဝဖန္ရႈတ္ခ်ေနၾကတာပါ။

ဒီေဂ်ာင္ဘက္ကလည္း စာခ်ဳပ္မျပည့္ေသးတာေၾကာင့္ ခပ္မာမာေနလို႔ရပါတယ္။ ဘာစီလိုနာအေနနဲ႔ ေလ်ာ္ေၾကးေပးမွသာ စာခ်ဳပ္ဖ်က္ခြင့္ရွိမွာျဖစ္ၿပီး ဒီေဂ်ာင္ကိုလိုခ်င္ေနတဲ့ မန္ယူလည္း ရင္မ ေနရတဲ့အေျခအေနျဖစ္ေနတာပါ။