မန်ယူမလာချင်တဲ့ ဒီဂျောင်ကိုမေ့ပြီး လာဇီယိုရဲ့ဆာဗစ်နဲ့အစားထိုးဖို့ တန်းဟတ် ပစ်မှတ်ထားနေ

မန်ချက်စတာယူနိုက်တက်ဟာ ဒီဂျောင်ကိုခေါ်ယူနိုင်ဖို့ကြိုးစားမှုကို လာဇီယိုကွင်းလယ်လူဆာဗစ်နဲ့ အစားထိုးတော့မယ်လို့ သတင်းထွက်လာပါတယ်။

နယ်သာလန်သားဟာ အေဂျက်ဇ်နည်းပြဟောင်းနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ပြန်လည်ဆုံစည်းခွင့်ကို ငြင်းဆန်ထားပြီး ဘာစီလိုနာမှာဆက်နေချင်နေပါတယ်။

နွေဈေးကွက်ပိတ်သိမ်းဖို့ကလည်း တစ်စထက်တစ်စ နီးကပ်လာတာကြောင့် သရဲနီတွေပစ်မှတ်ပြောင်းတော့မယ်လို့ Calcio Mercato သတင်းဌာနက ဖေါ်ပြလိုက်တာပါ။

ဆာဗစ်ဟာ နည်းပြတန်းဟတ်လိုချင်တဲ့ ကွင်းလယ်လူစာရင်းမှာ ထိပ်ဆုံးကဦးဆောင်နေတယ်လို့လည်း ရေးသားထားပါတယ်။ ဒါပေမဲ့ အသက် ၂၇ နှစ်သားကို

ဈေးပေါပေါနဲ့တော့ ရမှာမဟုတ်ဘဲ လာဇီယိုဟာ သူတို့ရဲ့ box-to-box ကစားနိုင်တဲ့ကွင်းလယ်လူအတွက် အနိမ့်ဆုံး ပေါင် ၅၉.၅ သန်း ဈေးခေါ်လိမ့်မယ်လို့ သုံးသပ်ထားပါတယ်။

ဆာဗစ်ဟာ လာဇီယိုကစားသမားဘ၀ ၇ နှစ်တာကာလမှာ ၄၈ ဂိုး သွင်းပေးထားသူပါ။ သူ့ကို အာဆင်နယ်ကလည်း စိတ်ဝင်စားနေပေမယ့် ပြောင်းရွှေ့ကြေးက

ဂန်းနားတို့အတွက် အတားအဆီးဖြစ်နေပါတယ်။ ရောမအခြေစိုက်ကလပ်နဲ့ ဆာဗစ်ရဲ့စာချုပ်သက်တမ်းကတော့ ၂ နှစ်ကျန်နေပါသေးတယ်။

ဒါပေမဲ့ ဒီပမာဏနဲ့သာ မန်ယူကမ်းလှမ်းရင် မနှစ်က ၁၁ ဂိုးသွင်းပြီး ၁၁ ဂိုး ဖန်တီးနိုင်ခဲ့တဲ့ ဆားဘီးယားသားကိုရသွားနိုင်ပါတယ်။

(zawggyi)

မန္ခ်က္စတာယူႏိုက္တက္ဟာ ဒီေဂ်ာင္ကိုေခၚယူႏိုင္ဖို႔ႀကိဳးစားမႈကို လာဇီယိုကြင္းလယ္လူဆာဗစ္နဲ႔ အစားထိုးေတာ့မယ္လို႔ သတင္းထြက္လာပါတယ္။

နယ္သာလန္သားဟာ ေအဂ်က္ဇ္နည္းျပေဟာင္းနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ ျပန္လည္ဆုံစည္းခြင့္ကို ျငင္းဆန္ထားၿပီး ဘာစီလိုနာမွာဆက္ေနခ်င္ေနပါတယ္။ ေႏြေဈးကြက္ပိတ္သိမ္းဖို႔ကလည္း

တစ္စထက္တစ္စ နီးကပ္လာတာေၾကာင့္ သရဲနီေတြပစ္မွတ္ေျပာင္းေတာ့မယ္လို႔ Calcio Mercato သတင္းဌာနက ေဖၚျပလိုက္တာပါ။ ဆာဗစ္ဟာ နည္းျပတန္းဟတ္လိုခ်င္တဲ့

ကြင္းလယ္လူစာရင္းမွာ ထိပ္ဆုံးကဦးေဆာင္ေနတယ္လို႔လည္း ေရးသားထားပါတယ္။ ဒါေပမဲ့ အသက္ ၂၇ ႏွစ္သားကို ေဈးေပါေပါနဲ႔ေတာ့ ရမွာမဟုတ္ဘဲ လာဇီယိုဟာ

သူတို႔ရဲ႕ box-to-box ကစားႏိုင္တဲ့ကြင္းလယ္လူအတြက္ အနိမ့္ဆုံး ေပါင္ ၅၉.၅ သန္း ေဈးေခၚလိမ့္မယ္လို႔ သုံးသပ္ထားပါတယ္။ ဆာဗစ္ဟာ လာဇီယိုကစားသမားဘ၀ ၇ ႏွစ္တာကာလမွာ

၄၈ ဂိုး သြင္းေပးထားသူပါ။ သူ႔ကို အာဆင္နယ္ကလည္း စိတ္ဝင္စားေနေပမယ့္ ေျပာင္းေ႐ႊ႕ေၾကးက ဂန္းနားတို႔အတြက္ အတားအဆီးျဖစ္ေနပါတယ္။ ေရာမအေျခစိုက္ကလပ္နဲ႔

ဆာဗစ္ရဲ႕စာခ်ဳပ္သက္တမ္းကေတာ့ ၂ ႏွစ္က်န္ေနပါေသးတယ္။ ဒါေပမဲ့ ဒီပမာဏနဲ႔သာ မန္ယူကမ္းလွမ္းရင္ မႏွစ္က ၁၁ ဂိုးသြင္းၿပီး ၁၁ ဂိုး ဖန္တီးႏိုင္ခဲ့တဲ့ ဆားဘီးယားသားကိုရသြားႏိုင္ပါတယ္။