မန်ယူပရိသတ်တွေရဲ့ အိုးလ်ထရက်ဖို့ဒ်မှာ လူသူမရှိဗလာနတ္တိ လှုပ်ရှားမှု

မန်ယူပရိသတ်တွေကတော့ အသင်းပိုင်ရှင်ဂလေဇာမိသားစုကို ဆန့်ကျင်မှုတွေဆက်တိုက် လုပ်လာပါတယ်။ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမတိုင်ခင် အိုးလ်ထရက်ဖို့ဒ်ကွင်းပြင်ပမှာ

အမေရိကန်သူဌေးတွေကို ထွက်သွားဖို့ ဆန္ဒပြခဲ့ကြပါသေးတယ်။ အခုလည်း EmptyOldTrafford ဆိုတဲ့ လှုပ်ရှားမှုတစ်ခု လုပ်နေကြပါတယ်။ အိုးလ်ထရက်ဖို့ဒ်ကွင်းထဲမှာ

ပရိသတ်မရှိရေးကမ့်ပိန်းရဲ့ဦးတည်ရာကတော့ လီဗာပူးလ်နဲ့ကစားမယ့် အိမ်ကွင်းပွဲစဉ်ပါပဲ။ သရဲနီတွေဟာ ဒီရာသီ ပထမဆုံးအနီရောင်ဒါဘီအဖြစ် အခါးသီးဆုံးပြိုင်ဘက်ကြီး လီဗာပူးလ်ကို

သြဂုတ်လ ၂၂ ရက်မှာ ဧည့်ခံရမှာဖြစ်ပါတယ်။ “ အဲဒီပွဲမှာ ငါ့ထိုင်ခုံက လူရှိနေမှာမဟုတ်ဘူး။ အချိန်ကျပြီ။ အဲဒီလိုဖြစ်အောင်လုပ်ကြစို့။ အိုးလ်ထရက်ဖို့ဒ်မှာ လူသူမရှိဗလာနတ္တိ ” လို့

မန်ယူပရိသတ်တစ်ယောက်က တိုက်တွန်းရေးသားထားပါတယ်။ တစ်ခြားသူတွေကလည်း “ ငါတို့အသင်းက တန်ဖိုးရှိတယ်။ ဂလေဇာထွက်သွား ” ၊ “ မန်ယူကိုချစ်တယ်ဆိုရင်

လီဗာပူးလ်နဲ့ပွဲမှာ အိုးလ်ထရက်ဖို့ဒ်ကွင်းထဲ လူမရှိပါစေနဲ့ ” စတဲ့ မှတ်ချက်တွေလည်းရှိနေပါတယ်။ မန်ယူပရိသတ်တွေဟာ အသင်းကို ဂလေဇာမိသားစုချုပ်ကိုင်ခဲ့တဲ့

၂၀၀၅ နောက်ပိုင်း အောင်မြင်မှုတွေကျဆင်းသွားတာ၊ ကြွေးမြီတွေထိုးတက်ခဲ့တာ၊ ကစားသမားဈေးကွက်မှာ ရင်းနှီးမှုအားနည်းခဲ့တာ စတဲ့ဆုတ်ယုတ်မှုတွေကြောင့်

ဂလေဇာမိသားစုအပေါ် နာကျည်းနေကြပါတယ်။ ကိုယ်ကျိုးရှာဖို့သက်သက် မန်ယူကိုဝယ်ခဲ့တာဖြစ်ပြီး ဘောလုံးအကြောင်းစိတ်ဝင်စားသူတွေ မဟုတ်ဘူးလို့လည်း စွပ်စွဲနေကြပါတယ်။

(zawgyi)

မန္ယူပရိသတ္ေတြကေတာ့ အသင္းပိုင္ရွင္ဂေလဇာမိသားစုကို ဆန႔္က်င္မႈေတြဆက္တိုက္ လုပ္လာပါတယ္။ ဘ႐ိုက္တန္နဲ႔ ပရီးမီးယားလိဂ္အဖြင့္ပြဲမတိုင္ခင္ အိုးလ္ထရက္ဖို႔ဒ္ကြင္းျပင္ပမွာ

အေမရိကန္သူေဌးေတြကို ထြက္သြားဖို႔ ဆႏၵျပခဲ့ၾကပါေသးတယ္။ အခုလည္း EmptyOldTrafford ဆိုတဲ့ လႈပ္ရွားမႈတစ္ခု လုပ္ေနၾကပါတယ္။ အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲမွာ ပရိသတ္မရွိေရးကမ့္ပိန္းရဲ႕

ဦးတည္ရာကေတာ့ လီဗာပူးလ္နဲ႔ကစားမယ့္ အိမ္ကြင္းပြဲစဥ္ပါပဲ။ သရဲနီေတြဟာ ဒီရာသီ ပထမဆုံးအနီေရာင္ဒါဘီအျဖစ္ အခါးသီးဆုံးၿပိဳင္ဘက္ႀကီး လီဗာပူးလ္ကို ၾသဂုတ္လ ၂၂ ရက္မွာ ဧည့္ခံရမွာျဖစ္ပါတယ္။

“ အဲဒီပြဲမွာ ငါ့ထိုင္ခုံက လူရွိေနမွာမဟုတ္ဘူး။ အခ်ိန္က်ၿပီ။ အဲဒီလိုျဖစ္ေအာင္လုပ္ၾကစို႔။ အိုးလ္ထရက္ဖို႔ဒ္မွာ လူသူမရွိဗလာနတၱိ ” လို႔ မန္ယူပရိသတ္တစ္ေယာက္က တိုက္တြန္းေရးသားထားပါတယ္။

တစ္ျခားသူေတြကလည္း “ ငါတို႔အသင္းက တန္ဖိုးရွိတယ္။ ဂေလဇာထြက္သြား ” ၊ “ မန္ယူကိုခ်စ္တယ္ဆိုရင္ လီဗာပူးလ္နဲ႔ပြဲမွာ အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲ လူမရွိပါေစနဲ႔ ” စတဲ့ မွတ္ခ်က္ေတြလည္းရွိေနပါတယ္။

မန္ယူပရိသတ္ေတြဟာ အသင္းကို ဂေလဇာမိသားစုခ်ဳပ္ကိုင္ခဲ့တဲ့ ၂၀၀၅ ေနာက္ပိုင္း ေအာင္ျမင္မႈေတြက်ဆင္းသြားတာ၊ ေႂကြးၿမီေတြထိုးတက္ခဲ့တာ၊ ကစားသမားေဈးကြက္မွာ ရင္းႏွီးမႈအားနည္းခဲ့တာ စတဲ့ဆုတ္ယုတ္မႈေတြေၾကာင့္

ဂေလဇာမိသားစုအေပၚ နာက်ည္းေနၾကပါတယ္။ ကိုယ္က်ိဳးရွာဖို႔သက္သက္ မန္ယူကိုဝယ္ခဲ့တာျဖစ္ၿပီး ေဘာလုံးအေၾကာင္းစိတ္ဝင္စားသူေတြ မဟုတ္ဘူးလို႔လည္း စြပ္စြဲေနၾကပါတယ္။