မန်ယူပရိသတ်တစ်ဦးရဲ့ အော်ဟစ်ဝေဖန်မှုကို ပညာသားပါပါတုံ့ပြန်ခဲ့တဲ့ နော်ဝေပိုင်တံခွန်

မန်ချက်စတာမြို့မှာ လမ်းလျှောက်ထွက်လာတဲ့ မန်စီးတီးတိုက်စစ်မှူးအာလင်းဟာလန်းဟာ ပြိုင်ဘက်မန်ယူပရိသတ်တစ်ဦးနဲ့ တည့်တည့်တိုးခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် နော်ဝေတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေဈေးကွက်မှာ

ဒေါ့တ်မန်ကနေ ပြောင်းရွှေ့ကြေး ပေါင် ၅၁.၂ သန်းနဲ့ ရောက်ရှိလာသူပါ။ ပရီးမီးယားလိဂ် ၆ ပွဲ ကစားပြီးချိန်မှာ ၁၀ ဂိုး သွင်းပြီး ခြေစွမ်းပြနေသူလည်းဖြစ်ပါတယ်။ ထူးခြားတာက မန်စီးတီးကိုရောက်နေပေမယ့် မန်ယူကလည်း

ဟာလန်းကိုခေါ်ယူဖို့ အရင်နှစ်တွေက ကြိုးစားခဲ့ဖူးတာပါ။ ၂၀၂၀ မှာ အိုးလ်ထရက်ဖို့ဒ်ကို ရောက်လုနီးပါးဖြစ်ခဲ့ပေမယ့် သရဲနီတွေဟာ အပြီးသတ် အကောင်အထည်မဖေါ်နိုင်ခဲ့ပါဘူး။ မန်ယူပရိသတ်တစ်ချို့ကတော့ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး

အစာမကြေကြသေးပါဘူး။ ဒါကြောင့် နော်ဝေသားနဲ့ လမ်းပေါ်မှာထိပ်တိုက်တွေ့တုန်း မန်ယူပရိသတ်တစ်ယောက်က “ အာလင်း .. မင်းက မန်ချက်စတာရဲ့မှားယွင်းတဲ့ဘက်ကို ရောက်လာခဲ့တာပဲ ” လို့ အော်ဟစ်ပြောဆိုခဲ့တာပါ။ ဒီတော့ ဟာလန်းက

“ သူတို့ ဒီမှာ ငါ့ကိုချစ်နေတယ်လေ။ ဟုတ်တယ် .. သူတို့ ငါ့ကို ဒီမှာချစ်နေကြတယ် ” လို့ တုံ့ပြန်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လာမယ့်ရာသီမှာ ယူနိုက်တက်ကိုလာမလားဆိုတဲ့ ပရိသတ်ရဲ့မေးခွန်းကို အသိအမှတ်မပြုတော့ဘဲ ဆက်လျှောက်သွားခဲ့ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ ဆီဗီလာကို ၄ ဂိုးပြတ်အနိုင်ရတဲ့ ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ၂ ဂိုးသွင်းပေးခဲ့ပါသေးတယ်။ ဒါကြောင့်လည်း နည်းပြဂွါဒီယိုလာက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးလို့ ချီးကျူးထားတာပါ။

(zawgyi)

မန္ခ်က္စတာၿမိဳ႕မွာ လမ္းေလွ်ာက္ထြက္လာတဲ့ မန္စီးတီးတိုက္စစ္မႉးအာလင္းဟာလန္းဟာ ၿပိဳင္ဘက္မန္ယူပရိသတ္တစ္ဦးနဲ႔ တည့္တည့္တိုးခဲ့ပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ ေနာ္ေဝတိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ေႏြေဈးကြက္မွာ ေဒါ့တ္မန္ကေန ေျပာင္းေ႐ႊ႕ေၾကး

ေပါင္ ၅၁.၂ သန္းနဲ႔ ေရာက္ရွိလာသူပါ။ ပရီးမီးယားလိဂ္ ၆ ပြဲ ကစားၿပီးခ်ိန္မွာ ၁၀ ဂိုး သြင္းၿပီး ေျခစြမ္းျပေနသူလည္းျဖစ္ပါတယ္။ ထူးျခားတာက မန္စီးတီးကိုေရာက္ေနေပမယ့္ မန္ယူကလည္း ဟာလန္းကိုေခၚယူဖို႔

အရင္ႏွစ္ေတြက ႀကိဳးစားခဲ့ဖူးတာပါ။ ၂၀၂၀ မွာ အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္လုနီးပါးျဖစ္ခဲ့ေပမယ့္ သရဲနီေတြဟာ အၿပီးသတ္ အေကာင္အထည္မေဖၚႏိုင္ခဲ့ပါဘူး။ မန္ယူပရိသတ္တစ္ခ်ိဳ႕ကေတာ့ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး အစာမေၾကၾကေသးပါဘူး။

ဒါေၾကာင့္ ေနာ္ေဝသားနဲ႔ လမ္းေပၚမွာထိပ္တိုက္ေတြ႕တုန္း မန္ယူပရိသတ္တစ္ေယာက္က “ အာလင္း .. မင္းက မန္ခ်က္စတာရဲ႕မွားယြင္းတဲ့ဘက္ကို ေရာက္လာခဲ့တာပဲ ” လို႔ ေအာ္ဟစ္ေျပာဆိုခဲ့တာပါ။ ဒီေတာ့ ဟာလန္းက

“ သူတို႔ ဒီမွာ ငါ့ကိုခ်စ္ေနတယ္ေလ။ ဟုတ္တယ္ .. သူတို႔ ငါ့ကို ဒီမွာခ်စ္ေနၾကတယ္ ” လို႔ တုံ႔ျပန္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ လာမယ့္ရာသီမွာ ယူႏိုက္တက္ကိုလာမလားဆိုတဲ့ ပရိသတ္ရဲ႕ေမးခြန္းကို အသိအမွတ္မျပဳေတာ့ဘဲ ဆက္ေလွ်ာက္သြားခဲ့ပါတယ္။

ေနာ္ေဝတိုက္စစ္မႉးဟာ ဆီဗီလာကို ၄ ဂိုးျပတ္အႏိုင္ရတဲ့ ၿပီးခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္မွာလည္း ၂ ဂိုးသြင္းေပးခဲ့ပါေသးတယ္။ ဒါေၾကာင့္လည္း နည္းျပဂြါဒီယိုလာက ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးတစ္ဦးလို႔ ခ်ီးက်ဴးထားတာပါ။