မန်ယူပစ်မှတ် ဒီဂျောင်ကို ဖြတ်ခုတ်ဖို့ကြိုးစားနေတဲ့ ချဲလ်ဆီးပိုင်ရှင်သစ် တော့ဒ်ဘိုးလီ

ချဲလ်ဆီးပိုင်ရှင်သစ် တော့ဒ်ဘိုးလီတစ်ယောက် ဘာစီလိုနာကို ရောက်နေတယ်ဆိုတဲ့သတင်းက မန်ယူအတွက် နားခါးစရာဖြစ်နေပါလိမ့်မယ်။ သရဲနီတွေဟာ ဘာစီလိုနာကွင်းလယ်လူ

ဖရန်ကီဒီဂျောင်ကိုခေါ်ယူနိုင်ဖို့ ကြိုးစားနေတာလေ။ စပိန်အခြေစိုက် Mirror သတင်းစာကလည်း ပြောင်းရွှေ့ကြေး ပေါင် ၅၆ သန်းလောက်တန်ကြေးရှိတဲ့ ဒီဂျောင်အတွက်

ဘာစီလိုနာကို ဘိုးလီရောက်နေတာဖြစ်ကြောင်း ရေးသားထားပါတယ်။ ဒါကြောင့် ဘာစီလိုနာကို ဘိုးလီရောက်နေတာဟာ ဒီဂျောင်အတွက်ဖြစ်မယ်ဆိုတာ ပိုပြီးဖြစ်နိုင်ချေများနေပါတယ်။

ဒါ့အပြင် ဘာစီလိုနာဥက္ကဌလာပေါ်တာ၊ အသင်းအကြီးအကဲတွေဖြစ်တဲ့ ဂျော်ဒီခရိုက်ဖ်နဲ့ အလီမန်းတို့ရှိနေတဲ့ ကက်တာလန်စားသောက်ဆိုင်တစ်ခုကို ဘိုးလီရောက်လာခဲ့တဲ့

ဗွီဒီယိုဖိုင် အွန်လိုင်းမှာပျံ့နှံ့နေတာကလည်း ပိုပြီးစဉ်းစားစရာဖြစ်လာခဲ့ပါတယ်။ ဂျာနယ်လစ်တစ်ယောက်က ဘာကြောင့် ဘာစီလိုနာကိုရောက်နေတာလဲလို့ မေးခွန်းထုတ်ရာမှာတော့

ဘိုးလီက စားဖို့အတွက်ရောက်နေတာပါလို့ ခပ်ပြုံးပြုံးတုံ့ပြန်သွားခဲ့ပါတယ်။ မန်ယူဟာ နယ်သလန်သားကိုရဖို့ နွေဈေးကွက်စကတည်းက ကြိုးစားနေပေမယ့် အခုထိ အကောင်အထည် မဖေါ်နိုင်သေးပါဘူး။

ချဲလ်ဆီးသာ တကယ်လို့များ ဒီဂျောင်ကို ကြားကဖြတ်ခုတ်နိုင်ခဲ့သလို ရော်နယ်ဒိုကိုပါ ခေါ်ယူနိုင်မယ်ဆိုရင်တော့ အပြာရောင်တပ်ဖွဲ့နဲ့ သရဲနီတွေကြားမှာ ကမ္ဘာမကြေတဲ့တိုက်ပွဲတွေ မြင်ရဖို့ရှိနေပါတယ်။

(zawgyi)

ခ်ဲလ္ဆီးပိုင္ရွင္သစ္ ေတာ့ဒ္ဘိုးလီတစ္ေယာက္ ဘာစီလိုနာကို ေရာက္ေနတယ္ဆိုတဲ့သတင္းက မန္ယူအတြက္ နားခါးစရာျဖစ္ေနပါလိမ့္မယ္။ သရဲနီေတြဟာ ဘာစီလိုနာကြင္းလယ္လူ

ဖရန္ကီဒီေဂ်ာင္ကိုေခၚယူႏိုင္ဖို႔ ႀကိဳးစားေနတာေလ။ စပိန္အေျခစိုက္ Mirror သတင္းစာကလည္း ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၅၆ သန္းေလာက္တန္ေၾကးရွိတဲ့ ဒီေဂ်ာင္အတြက္ ဘာစီလိုနာကို

ဘိုးလီေရာက္ေနတာျဖစ္ေၾကာင္း ေရးသားထားပါတယ္။ ဒါေၾကာင့္ ဘာစီလိုနာကို ဘိုးလီေရာက္ေနတာဟာ ဒီေဂ်ာင္အတြက္ျဖစ္မယ္ဆိုတာ ပိုၿပီးျဖစ္ႏိုင္ေခ်မ်ားေနပါတယ္။

ဒါ့အျပင္ ဘာစီလိုနာဥကၠဌလာေပၚတာ၊ အသင္းအႀကီးအကဲေတြျဖစ္တဲ့ ေဂ်ာ္ဒီခ႐ိုက္ဖ္နဲ႔ အလီမန္းတို႔ရွိေနတဲ့ ကက္တာလန္စားေသာက္ဆိုင္တစ္ခုကို ဘိုးလီေရာက္လာခဲ့တဲ့ ဗြီဒီယိုဖိုင္ အြန္လိုင္းမွာ

ပ်ံ႕ႏွံ႔ေနတာကလည္း ပိုၿပီးစဥ္းစားစရာျဖစ္လာခဲ့ပါတယ္။ ဂ်ာနယ္လစ္တစ္ေယာက္က ဘာေၾကာင့္ ဘာစီလိုနာကိုေရာက္ေနတာလဲလို႔ ေမးခြန္းထုတ္ရာမွာေတာ့ ဘိုးလီက

စားဖို႔အတြက္ေရာက္ေနတာပါလို႔ ခပ္ၿပဳံးၿပဳံးတုံ႔ျပန္သြားခဲ့ပါတယ္။ မန္ယူဟာ နယ္သလန္သားကိုရဖို႔ ေႏြေဈးကြက္စကတည္းက ႀကိဳးစားေနေပမယ့္ အခုထိ အေကာင္အထည္ မေဖၚႏိုင္ေသးပါဘူး။

ခ်ဲလ္ဆီးသာ တကယ္လို႔မ်ား ဒီေဂ်ာင္ကို ၾကားကျဖတ္ခုတ္ႏိုင္ခဲ့သလို ေရာ္နယ္ဒိုကိုပါ ေခၚယူႏိုင္မယ္ဆိုရင္ေတာ့ အျပာေရာင္တပ္ဖြဲ႕နဲ႔ သရဲနီေတြၾကားမွာ ကမာၻမေၾကတဲ့တိုက္ပြဲေတြ ျမင္ရဖို႔ရွိေနပါတယ္။