မန်ယူနဲ့ပွဲ ပျက်ခဲ့ရင်တော့ လီဗာပူးလ်ကို အနိုင်ပေးသင့်တယ်လို့ ဂျာဂင်ကလော့ပ်တောင်းဆို

ဒီညကစားမယ့် လီဗာပူးလ်နဲ့အိုးလ်ထရက်ဖို့ဒ်ပွဲစဉ်မှာ အသင်းပိုင်ရှင်ဂလေဇာမိသားစုကို ကန့်ကွက်ဆန္ဒပြဖို့ မန်ယူပရိသတ်တွေ စီစဉ်နေကြပါတယ်။ ပရိသတ် ၁၀၀၀၀ လောက် စုဝေးကန့်ကွက်မယ်လို့ သတင်းထွက်လာတာကြောင့်

မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာမှာလည်း စိုးရိမ်စရာကောင်းနေပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလ ၁၀ ရက်နေ့တုန်းကလည်း အိုးလ်ထရက်ဖို့ဒ်ကွင်းထဲ မန်ယူပရိသတ်တွေ ဝင်ရောက်သောင်းကျန်းခဲ့တာကြောင့်

ပွဲရွှေ့ရတဲ့အထိ ဖြစ်ခဲ့ဖူးတာပါ။ ဒါပေမဲ့ လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်ကတော့ တကယ်လို့ အဲဒီလိုသာဖြစ်လာခဲ့ရင် သူတို့အသင်းကို အနိုင်ပေးသင့်တယ်လို့ တောင်းဆိုလိုက်ပါတယ်။ “ အဲဒီလို ဖြစ်မလာဖို့ မျှော်လင့်ပါတယ်။

ဒါပေမဲ့ ဖြစ်လာရင်တော့ ကျွန်တော့်တို့အသင်း ၃ မှတ်ရသင့်ပါတယ်။ ကျွန်တော်တို့ဘက်က ဘာမှ လုပ်စရာမရှိဘူးလေ။ မန်ယူပရိသတ်တွေကမှ ပွဲမကစားစေချင်တာပဲ။ နောက်တစ်ကြိမ် ပြန်ကစားတာမျိုးလည်း ကျွန်တော်တို့ မလုပ်နိုင်ဘူး။

ပွဲတွေအများကြီးကစားဖို့ရှိနေတဲ့ကာလမျိုးမှာ ပြန်ကစားရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး ” လို့ ဂျာမန်သားနည်းပြက ပြောဆိုလိုက်တာပါ။ ဒါ့အပြင် အသင်းအားလုံး ကိုယ့်အခက်အခဲနဲ့ကိုယ် ဖြစ်နေကြတာကြောင့်  ပြိုင်ဘက်နည်းပြတန်းဟတ်အပေါ်မှာလည်း ကိုယ်ချင်းစာပေးစရာမရှိပါဘူးလို့

ကလော့ပ်က ပြောသွားပါတယ်။ “ ကျွန်တော်တို့မှာလည်း ဒဏ်ရာပြဿနာတွေရှိနေတာပဲ။ မန်ယူကို အဲဒီအကြောင်း သွားပြောပြရမှာလား။ ကိုယ်ချင်းစာတယ်ဆိုတာ အကူအညီမဟုတ်သလို အနှောင့်အယှက်လည်း ပေးရာမရောက်ဘူးထင်ပါတယ် ” လို့ ပြောခဲ့တာပါ။

(zawgyi)

ဒီညကစားမယ့္ လီဗာပူးလ္နဲ႔အိုးလ္ထရက္ဖို႔ဒ္ပြဲစဥ္မွာ အသင္းပိုင္ရွင္ဂေလဇာမိသားစုကို ကန႔္ကြက္ဆႏၵျပဖို႔ မန္ယူပရိသတ္ေတြ စီစဥ္ေနၾကပါတယ္။ ပရိသတ္ ၁၀၀၀၀ ေလာက္ စုေဝးကန႔္ကြက္မယ္လို႔ သတင္းထြက္လာတာေၾကာင့္ မလိုလားအပ္တဲ့ ေနာက္ဆက္တြဲျပႆနာေတြ ျဖစ္လာမွာလည္း

စိုးရိမ္စရာေကာင္းေနပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလ ၁၀ ရက္ေန႔တုန္းကလည္း အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲ မန္ယူပရိသတ္ေတြ ဝင္ေရာက္ေသာင္းက်န္းခဲ့တာေၾကာင့္ ပြဲေ႐ႊ႕ရတဲ့အထိ ျဖစ္ခဲ့ဖူးတာပါ။ ဒါေပမဲ့ လီဗာပူးလ္နည္းျပ ဂ်ာဂင္ကေလာ့ပ္ကေတာ့ တကယ္လို႔

အဲဒီလိုသာျဖစ္လာခဲ့ရင္ သူတို႔အသင္းကို အႏိုင္ေပးသင့္တယ္လို႔ ေတာင္းဆိုလိုက္ပါတယ္။ “ အဲဒီလို ျဖစ္မလာဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒါေပမဲ့ ျဖစ္လာရင္ေတာ့ ကြၽန္ေတာ့္တို႔အသင္း ၃ မွတ္ရသင့္ပါတယ္။ ကြၽန္ေတာ္တို႔ဘက္က ဘာမွ လုပ္စရာမရွိဘူးေလ။

မန္ယူပရိသတ္ေတြကမွ ပြဲမကစားေစခ်င္တာပဲ။ ေနာက္တစ္ႀကိမ္ ျပန္ကစားတာမ်ိဳးလည္း ကြၽန္ေတာ္တို႔ မလုပ္ႏိုင္ဘူး။ ပြဲေတြအမ်ားႀကီးကစားဖို႔ရွိေနတဲ့ကာလမ်ိဳးမွာ ျပန္ကစားရမယ္ဆိုတာ မျဖစ္ႏိုင္ပါဘူး ” လို႔ ဂ်ာမန္သားနည္းျပက ေျပာဆိုလိုက္တာပါ။

ဒါ့အျပင္ အသင္းအားလုံး ကိုယ့္အခက္အခဲနဲ႔ကိုယ္ ျဖစ္ေနၾကတာေၾကာင့္ ၿပိဳင္ဘက္နည္းျပတန္းဟတ္အေပၚမွာလည္း ကိုယ္ခ်င္းစာေပးစရာမရွိပါဘူးလို႔ ကေလာ့ပ္က ေျပာသြားပါတယ္။ “ ကြၽန္ေတာ္တို႔မွာလည္း

ဒဏ္ရာျပႆနာေတြရွိေနတာပဲ။ မန္ယူကို အဲဒီအေၾကာင္း သြားေျပာျပရမွာလား။ ကိုယ္ခ်င္းစာတယ္ဆိုတာ အကူအညီမဟုတ္သလို အေႏွာင့္အယွက္လည္း ေပးရာမေရာက္ဘူးထင္ပါတယ္ ” လို႔ ေျပာခဲ့တာပါ။