မန်ယူနဲ့ပဲဆွဲချင်တယ်ဆိုတဲ့ ဟာလန်းရဲ့စိန်ခေါ်သံကို မန်စီးတီးပရိသတ်တွေ သြဘာပေး

မန်စီးတီးတိုက်စစ်မှူးသစ်ဟာလန်းကတော့ မိုးပြာရောင်ကစားသမားဘ၀ ပရိသတ်နဲ့ပထမဆုံးမိတ်ဆက်ပွဲမှာပဲ မြို့ခံပြိုင်ဘက်မန်ယူကို လက်သီးတစ်ချက် ပစ်သွင်းလိုက်ပါတယ်။

သရဲနီတွေဟာ သူ ရင်ဆိုင်ချင်ဆုံးပြိုင်ဘက်လို့ ပြောသွားခဲ့တာပါ။ ဒါ့အပြင် အပိုစကားတွေပြောနေရတာကို မကြိုက်ဘူးလို့လည်း လက်တွေ့ဆန်သူဖြစ်ကြောင်း ဆိုသွားခဲ့ပါသေးတယ်။

အသက် ၂၁ နှစ်အရွယ် နော်ဝေတိုက်စစ်မှူးဟာ ဒေါ့တ်မန်ကနေ ပြောင်းရွှေ့ကြေး ပေါင် ၅၁ သန်းနဲ့ရောက်လာခဲ့သူပါ။ မိတ်ဆက်ပွဲမှာ အစီအစဉ်တင်ဆက်သူ

ဒန်နီဂျက်ဆန်က ပရိသတ်တွေရဲ့တောင်းဆိုမှုအရ “ ဘယ်အသင်းနဲ့ကစားဖို့ အမျှော်လင့်ဆုံးလဲ ” လို့ ဟာလန်းကို မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီတော့ ဟာလန်းက အဖြေမပေးခင် ခဏရပ်သွားခဲ့ပါတယ်။ ပြီးတော့မှ “ ကျွန်တော် ပြောမယ်။ ကျွန်တော်က စကားတွေပြောရတာမကြိုက်ဘူး။

ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်ပါ။ ဟုတ်ပါတယ် ” လို့ ဖြေသွားခဲ့တာပါ။ ဒီတော့ ပရိသတ်တွေက ကျယ်ကျယ်လောင်လောင်ပဲ Yes လို့ သြဘာပေးခဲ့ကြပါတယ်။

ဒါ့အပြင် စီးတီး၊ စီးတီးဆိုတဲ့ အော်ဟစ်သံတွေလည်း ဆူညံသွားခဲ့ပါတယ်။ ဟာလန်းကတော့ မန်စီးတီးကို သူ ဘယ်လိုခိုက်ခဲ့ကြောင်းကိုလည်း “ မနှစ်တုန်းက သူတို့နဲ့ကစားခဲ့ရတယ်။

ရုပ်သံမှာတွေ့ရတာနဲ့ လုံးဝမတူဘူး။ ၂၅ မိနစ်လောက်အထိ ကျွန်တော် ဘောလုံးမထိခဲ့ဘူး။ ဂန်ဒိုဂန် ကျေးဇူးပြုပြီး တီကာတာကာ ကစားနေတာကိုရပ်လိုက်ပါလို့တောင် ပြောရမလိုဖြစ်ခဲ့တယ်။

သူတို့ကစားတာ အလန်းကြီးဗျ။ နောက်ထပ် အဆင့်တစ်ခုရောက်နေပြီ။ ဒီလိုအသင်းမှာ ကျွန်တော် ပါဝင်ချင်ခဲ့တာပါ ” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

(zawgyi)

မန္စီးတီးတိုက္စစ္မႉးသစ္ဟာလန္းကေတာ့ မိုးျပာေရာင္ကစားသမားဘ၀ ပရိသတ္နဲ႔ပထမဆုံးမိတ္ဆက္ပြဲမွာပဲ ၿမိဳ႕ခံၿပိဳင္ဘက္မန္ယူကို လက္သီးတစ္ခ်က္ ပစ္သြင္းလိုက္ပါတယ္။

သရဲနီေတြဟာ သူ ရင္ဆိုင္ခ်င္ဆုံးၿပိဳင္ဘက္လို႔ ေျပာသြားခဲ့တာပါ။ ဒါ့အျပင္ အပိုစကားေတြေျပာေနရတာကို မႀကိဳက္ဘူးလို႔လည္း လက္ေတြ႕ဆန္သူျဖစ္ေၾကာင္း ဆိုသြားခဲ့ပါေသးတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ ေနာ္ေဝတိုက္စစ္မႉးဟာ ေဒါ့တ္မန္ကေန ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၅၁ သန္းနဲ႔ေရာက္လာခဲ့သူပါ။ မိတ္ဆက္ပြဲမွာ အစီအစဥ္တင္ဆက္သူ ဒန္နီဂ်က္ဆန္က

ပရိသတ္ေတြရဲ႕ေတာင္းဆိုမႈအရ “ ဘယ္အသင္းနဲ႔ကစားဖို႔ အေမွ်ာ္လင့္ဆုံးလဲ ” လို႔ ဟာလန္းကို ေမးခြန္းထုတ္ခဲ့ပါတယ္။ ဒီေတာ့ ဟာလန္းက အေျဖမေပးခင္ ခဏရပ္သြားခဲ့ပါတယ္။

ၿပီးေတာ့မွ “ ကြၽန္ေတာ္ ေျပာမယ္။ ကြၽန္ေတာ္က စကားေတြေျပာရတာမႀကိဳက္ဘူး။ ဒါေပမဲ့ မန္ခ်က္စတာယူႏိုက္တက္ပါ။ ဟုတ္ပါတယ္ ” လို႔ ေျဖသြားခဲ့တာပါ။

ဒီေတာ့ ပရိသတ္ေတြက က်ယ္က်ယ္ေလာင္ေလာင္ပဲ Yes လို႔ ၾသဘာေပးခဲ့ၾကပါတယ္။ ဒါ့အျပင္ စီးတီး၊ စီးတီးဆိုတဲ့ ေအာ္ဟစ္သံေတြလည္း ဆူညံသြားခဲ့ပါတယ္။

ဟာလန္းကေတာ့ မန္စီးတီးကို သူ ဘယ္လိုခိုက္ခဲ့ေၾကာင္းကိုလည္း “ မႏွစ္တုန္းက သူတို႔နဲ႔ကစားခဲ့ရတယ္။ ႐ုပ္သံမွာေတြ႕ရတာနဲ႔ လုံးဝမတူဘူး။ ၂၅ မိနစ္ေလာက္အထိ ကြၽန္ေတာ္ ေဘာလုံးမထိခဲ့ဘူး။

ဂန္ဒိုဂန္ ေက်းဇူးျပဳၿပီး တီကာတာကာ ကစားေနတာကိုရပ္လိုက္ပါလို႔ေတာင္ ေျပာရမလိုျဖစ္ခဲ့တယ္။ သူတို႔ကစားတာ အလန္းႀကီးဗ်။ ေနာက္ထပ္ အဆင့္တစ္ခုေရာက္ေနၿပီ။ ဒီလိုအသင္းမွာ ကြၽန္ေတာ္ ပါဝင္ခ်င္ခဲ့တာပါ ” လို႔ ဖြင့္ဟသြားခဲ့ပါတယ္။