
မန်ယူအသင်းဟာ လာမယ့်ရာသီအမြဲတမ်းနည်းပြနေရာအတွက်
သူတို့ရည်ရွယ်ထားသူတွေထဲက တစ်ယောက်ဖြစ်တဲ့ အေဂျက်နည်းပြ
အဲရစ်တန်ဟက်ကို အင်တာဗျူးခဲ့ပြီးပါပြီ။ အမြဲတမ်းနည်းပြနေရာအတွက်
ဆုံးဖြတ်ချက်မချရသေးပေမယ့် တန်ဟက်ကတော့ ရေပန်းအစားဆုံးဖြစ်နေတာပါ။
တကယ်လို့ အဲဒီနယ်သာလန်သားကို ရွေးချယ်ဖြစ်မယ်ဆိုရင်
ယူနိုက်တက်ဟာ သူ့ရဲ့လက်ထောက်အဖြစ်နဲ့ နောက်ထပ်နယ်သာလန်သား
တစ်ယောက်ကိုလည်း ခန့်ဖို့ ရည်ရွယ်ထားပါတယ်။
သူကတော့ အသင်းမှာ အောင်မြင်ခဲ့ဖူးတဲ့ တိုက်စစ်မှုးဟောင်းဗန်ပါစီပါ။
အဓိကရည်ရွယ်ချက်ကတော့ အဝတ်အစားလဲခန်းအတွင်းမှာ
သြဇာရှိရေးနဲ့ ကစားသမားတွေကို စည်းလုံးအောင် လုပ်ဆောင်ပေးဖု့ိဖြစ်ပြီး
အဲဒီအတွက် အသင်းရဲ့ကြယ်ပွင့်ဟောင်းတစ်ယောက်ကို ခန့်အပ်ဖို့လုပ်တာ
ဖြစ်တယ်။ ၃၈ နှစ်အရွယ် ဗန်ပါစီဟာ မန်ယူမှာ ၃ နှစ်ကြာကစားဖူးခဲ့ပြီး
ကလပ်အတွက် ၁၀၅ ပွဲမှာ ၅၈ ဂိုးသွင်းပေးခဲ့တာပါ။ သူဟာ ၂၀၁၃ မှာ
မန်ယူနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ကိုင်မြှောက်နိုင်ခဲ့ဖူးသူလည်း
ဖြစ်ပါတယ်။ ဗန်ပါစီဟာ ၂၀၁၉ မှာ အနားယူသွားပြီးကတည်းက
ဖီယင်နုအသင်းအကယ်ဒမီမှာ နည်းပြအတွေ့အကြုံယူခဲ့တာပါ။
ဒါ့အပြင် ဗန်ပါစီဟာ ဖီယင်နုအသင်းကြီးက တိုက်စစ်ပိုင်းအတွက်လည်း
အကြံဉာဏ်တွေနဲ့ ကူညီပေးခဲ့ပါတယ်။ ဗန်ပါစီဟာ ပြီးခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီက
အဲဒီအချိန်က မန်ယူနည်းပြဆိုးလ်ရှားကို အမြဲတမ်းပြုံးနေဖို့မလိုဘဲ
တချို့အချိန်တွေမှာ ဒေါသထွက်ဖို့လိုကြောင်း ဝေဖန်ခဲ့ဖူးပါတယ်။
zawgyi
မန္ယူနည္းျပ တန္ဟက္ျဖစ္ခဲ့ရင္ ဗန္ပါစီကို လက္ေထာက္နည္းျပခန႔္မယ္
မန္ယူအသင္းဟာ လာမယ့္ရာသီအၿမဲတမ္းနည္းျပေနရာအတြက္
သူတို႔ရည္႐ြယ္ထားသူေတြထဲက တစ္ေယာက္ျဖစ္တဲ့ ေအဂ်က္နည္းျပ
အဲရစ္တန္ဟက္ကို အင္တာဗ်ဴးခဲ့ၿပီးပါၿပီ။ အၿမဲတမ္းနည္းျပေနရာအတြက္
ဆုံးျဖတ္ခ်က္မခ်ရေသးေပမယ့္ တန္ဟက္ကေတာ့ ေရပန္းအစားဆုံးျဖစ္ေနတာပါ။
တကယ္လို႔ အဲဒီနယ္သာလန္သားကို ေ႐ြးခ်ယ္ျဖစ္မယ္ဆိုရင္
ယူႏိုက္တက္ဟာ သူ႔ရဲ႕လက္ေထာက္အျဖစ္နဲ႔ ေနာက္ထပ္နယ္သာလန္သား
တစ္ေယာက္ကိုလည္း ခန႔္ဖို႔ ရည္႐ြယ္ထားပါတယ္။
သူကေတာ့ အသင္းမွာ ေအာင္ျမင္ခဲ့ဖူးတဲ့ တိုက္စစ္မႈးေဟာင္းဗန္ပါစီပါ။
အဓိကရည္႐ြယ္ခ်က္ကေတာ့ အဝတ္အစားလဲခန္းအတြင္းမွာ
ၾသဇာရွိေရးနဲ႔ ကစားသမားေတြကို စည္းလုံးေအာင္ လုပ္ေဆာင္ေပးဖု႔ိျဖစ္ၿပီး
အဲဒီအတြက္ အသင္းရဲ႕ၾကယ္ပြင့္ေဟာင္းတစ္ေယာက္ကို ခန႔္အပ္ဖို႔လုပ္တာ
ျဖစ္တယ္။ ၃၈ ႏွစ္အ႐ြယ္ ဗန္ပါစီဟာ မန္ယူမွာ ၃ ႏွစ္ၾကာကစားဖူးခဲ့ၿပီး
ကလပ္အတြက္ ၁၀၅ ပြဲမွာ ၅၈ ဂိုးသြင္းေပးခဲ့တာပါ။ သူဟာ ၂၀၁၃ မွာ
မန္ယူနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံဆုဖလား ကိုင္ေျမႇာက္ႏိုင္ခဲ့ဖူးသူလည္း
ျဖစ္ပါတယ္။ ဗန္ပါစီဟာ ၂၀၁၉ မွာ အနားယူသြားၿပီးကတည္းက
ဖီယင္ႏုအသင္းအကယ္ဒမီမွာ နည္းျပအေတြ႕အႀကဳံယူခဲ့တာပါ။
ဒါ့အျပင္ ဗန္ပါစီဟာ ဖီယင္ႏုအသင္းႀကီးက တိုက္စစ္ပိုင္းအတြက္လည္း
အႀကံဉာဏ္ေတြနဲ႔ ကူညီေပးခဲ့ပါတယ္။ ဗန္ပါစီဟာ ၿပီးခဲ့တဲ့ ၂၀၂၀ ဇန္နဝါရီက
အဲဒီအခ်ိန္က မန္ယူနည္းျပဆိုးလ္ရွားကို အၿမဲတမ္းၿပဳံးေနဖို႔မလိုဘဲ
တခ်ိဳ႕အခ်ိန္ေတြမွာ ေဒါသထြက္ဖို႔လိုေၾကာင္း ေဝဖန္ခဲ့ဖူးပါတယ္။
Leave a Reply