မန်ယူနည်းပြဘ၀ ပထမဆုံးရှုံးပွဲအရသာကို မြည်းစမ်းခွင့်ရသွားတဲ့ တန်းဟတ်

မန်ချက်စတာယူနိုက်တက်ကိုရောက်လာတဲ့နောက် ခြေစမ်းပွဲရလဒ်ကောင်းတွေနဲ့ သရဲနီပရိသတ်တွေကိုပျော်ရွှင်စေခဲ့တဲ့ နည်းပြသစ်တန်းဟတ်မှာ နော်ဝေမှာကစားခဲ့တဲ့ နောက်ဆုံးခြေစမ်းပွဲမှာတော့

အက်သလက်တီကိုအသင်းကို ရှုံးနိမ့်သွားခဲ့ပါတယ်။ ဂျာအိုဖိလစ်ရဲ့နောက်ကျဂိုးဟာ တန်းဟတ်ရဲ့မန်ယူနည်းပြဘ၀ ပထမဆုံးရှုံးနိမ့်မှုကို ဖန်တီးသွားခဲ့တာပါ။ တစ်ပွဲလုံးအနေအထားအရ

အခွင့်အရေးကောင်းတွေဖန်တီးနိုင်ခဲ့တာက မန်ယူဖြစ်ပေမယ့် လူစားဝင်ကစားသမား ဂျာအိုဖိလစ်ရဲ့ကန်ချက်ကိုတော့ ဒီဂီယာ မတားဆီးနိုင်ခဲ့ပါဘူး။ သရဲနီတွေ လူတစ်ယောက်လျော့တာကလည်း

ပွဲပြီးကာနီးမှဖြစ်ပြီး ဖရက်ဒ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ ဒီပွဲမှာ ပရိသတ်တွေရင်ထဲ ထပ်မံရောက်ရှိခဲ့သူကတော့ ကွင်းလယ်ကစားသမားသစ် အဲရစ်ဆင်ဖြစ်ပါတယ်။

ဒိန်းမတ်သားဟာ ဒုတိယပိုင်းရောက်မှ မာရှယ်နေရာမှာ လူစားဝင်လာတာဖြစ်ပေမယ့် အပိုင်အခွင့်အရေး ၂ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံးဖန်တီးမှုကို

ဂိုးရှေ့မှာ ရက်ရှ်ဖို့ဒ်နဲ့ အီလန်ဂါ အသုံးမချနိုင်ခဲ့ပါဘူး။ ဒုတိယဖန်တီးမှုကတော့ ပရိသတ်အသည်းကျော် မက်ဂွိုင်းယားအတွက် လူပြောစရာဖြစ်လာဦးမှာပါ။ အဲရစ်ဆင်ရဲ့ထောင့်ကန်ဘောကနေ

အင်္ဂလန်နောက်ခံလူ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရပေမယ့် ဂိုးဘေးထွက်သွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ မန်ယူပရိသတ်တွေ သဘောကျခဲ့တဲ့ နောက်ထပ်ကစားသမားကတော့

တိုင်ရယ်မာလာစီယာပါပဲ။ ဘယ်နောက်ခံလူဟာ ဘောလုံးယှဉ်လုမှုမှာ ရာနှုန်းပြည့်အောင်မြင်ခဲ့သလို ပေးပို့မှုမှာလည်း ၉၀ ရာခိုင်နှုန်းအထိ တိကျခဲ့တာပါ။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္ကိုေရာက္လာတဲ့ေနာက္ ေျခစမ္းပြဲရလဒ္ေကာင္းေတြနဲ႔ သရဲနီပရိသတ္ေတြကိုေပ်ာ္႐ႊင္ေစခဲ့တဲ့ နည္းျပသစ္တန္းဟတ္မွာ ေနာ္ေဝမွာကစားခဲ့တဲ့

ေနာက္ဆုံးေျခစမ္းပြဲမွာေတာ့ အက္သလက္တီကိုအသင္းကို ရႈံးနိမ့္သြားခဲ့ပါတယ္။ ဂ်ာအိုဖိလစ္ရဲ႕ေနာက္က်ဂိုးဟာ တန္းဟတ္ရဲ႕မန္ယူနည္းျပဘ၀ ပထမဆုံးရႈံးနိမ့္မႈကို ဖန္တီးသြားခဲ့တာပါ။

တစ္ပြဲလုံးအေနအထားအရ အခြင့္အေရးေကာင္းေတြဖန္တီးႏိုင္ခဲ့တာက မန္ယူျဖစ္ေပမယ့္ လူစားဝင္ကစားသမား ဂ်ာအိုဖိလစ္ရဲ႕ကန္ခ်က္ကိုေတာ့ ဒီဂီယာ မတားဆီးႏိုင္ခဲ့ပါဘူး။

သရဲနီေတြ လူတစ္ေယာက္ေလ်ာ့တာကလည္း ပြဲၿပီးကာနီးမွျဖစ္ၿပီး ဖရက္ဒ္ ႏွစ္ဝါတစ္နီနဲ႔ ထုတ္ပယ္ခံခဲ့ရတာပါ။ ဒီပြဲမွာ ပရိသတ္ေတြရင္ထဲ ထပ္မံေရာက္ရွိခဲ့သူကေတာ့ ကြင္းလယ္ကစားသမားသစ္

အဲရစ္ဆင္ျဖစ္ပါတယ္။ ဒိန္းမတ္သားဟာ ဒုတိယပိုင္းေရာက္မွ မာရွယ္ေနရာမွာ လူစားဝင္လာတာျဖစ္ေပမယ့္ အပိုင္အခြင့္အေရး ၂ ႀကိမ္ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕ပထမဆုံးဖန္တီးမႈကို

ဂိုးေရွ႕မွာ ရက္ရွ္ဖို႔ဒ္နဲ႔ အီလန္ဂါ အသုံးမခ်ႏိုင္ခဲ့ပါဘူး။ ဒုတိယဖန္တီးမႈကေတာ့ ပရိသတ္အသည္းေက်ာ္ မက္ဂြိဳင္းယားအတြက္ လူေျပာစရာျဖစ္လာဦးမွာပါ။ အဲရစ္ဆင္ရဲ႕ေထာင့္ကန္ေဘာကေန

အဂၤလန္ေနာက္ခံလူ လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ခြင့္ရေပမယ့္ ဂိုးေဘးထြက္သြားခဲ့တာျဖစ္ပါတယ္။ ဒီပြဲမွာ မန္ယူပရိသတ္ေတြ သေဘာက်ခဲ့တဲ့

ေနာက္ထပ္ကစားသမားကေတာ့ တိုင္ရယ္မာလာစီယာပါပဲ။ ဘယ္ေနာက္ခံလူဟာ ေဘာလုံးယွဥ္လုမႈမွာ ရာႏႈန္းျပည့္ေအာင္ျမင္ခဲ့သလို ေပးပို႔မႈမွာလည္း ၉၀ ရာခိုင္ႏႈန္းအထိ တိက်ခဲ့တာပါ။