မန်ယူဓာတ်ကူးသွားခဲ့တဲ့ ဆန်းချက်ဇ် အင်တာနဲ့စာချုပ်ဖျက်ပြီး ပြင်သစ်လစ်ရတော့မယ်

အင်တာမီလန်တိုက်စစ်မှူးဆန်းချက်ဇ်ဟာ အသင်းနဲ့သူ့ကြားက စာချုပ်ကိုဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။ နာမည်ကြီးသတင်းထောက်တစ်ဦးဖြစ်တဲ့ ရိုမာနိုကတော့

အလွတ်ထွက်ခွာခွင့်ရသွားတဲ့ ချီလီတိုက်စစ်မှူးဟာ မာဆေးလ်ကိုပြောင်းရွှေ့လိမ်မယ်လို့ သတင်းပေးထားပါတယ်။ လီဂူး-၁ ကလပ်နဲ့ ၂ နှစ်စာချုပ်လိမ့်မယ်လို့

ရိုမာနိုကဆိုပါတယ်။ ဆန်းချက်ဇ်ရဲ့အသက်က ၃၃ နှစ်ရှိနေပါပြီ။ တစ်ချိန်က အာဆင်နယ်ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ခဲ့ပေမယ့် ၂၀၁၈ မှာ မန်ချက်စတာယူနိုက်တက်ကို

ပြောင်းရွှေ့သွားတဲ့နောက်ပိုင်း မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ချီလီသားဟာ သရဲနီတွေအတွက် ၂ နှစ်တာကာလမှာ ၄၅ ပွဲကစား ၅ ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၉-၂၀ ရာသီမှာ အင်တာမီလန်ကို အငှားချခံခဲ့ရပြီး ၂၀၂၀ မှာ အပြီးသတ် ပြောင်းရွှေ့ခဲ့တာပါ။ မန်ယူကိုပြောင်းရွှေ့ခဲ့တဲ့အတွက်

နောင်တမရပါဘူးလို့ အဲဒီတုန်းက ဆန်းချက်ဇ် ဖွင့်ဟခဲ့ပေမယ့် ပွဲကစားခွင့်ရဖို့တော့ လိုအပ်ပါတယ်လို့ ရင်ဖွင့်ခဲ့ဖူးပါတယ်။ ၂၀၂၀ သြဂုတ်လမှာ မီလန်ကလပ်နဲ့ ၃ နှစ်စာချုပ်ခဲ့တာပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီမှာတော့ ဆန်းချက်ဇ်ဟာ စီးရီးအေ ၇ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ အရန်ခုံမှာသာ အချိန်ကုန်နေရတဲ့သူ့အတွက် အသင်းပြောင်းတာကသာ အမှန်ဆုံးဖြစ်ပါလိမ့်မယ်။

(zawgyi)

အင္တာမီလန္တိုက္စစ္မႉးဆန္းခ်က္ဇ္ဟာ အသင္းနဲ႔သူ႔ၾကားက စာခ်ဳပ္ကိုဖ်က္သိမ္းလိုက္ၿပီလို႔ သိရပါတယ္။ နာမည္ႀကီးသတင္းေထာက္တစ္ဦးျဖစ္တဲ့ ႐ိုမာႏိုကေတာ့ အလြတ္ထြက္ခြာခြင့္ရသြားတဲ့

ခ်ီလီတိုက္စစ္မႉးဟာ မာေဆးလ္ကိုေျပာင္းေ႐ႊ႕လိမ္မယ္လို႔ သတင္းေပးထားပါတယ္။ လီဂူး-၁ ကလပ္နဲ႔ ၂ ႏွစ္စာခ်ဳပ္လိမ့္မယ္လို႔ ႐ိုမာႏိုကဆိုပါတယ္။ ဆန္းခ်က္ဇ္ရဲ႕အသက္က ၃၃ ႏွစ္ရွိေနပါၿပီ။

တစ္ခ်ိန္က အာဆင္နယ္ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ျဖစ္ခဲ့ေပမယ့္ ၂၀၁၈ မွာ မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕သြားတဲ့ေနာက္ပိုင္း မတည္ၿငိမ္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရတာပါ။ ခ်ီလီသားဟာ

သရဲနီေတြအတြက္ ၂ ႏွစ္တာကာလမွာ ၄၅ ပြဲကစား ၅ ဂိုးသာ သြင္းႏိုင္ခဲ့ပါတယ္။ အဲဒီေနာက္ ၂၀၁၉-၂၀ ရာသီမွာ အင္တာမီလန္ကို အငွားခ်ခံခဲ့ရၿပီး ၂၀၂၀ မွာ အၿပီးသတ္ ေျပာင္းေ႐ႊ႕ခဲ့တာပါ။

မန္ယူကိုေျပာင္းေ႐ႊ႕ခဲ့တဲ့အတြက္ ေနာင္တမရပါဘူးလို႔ အဲဒီတုန္းက ဆန္းခ်က္ဇ္ ဖြင့္ဟခဲ့ေပမယ့္ ပြဲကစားခြင့္ရဖို႔ေတာ့ လိုအပ္ပါတယ္လို႔ ရင္ဖြင့္ခဲ့ဖူးပါတယ္။ ၂၀၂၀ ၾသဂုတ္လမွာ မီလန္ကလပ္နဲ႔ ၃ ႏွစ္စာခ်ဳပ္ခဲ့တာပါ။

ဒါေပမဲ့ ၿပီးခဲ့တဲ့ရာသီမွာေတာ့ ဆန္းခ်က္ဇ္ဟာ စီးရီးေအ ၇ ပြဲသာ ပြဲထြက္ခြင့္ရခဲ့ပါတယ္။ အရန္ခုံမွာသာ အခ်ိန္ကုန္ေနရတဲ့သူ႔အတြက္ အသင္းေျပာင္းတာကသာ အမွန္ဆုံးျဖစ္ပါလိမ့္မယ္။