မန်ယူတစ်သင်းတည်းသာ စံချိန်တင်ထားတဲ့ ဖလား ၃ လုံးစံချိန်ကို အမှီလိုက်မယ့် ဂွါဒီယိုလာ

သူ့ရဲ့မန်စီးတီးဟာ ဒီရာသီမှာ အဓိကဖလား ၃ လုံးအောင်မြင်မှုကို

ရယူနိုင်မယ်လို့ နည်းပြဂွါဒီယိုလာက ယုံကြည်နေပါတယ်။

ဒါပေမဲ့ အဲဒီအောင်မြင်မှုက ဘယ်လိုခက်ခဲကြောင်းကို ဂွါဒီယိုလာ

တစ်ယောက်နားလည်ထားပြီး အင်္ဂလိပ်ဘောလုံးသမိုင်းမှာဆိုရင်

အဲဒီလိုအောင်မြင်မှုမျိုးရတာဆိုလို့ ဖာဂူဆန်လက်ထက်က မန်ယူတစ်သင်းသာ ရှိတာပါ။

မန်စီးတီးဟာ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ လီဗာပူးနဲ့

အကြိတ်အနယ်ဖြစ်နေတယ်ဆိုပေမယ့် ၁ မှတ်အသာနဲ့ ဦးဆောင်နေဆဲပါပဲ။

အက်ဖ်အေဖလားမှာလည်း ဆီးမီးဖိုင်နယ်တက်ရောက်ထားပြီး

ဝင်ဘလေကွင်းမှာ ကစားမယ့် အဲဒီပွဲမှာ အဓိကပြိုင်ဘက်လီဗာပူးနဲ့ပဲ

ရင်ဆိုင်ရမှာပါ။ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာတော့ ဂွါဒီယိုလာရဲ့အသင်းဟာ

မန်ယူကို ကျော်ဖြတ်လာတဲ့ အက်သလက်တီကိုနဲ့ ဆုံတွေ့နေပါတယ်။

၂၀၁၇-၁၈ တုန်းက ဂွါဒီယိုလာရဲ့အသင်းဟာ ပြည်တွင်းဆုဖလား

၃ ခုစလုံးကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့တာပါ။

အဓိကဆုဖလား ၃ လုံးအောင်မြင်မှုအကြောင်း မေးတော့ ဂွါဒီယိုလာက

”အဲဒါမျိုးက ယူနိုက်တက်တစ်သင်းသာ စွမ်းဆောင်ထားပါတယ်။

အခြားတစ်ယောက်လည်း လုပ်နိုင်တာပေါ့ဗျာ။

ပြည်တွင်းဆုဖလား ၃ ခုစလုံးရဖို့ မလွယ်ဘူးလို့ လူတွေက

ကျွန်တော်တို့ကို ပြောခဲ့ကြသေးတယ်လေ။

မဖြစ်နိုင်ဘူးဆိုတာကို ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။

အဲဒါမျိုးတောင်ဖြစ်ခဲ့သေးတာ အခြားအသင်းတစ်သင်းလည်း ဘာလို့မလုပ်နိုင်ရမှာလဲ။

မလွယ်ဘူးဆိုပေမယ့် လုပ်နိုင်တာတော့ အမှန်ပါပဲ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ဂွါဒီယိုလာက ဖလား ၃ လုံးအောင်မြင်မှုအတွက် လက်ကျန်ပွဲတိုင်းကို

သူတို့ဘဝရဲ့နောက်ဆုံးပွဲတိုင်းလို သဘောထားကစားသွားမယ်လို့လည်း

ပြောကြားခဲ့သေးတာပါ။

zawgyi

မန္ယူတစ္သင္းတည္းသာ စံခ်ိန္တင္ထားတဲ့ ဖလား ၃ လုံးစံခ်ိန္ကို အမွီလိုက္မယ့္ ဂြါဒီယိုလာ

သူ႔ရဲ႕မန္စီးတီးဟာ ဒီရာသီမွာ အဓိကဖလား ၃ လုံးေအာင္ျမင္မႈကို

ရယူႏိုင္မယ္လို႔ နည္းျပဂြါဒီယိုလာက ယုံၾကည္ေနပါတယ္။

ဒါေပမဲ့ အဲဒီေအာင္ျမင္မႈက ဘယ္လိုခက္ခဲေၾကာင္းကို ဂြါဒီယိုလာ

တစ္ေယာက္နားလည္ထားၿပီး အဂၤလိပ္ေဘာလုံးသမိုင္းမွာဆိုရင္

အဲဒီလိုေအာင္ျမင္မႈမ်ိဳးရတာဆိုလို႔ ဖာဂူဆန္လက္ထက္က မန္ယူတစ္သင္းသာ ရွိတာပါ။

မန္စီးတီးဟာ ပရီးမီးယားလိဂ္ခ်န္ပီယံေျပးလမ္းမွာ လီဗာပူးနဲ႔

အႀကိတ္အနယ္ျဖစ္ေနတယ္ဆိုေပမယ့္ ၁ မွတ္အသာနဲ႔ ဦးေဆာင္ေနဆဲပါပဲ။

အက္ဖ္ေအဖလားမွာလည္း ဆီးမီးဖိုင္နယ္တက္ေရာက္ထားၿပီး

ဝင္ဘေလကြင္းမွာ ကစားမယ့္ အဲဒီပြဲမွာ အဓိကၿပိဳင္ဘက္လီဗာပူးနဲ႔ပဲ

ရင္ဆိုင္ရမွာပါ။ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာေတာ့ ဂြါဒီယိုလာရဲ႕အသင္းဟာ

မန္ယူကို ေက်ာ္ျဖတ္လာတဲ့ အက္သလက္တီကိုနဲ႔ ဆုံေတြ႕ေနပါတယ္။

၂၀၁၇-၁၈ တုန္းက ဂြါဒီယိုလာရဲ႕အသင္းဟာ ျပည္တြင္းဆုဖလား

၃ ခုစလုံးကို ကိုင္ေျမႇာက္ႏိုင္ခဲ့တဲ့ ပထမဆုံးအသင္းျဖစ္လာခဲ့တာပါ။

အဓိကဆုဖလား ၃ လုံးေအာင္ျမင္မႈအေၾကာင္း ေမးေတာ့ ဂြါဒီယိုလာက

”အဲဒါမ်ိဳးက ယူႏိုက္တက္တစ္သင္းသာ စြမ္းေဆာင္ထားပါတယ္။

အျခားတစ္ေယာက္လည္း လုပ္ႏိုင္တာေပါ့ဗ်ာ။

ျပည္တြင္းဆုဖလား ၃ ခုစလုံးရဖို႔ မလြယ္ဘူးလို႔ လူေတြက

ကြၽန္ေတာ္တို႔ကို ေျပာခဲ့ၾကေသးတယ္ေလ။

မျဖစ္ႏိုင္ဘူးဆိုတာကို ကြၽန္ေတာ္တို႔ လုပ္ႏိုင္ခဲ့ပါတယ္။

အဲဒါမ်ိဳးေတာင္ျဖစ္ခဲ့ေသးတာ အျခားအသင္းတစ္သင္းလည္း ဘာလို႔မလုပ္ႏိုင္ရမွာလဲ။

မလြယ္ဘူးဆိုေပမယ့္ လုပ္ႏိုင္တာေတာ့ အမွန္ပါပဲ”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

ဒါ့အျပင္ ဂြါဒီယိုလာက ဖလား ၃ လုံးေအာင္ျမင္မႈအတြက္ လက္က်န္ပြဲတိုင္းကို

သူတို႔ဘဝရဲ႕ေနာက္ဆုံးပြဲတိုင္းလို သေဘာထားကစားသြားမယ္လို႔လည္း

ေျပာၾကားခဲ့ေသးတာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*