မန်ယူကို ပြဿနာ ၃ ရပ်ကြောင့် စွန့်ခွာခဲ့ရတာလို့ ပေါ့ဘာဖွင့်ဟ

ဂျူဗင်တပ်ကိုပြန်ရောက်လာတာကြောင့် ယုံကြည်မှုပြည့်ဝနေတဲ့ ပေါ့ဘာကို မြင်ခဲ့ကြရပြီးပါပြီ။ လက်ရှိအချိန်မှာတော့ ဘာကြောင့် မန်ယူကိုစွန့်ခွာခဲ့ရတာလည်းဆိုတာ

ပြင်သစ်ကွင်းလယ်လူက ဖွင့်ဟလာပါတယ်။ တနည်းအားဖြင့် အိုးလ်ထရက်ဖို့ဒ်မှာ သူရင်ဆိုင်ခဲ့ရတဲ့ ပြဿနာ ၃ ရပ်ကို ပြောပြလာတာပါ။ “ မန်ချက်စတာယူနိုက်တက်မှာ

ကျွန်တော် ပြဿနာတွေအများကြီးရှိခဲ့ပါတယ်။ ဒဏ်ရာ၊ နည်းပြအပြောင်းအလဲနဲ့ ကစားရတဲ့နေရာမျိုးလိုပေါ့။ ဂျူဗင်တပ်ပရိသတ်တွေရဲ့ အားပေးမှုကတော့ မန်ယူအတွက်

အကောင်းဆုံးဂရုစိုက်နေချိန်မှာတောင် ကျွန်တော့်ကိုကျေနပ်စေခဲ့ပါတယ်။ ဘဝဆိုတာ ဒီလိုပါပဲ။ တစ်ခါတလေမှာ ကိုယ်နဲ့အဆင်မပြေတဲ့အသင်းကို ရွေးချယ်ထားပေမယ့်

မန်ချက်စတာမှာကြာလာတော့လည်း ကျွန်တော်ပျော်လာခဲ့ပါတယ်။ ကြီးပြင်းလာတယ်၊ သင်ယူခဲ့တယ်၊ လူကြီးဖြစ်လာတယ်။ ကျွန်တော် မမှားခဲ့ပါဘူး။

ဘုရားသခင်ကလည်း ဒါမျိုးလိုချင်ခဲ့တာပါ။ ဒီကို ပြန်ရောက်လာတဲ့အတွက်တော့ အရမ်းပျော်ရပါတယ် ” လို့ ပေါ့ဘာက သတင်းစာရှင်းလင်းပွဲမှာ ဖွင့်ဟသွားခဲ့ပါတယ်။

ပြင်သစ်သားဟာ ရီးရဲလ်၊ ပီအက်စ်ဂျီတို့နဲ့သတင်းထွက်ခဲ့ပေမယ့် အသင်းဟောင်းကိုပြန်သွားဖို့သာ ရွေးချယ်ခဲ့တာပါ။

သူဟာ မန်ယူမှာ ယူရိုပါလိဂ်နဲ့ လိဂ်ဖလားသာ ရယူနိုင်ခဲ့ပါတယ်။ တူရင်ကလပ်မှာတော့ စီးရီးအေဖလား ၄ လုံးနဲ့ ကိုပါအီတာလီယာဖလား ၂ လုံး ဆွတ်ခူးနိုင်ခဲ့တာပါ။

(zawgyi)

ဂ်ဴဗင္တပ္ကိုျပန္ေရာက္လာတာေၾကာင့္ ယုံၾကည္မႈျပည့္ဝေနတဲ့ ေပါ့ဘာကို ျမင္ခဲ့ၾကရၿပီးပါၿပီ။ လက္ရွိအခ်ိန္မွာေတာ့ ဘာေၾကာင့္ မန္ယူကိုစြန႔္ခြာခဲ့ရတာလည္းဆိုတာ ျပင္သစ္ကြင္းလယ္လူက ဖြင့္ဟလာပါတယ္။

တနည္းအားျဖင့္ အိုးလ္ထရက္ဖို႔ဒ္မွာ သူရင္ဆိုင္ခဲ့ရတဲ့ ျပႆနာ ၃ ရပ္ကို ေျပာျပလာတာပါ။ “ မန္ခ်က္စတာယူႏိုက္တက္မွာ ကြၽန္ေတာ္ ျပႆနာေတြအမ်ားႀကီးရွိခဲ့ပါတယ္။

ဒဏ္ရာ၊ နည္းျပအေျပာင္းအလဲနဲ႔ ကစားရတဲ့ေနရာမ်ိဳးလိုေပါ့။ ဂ်ဴဗင္တပ္ပရိသတ္ေတြရဲ႕ အားေပးမႈကေတာ့ မန္ယူအတြက္ အေကာင္းဆုံးဂ႐ုစိုက္ေနခ်ိန္မွာေတာင္ ကြၽန္ေတာ့္ကိုေက်နပ္ေစခဲ့ပါတယ္။

ဘဝဆိုတာ ဒီလိုပါပဲ။ တစ္ခါတေလမွာ ကိုယ္နဲ႔အဆင္မေျပတဲ့အသင္းကို ေ႐ြးခ်ယ္ထားေပမယ့္ မန္ခ်က္စတာမွာၾကာလာေတာ့လည္း ကြၽန္ေတာ္ေပ်ာ္လာခဲ့ပါတယ္။

ႀကီးျပင္းလာတယ္၊ သင္ယူခဲ့တယ္၊ လူႀကီးျဖစ္လာတယ္။ ကြၽန္ေတာ္ မမွားခဲ့ပါဘူး။ ဘုရားသခင္ကလည္း ဒါမ်ိဳးလိုခ်င္ခဲ့တာပါ။ ဒီကို ျပန္ေရာက္လာတဲ့အတြက္ေတာ့ အရမ္းေပ်ာ္ရပါတယ္ ” လို႔ ေပါ့ဘာက

သတင္းစာရွင္းလင္းပြဲမွာ ဖြင့္ဟသြားခဲ့ပါတယ္။ ျပင္သစ္သားဟာ ရီးရဲလ္၊ ပီအက္စ္ဂ်ီတို႔နဲ႔သတင္းထြက္ခဲ့ေပမယ့္ အသင္းေဟာင္းကိုျပန္သြားဖို႔သာ ေ႐ြးခ်ယ္ခဲ့တာပါ။

သူဟာ မန္ယူမွာ ယူ႐ိုပါလိဂ္နဲ႔ လိဂ္ဖလားသာ ရယူႏိုင္ခဲ့ပါတယ္။ တူရင္ကလပ္မွာေတာ့ စီးရီးေအဖလား ၄ လုံးနဲ႔ ကိုပါအီတာလီယာဖလား ၂ လုံး ဆြတ္ခူးႏိုင္ခဲ့တာပါ။