မန်ယူကို တကယ်ဝယ်မယ်ဆိုရင်ရော ရောင်းမှာလားလို့ ဂလေဇာကို သွေးတိုးစမ်းမယ့်သူ ပေါ်လာပြီ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်က မန်ယူကိုဝယ်မယ်လို့ နောက်ပြောင်ခဲ့ပေမယ့် ဆာဂျင်မ်ရက်ကလစ်ဖ်ကတော့ တကယ်ရောင်းမှာလားလို့ သွေးတိုးစမ်းလိုက်ပါပြီ။ ဂလေဇာမိသားစုဟာ မန်ယူအသင်းကို အပြီးတိုင်ရောင်းချမယ်ဆိုရင်တော့

ဆာဂျင်မ်ရက်ကလစ်ဖ်ဟာ အလားအလာအရှိဆုံး ဝယ်သူတစ်ယောက်ဖြစ်တယ်လို့ ဗြိတိန်ဘီလျံနာကြီးရဲ့ပြောရေးဆိုခွင့်ရှိသူက သတင်းပေးလိုက်တာပါ။ ရက်ကလစ်ဖ်ဟာ မန်ယူပရိသတ်တစ်ဦးဖြစ်ပြီး အနာဂတ်မှာ သရဲနီတွေကို လုံးဝထိန်းချုပ်ခွင့်ရဖို့

မျှော်မှန်းထားတယ်လို့ Daily Mail သတင်းစာက ဖေါ်ပြပါတယ်။ အသက် ၆၉ နှစ်အရွယ် အင်္ဂလိပ်စီးပွားရေးလုပ်ငန်းရှင်ဟာ ချဲလ်ဆီးကိုဝယ်ဖို့လည်း ကြိုးစားခဲ့သေးပေမယ့် တော့ဒ်ဘိုးလီနဲ့ သူ့ရဲ့လုပ်ငန်းစုက လန်ဒန်ကလပ်ကို ပိုင်ဆိုင်သွားတာခဲ့တာပါ။

အဲဒီတုန်းက စတမ်းဖို့ဒ်ဘရစ်ချ်ကလပ်ကို ပေါင် ၄.၂၅ ဘီလီယံနဲ့ကမ်းလှမ်းခဲ့တဲ့ ရက်ကလစ်ဖ် မန်ယူကိုဝယ်ချင်တယ်ဆိုတဲ့သတင်းဟာ သရဲနီပရိသတ်တွေအတွက် နောက်ထပ်မျှော်လင့်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

Ineos Grenadiers စက်ဘီးအသင်းတည်ထောင်သူဖြစ်သလို လီဂူး-၁ ကလပ်နိုက်စ်ပိုင်ရှင်လည်းဖြစ်တဲ့ ရက်ကလစ်ဖ်ဟာ ဗြိတိန်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ပါ။ “ မန်ယူကိုရောင်းမယ်ဆိုရင်တော့ ဂျင်မ်က အလားအလာရှိတဲ့

ဝယ်သူတစ်ယောက် ဖြစ်လာမှာသေချာပါတယ်။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ရေရှည်ပိုင်ဆိုင်မှုအတွက် မျှော်လင့်ထားတဲ့ ကျွန်တော်တို့ဘက်က ဆွေးနွေးဖို့စိတ်ဝင်စားပါတယ် ” လို့ ရက်ကလစ်ဖ်ရဲ့ပြောရေးဆိုခွင့်ရှိသူက The Times သတင်းစာကို

ဖွင့်ဟလိုက်တာပါ။ တကယ်လို့ မန်ယူကိုဝယ်ယူခွင့်ရခဲ့ရင် အလုံးစုံမပိုင်ဆိုင်ရသေးခင်မှာတောင် ယိုယွင်းနေတဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းကို ပြန်လည်ပြုပြင်ရေးအပါအဝင် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့လည်း ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္ အီလြန္မက္စ္က မန္ယူကိုဝယ္မယ္လို႔ ေနာက္ေျပာင္ခဲ့ေပမယ့္ ဆာဂ်င္မ္ရက္ကလစ္ဖ္ကေတာ့ တကယ္ေရာင္းမွာလားလို႔ ေသြးတိုးစမ္းလိုက္ပါၿပီ။ ဂေလဇာမိသားစုဟာ မန္ယူအသင္းကို အၿပီးတိုင္ေရာင္းခ်မယ္ဆိုရင္ေတာ့

ဆာဂ်င္မ္ရက္ကလစ္ဖ္ဟာ အလားအလာအရွိဆုံး ဝယ္သူတစ္ေယာက္ျဖစ္တယ္လို႔ ၿဗိတိန္ဘီလ်ံနာႀကီးရဲ႕ေျပာေရးဆိုခြင့္ရွိသူက သတင္းေပးလိုက္တာပါ။ ရက္ကလစ္ဖ္ဟာ မန္ယူပရိသတ္တစ္ဦးျဖစ္ၿပီး အနာဂတ္မွာ သရဲနီေတြကို လုံးဝထိန္းခ်ဳပ္ခြင့္ရဖို႔

ေမွ်ာ္မွန္းထားတယ္လို႔ Daily Mail သတင္းစာက ေဖၚျပပါတယ္။ အသက္ ၆၉ ႏွစ္အ႐ြယ္ အဂၤလိပ္စီးပြားေရးလုပ္ငန္းရွင္ဟာ ခ်ဲလ္ဆီးကိုဝယ္ဖို႔လည္း ႀကိဳးစားခဲ့ေသးေပမယ့္ ေတာ့ဒ္ဘိုးလီနဲ႔ သူ႔ရဲ႕လုပ္ငန္းစုက လန္ဒန္ကလပ္ကို ပိုင္ဆိုင္သြားတာခဲ့တာပါ။

အဲဒီတုန္းက စတမ္းဖို႔ဒ္ဘရစ္ခ်္ကလပ္ကို ေပါင္ ၄.၂၅ ဘီလီယံနဲ႔ကမ္းလွမ္းခဲ့တဲ့ ရက္ကလစ္ဖ္ မန္ယူကိုဝယ္ခ်င္တယ္ဆိုတဲ့သတင္းဟာ သရဲနီပရိသတ္ေတြအတြက္ ေနာက္ထပ္ေမွ်ာ္လင့္ခ်က္တစ္ခု ျဖစ္လာခဲ့ပါတယ္။ Ineos Grenadiers စက္ဘီးအသင္းတည္ေထာင္သူျဖစ္သလို

လီဂူး-၁ ကလပ္ႏိုက္စ္ပိုင္ရွင္လည္းျဖစ္တဲ့ ရက္ကလစ္ဖ္ဟာ ၿဗိတိန္ရဲ႕အခ်မ္းသာဆုံးပုဂၢိဳလ္ပါ။ “ မန္ယူကိုေရာင္းမယ္ဆိုရင္ေတာ့ ဂ်င္မ္က အလားအလာရွိတဲ့ ဝယ္သူတစ္ေယာက္ ျဖစ္လာမွာေသခ်ာပါတယ္။ တကယ္လို႔ ျဖစ္ႏိုင္မယ္ဆိုရင္

ေရရွည္ပိုင္ဆိုင္မႈအတြက္ ေမွ်ာ္လင့္ထားတဲ့ ကြၽန္ေတာ္တို႔ဘက္က ေဆြးေႏြးဖို႔စိတ္ဝင္စားပါတယ္ ” လို႔ ရက္ကလစ္ဖ္ရဲ႕ေျပာေရးဆိုခြင့္ရွိသူက The Times သတင္းစာကို ဖြင့္ဟလိုက္တာပါ။ တကယ္လို႔ မန္ယူကိုဝယ္ယူခြင့္ရခဲ့ရင္

အလုံးစုံမပိုင္ဆိုင္ရေသးခင္မွာေတာင္ ယိုယြင္းေနတဲ့ အိုးလ္ထရက္ဖို႔ဒ္ကြင္းကို ျပန္လည္ျပဳျပင္ေရးအပါအဝင္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ လုပ္ေဆာင္သြားဖို႔ရွိတယ္လို႔လည္း ဆက္လက္ေျပာဆိုသြားခဲ့ပါတယ္။