မန်ယူကို စပွန်ဆာ မပေးတော့ဘူးလို့ ကြေညာတော့မှ TeamViewer ရဲ့ ရှယ်ယာတန်ဖိုးတွေ ပြန်တက်လာ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့အင်္ကျီစပွန်ဆာ TeamViewer ဟာ လက်ရှိစာချုပ်သက်တမ်းကုန်ရင် စာချုပ်သစ်ထပ်မချုပ်တော့ဘူးလို့ ကြေညာလိုက်ပါတယ်။ ဂျာမနီအခြေစိုက်နည်းပညာကုမ္ပဏီဟာ

၂၀၂၁ ခုနှစ်မှာ မန်ယူနဲ့ ၅ နှစ်စာချုပ်ခဲ့တာပါ။ တစ်နှစ် ပေါင် ၄၇ သန်းတန် ၅ နှစ် စာချုပ်ခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဖို့ ၄ နစ်နီးပါး ကျန်ရှိနေပါသေးတယ်။ ဒါပေမဲ့

မန်ယူကိုစပွန်ဆာပေးတဲ့အချိန်ကစပြီး TeamViewer ရဲ့ ရှယ်ယာတန်ဖိုးတွေဟာ မယုံနိုင်စရာကောင်းလောက်အောင် ကျဆင်းခဲ့တာပါ။ နောက်ဆုံးထုတ်ပြန်လိုက်တဲ့ ဘဏ္ဍာရေးရှင်းတမ်းမှာ

အစုရှယ်ယာ ၈ ရာခိုင်နှုန်းကျဆင်းသွားခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် “ လက်ရှိစီးပွားရေးအခြေအနေအရ ကျွန်တော်တို့ရဲ့ဈေးကွက်မြှင့်တင်မှုကို ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။

မန်ယူနဲ့စာချုပ်ဟာ ကျွန်တော်တို့ပုံရိပ်ကို အများကြီးမြှင့်တင်ပေးနိုင်ခဲ့ပေမယ့် စာချုပ်ပြည့်မယ့် ၂၀၂၆ မှာတော့ လက်တွဲမှုကိုရပ်ဆိုင်းသွားမှာဖြစ်ပါတယ် ” လို့ ကြေညာထားပါတယ်။

တကယ်တော့ မန်ယူဘက်ကကြည့်ရင်လည်း တစ်နှစ် ပေါင် ၆၄ သန်းရတဲ့ Chevrolet နဲ့ လက်တွဲဖြုတ်ပြီး ပေါင် ၁၇ သန်းလောက်နည်းတဲ့ TeamViewer နဲ့စာချုပ်ကို လက်ခံခဲ့တာပါ။ ကြားကာလမှာ

နောက်ထပ်တန်ဖိုးမြင့်မားတဲ့ အင်္ကျီစပွန်စာတစ်ခု ရှာဖွေနိုင်မယ်လို့လည်း သရဲနီတွေဘက်က ယုံကြည်ထားကြောင်း သိရပါတယ်။ ထူးခြားတာကတော့ မန်ယူနဲ့လက်မတွဲတော့ဘူးလို့ ကြေညာလိုက်တဲ့နောက် TeamViewer ရဲ့ရှယ်ယာတန်ဖိုးတွေ ၅ ရာခိုင်နှုန်း ပြန်တက်လာခဲ့တာပါပဲ။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕အက်ႌစပြန္ဆာ TeamViewer ဟာ လက္ရွိစာခ်ဳပ္သက္တမ္းကုန္ရင္ စာခ်ဳပ္သစ္ထပ္မခ်ဳပ္ေတာ့ဘူးလို႔ ေၾကညာလိုက္ပါတယ္။ ဂ်ာမနီအေျခစိုက္နည္းပညာကုမၸဏီဟာ

၂၀၂၁ ခုႏွစ္မွာ မန္ယူနဲ႔ ၅ ႏွစ္စာခ်ဳပ္ခဲ့တာပါ။ တစ္ႏွစ္ ေပါင္ ၄၇ သန္းတန္ ၅ ႏွစ္ စာခ်ဳပ္ခဲ့တာျဖစ္ၿပီး စာခ်ဳပ္သက္တမ္းကုန္ဖို႔ ၄ နစ္နီးပါး က်န္ရွိေနပါေသးတယ္။ ဒါေပမဲ့ မန္ယူကိုစပြန္ဆာေပးတဲ့အခ်ိန္ကစၿပီး

TeamViewer ရဲ႕ ရွယ္ယာတန္ဖိုးေတြဟာ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ က်ဆင္းခဲ့တာပါ။ ေနာက္ဆုံးထုတ္ျပန္လိုက္တဲ့ ဘ႑ာေရးရွင္းတမ္းမွာ အစုရွယ္ယာ ၈ ရာခိုင္ႏႈန္းက်ဆင္းသြားခဲ့တယ္လို႔ ေဖၚျပထားပါတယ္။

ဒါ့အျပင္ “ လက္ရွိစီးပြားေရးအေျခအေနအရ ကြၽန္ေတာ္တို႔ရဲ႕ေဈးကြက္ျမႇင့္တင္မႈကို ျပန္လည္သုံးသပ္ခဲ့ၾကပါတယ္။ မန္ယူနဲ႔စာခ်ဳပ္ဟာ ကြၽန္ေတာ္တို႔ပုံရိပ္ကို အမ်ားႀကီးျမႇင့္တင္ေပးႏိုင္ခဲ့ေပမယ့္ စာခ်ဳပ္ျပည့္မယ့္

၂၀၂၆ မွာေတာ့ လက္တြဲမႈကိုရပ္ဆိုင္းသြားမွာျဖစ္ပါတယ္ ” လို႔ ေၾကညာထားပါတယ္။ တကယ္ေတာ့ မန္ယူဘက္ကၾကည့္ရင္လည္း တစ္ႏွစ္ ေပါင္ ၆၄ သန္းရတဲ့ Chevrolet နဲ႔ လက္တြဲျဖဳတ္ၿပီး

ေပါင္ ၁၇ သန္းေလာက္နည္းတဲ့ TeamViewer နဲ႔စာခ်ဳပ္ကို လက္ခံခဲ့တာပါ။ ၾကားကာလမွာ ေနာက္ထပ္တန္ဖိုးျမင့္မားတဲ့ အက်ႌစပြန္စာတစ္ခု ရွာေဖြႏိုင္မယ္လို႔လည္း သရဲနီေတြဘက္က

ယုံၾကည္ထားေၾကာင္း သိရပါတယ္။ ထူးျခားတာကေတာ့ မန္ယူနဲ႔လက္မတြဲေတာ့ဘူးလို႔ ေၾကညာလိုက္တဲ့ေနာက္ TeamViewer ရဲ႕ရွယ္ယာတန္ဖိုးေတြ ၅ ရာခိုင္ႏႈန္း ျပန္တက္လာခဲ့တာပါပဲ။