မန်ယူကို ဂျင်းထည့်ချင်နေတဲ့ ရာဘီယော့မိခင်ကြောင့် အပြောင်းအရွှေ့ ပျက်ဖို့ရှိနေ

ဒီနွေဈေးကွက်မှာ ကစားသမားသစ်ဝယ်ယူတာနဲ့ပတ်သက်ပြီး အခက်အခဲအမျိုးမျိုးတွေ့နေရတဲ့ မန်ယူဟာ ရာဘီယော့ရဲ့အပြောင်းအရွှေ့အတွက်လည်း ခေါင်းစားနေရပါပြီ။

ဒီကွင်းလယ်လူကို ပေါင် ၁၅.၂ သန်းနဲ့ခေါ်ယူဖို့ ဂျူဗင်တပ်အသင်းနဲ့ သဘောတူညီမှုရပြီးသားပါ။ မန်ယူနည်းပြတန်းဟတ်ကလည်း သူ့အသင်းမှာ တစ်နေရာရစေမယ်လို့ ရာဘီယော့ဆီ

ဖုန်းဆက်ပြီး အာမခံထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုမှာတော့ ပြဿနာတက်နေတယ်လို့ အီတလီအားကစားဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Sportmediaset က

ဖေါ်ပြလိုက်ပါတယ်။ အကြောင်းကတော့ ရာဘီယော့ရဲ့မိခင်ဖြစ်သူ ဗာရွန်နစ်က သူ့သားကို ဂျူဗင်တပ်မှာ လက်ရှိရနေတဲ့ တစ်နှစ် ပေါင် ၆ သန်းဆိုတဲ့လစာထက် ပိုပေးရမယ်လို့

တောင်းဆိုနေလို့ပါ။ သူမဟာ ပြင်သစ်ကွင်းလယ်လူရဲ့ အေးဂျင့်အဖြစ်ပါ တာဝန်ယူထားတာဖြစ်ပြီး မန်ယူနဲ့သတင်းထွက်ချိန်ကတည်းက ဗာရွန်နစ်ကြောင့် အသံကြားရလိမ့်မယ်လို့

ခန့်မှန်းချက်တွေထွက်ခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာတော့ နှစ်ဖက်ကြားမှာ ဆွေးနွေးမှုက မတိုးတက်ဘဲဖြစ်နေပြီး အခန့်မသင့်ရင် ပျက်သွားနိုင်ချေရှိတယ်လို့ သိရပါတယ်။

မန်ယူပရိသတ်တွေကတော့ စည်းကမ်းပိုင်းအားနည်းတဲ့ ရာဘီယော့ကို အစောပိုင်းကတည်းက မလိုချင်ခဲ့ကြတာပါ။ ဒီကစားသမားဟာ ပီအက်စ်ဂျီမှာ နည်းပြတူချယ်နဲ့ပြဿနာတက်ခဲ့ဖူးသလို ပြင်သစ်နည်းပြဒက်စ်ချမ့်စ်နဲ့လည်း အဆင်ပြေခဲ့သူမဟုတ်ပါဘူး။

(zawgyi)

ဒီေႏြေဈးကြက္မွာ ကစားသမားသစ္ဝယ္ယူတာနဲ႔ပတ္သက္ၿပီး အခက္အခဲအမ်ိဳးမ်ိဳးေတြ႕ေနရတဲ့ မန္ယူဟာ ရာဘီေယာ့ရဲ႕အေျပာင္းအေ႐ႊ႕အတြက္လည္း ေခါင္းစားေနရပါၿပီ။ ဒီကြင္းလယ္လူကို

ေပါင္ ၁၅.၂ သန္းနဲ႔ေခၚယူဖို႔ ဂ်ဴဗင္တပ္အသင္းနဲ႔ သေဘာတူညီမႈရၿပီးသားပါ။ မန္ယူနည္းျပတန္းဟတ္ကလည္း သူ႔အသင္းမွာ တစ္ေနရာရေစမယ္လို႔ ရာဘီေယာ့ဆီ ဖုန္းဆက္ၿပီး အာမခံထားတယ္လို႔

သိရပါတယ္။ ဒါေပမဲ့ ပုဂၢိဳလ္ေရးသေဘာတူညီမႈမွာေတာ့ ျပႆနာတက္ေနတယ္လို႔ အီတလီအားကစားဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ Sportmediaset က ေဖၚျပလိုက္ပါတယ္။ အေၾကာင္းကေတာ့

ရာဘီေယာ့ရဲ႕မိခင္ျဖစ္သူ ဗာ႐ြန္နစ္က သူ႔သားကို ဂ်ဴဗင္တပ္မွာ လက္ရွိရေနတဲ့ တစ္ႏွစ္ ေပါင္ ၆ သန္းဆိုတဲ့လစာထက္ ပိုေပးရမယ္လို႔ ေတာင္းဆိုေနလို႔ပါ။ သူမဟာ ျပင္သစ္ကြင္းလယ္လူရဲ႕

ေအးဂ်င့္အျဖစ္ပါ တာဝန္ယူထားတာျဖစ္ၿပီး မန္ယူနဲ႔သတင္းထြက္ခ်ိန္ကတည္းက ဗာ႐ြန္နစ္ေၾကာင့္ အသံၾကားရလိမ့္မယ္လို႔ ခန႔္မွန္းခ်က္ေတြထြက္ခဲ့ဖူးပါတယ္။ လက္ရွိအခ်ိန္မွာေတာ့

ႏွစ္ဖက္ၾကားမွာ ေဆြးေႏြးမႈက မတိုးတက္ဘဲျဖစ္ေနၿပီး အခန႔္မသင့္ရင္ ပ်က္သြားႏိုင္ေခ်ရွိတယ္လို႔ သိရပါတယ္။ မန္ယူပရိသတ္ေတြကေတာ့ စည္းကမ္းပိုင္းအားနည္းတဲ့ ရာဘီေယာ့ကို

အေစာပိုင္းကတည္းက  မလိုခ်င္ခဲ့ၾကတာပါ။ ဒီကစားသမားဟာ ပီအက္စ္ဂ်ီမွာ နည္းျပတူခ်ယ္နဲ႔ျပႆနာတက္ခဲ့ဖူးသလို ျပင္သစ္နည္းျပဒက္စ္ခ်မ့္စ္နဲ႔လည္း အဆင္ေျပခဲ့သူမဟုတ္ပါဘူး။