မန်ယူကိုဝယ်ဖို့ ဗြိတိန်သန်းကြွယ်သူဌေး ရက်ကလစ်ဖ်နဲ့ ပူးပေါင်းတော့မယ့် ဖော်မြူလာဝမ်းဂန္ထဝင် ဟာမီလ်တန်

ဂလေဇာမိသားစုလက်ကနေ မန်ယူကိုဆွဲထုတ်ဖို့ ကြိုးစားနေတဲ့သတင်းတွေကို ဖော်မြူလာဝမ်းချန်ပီယံ လူးဝစ္စဟာမီလ်တန်က ပြန်လည်အသက်သွင်းလိုက်ပါတယ်။ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်သား ကမ္ဘာ့ပြိုင်ကားချန်ပီယံဟာ

ပေါင် သန်း ၂၅၀ လောက် ကြွယ်ဝသူပါ။ တစ်နှစ် ပေါင် သန်း ၅၀ လောက် ဝင်ငွေရှိနေတဲ့ ဖော်မြူလာဝမ်းဂန္ထဝင်အနေနဲ့ မန်ယူလိုအသင်းကို တစ်ဦးတည်းပိုင်ဆိုင်နိုင်ဖို့ မလွယ်ပေမယ့် ရှယ်ယာရှင်တစ်ဦးဖြစ်ဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

အမေရိကန်သူဌေးတွေလက်ထဲကနေ မန်ယူကိုဝယ်ယူဖို့ နောက်ဆုံးသတင်းထွက်ခဲ့သူကတော့ ပေါင် ၁၅ ဘီလီယံချမ်းသာတဲ့ ဗြိတိန်ဘီလျံနာ ဆာဂျမ်ရက်ကလစ်ဖ်ဖြစ်ပါတယ်။ ဗြိတိန်မှာအချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် စာရင်းဝင်ခဲ့ဖူးတဲ့

အသက် ၆၉ နှစ်အရွယ် ရက်ကလစ်ဖ်ဟာ ဂလေဇာထုတ်ရောင်းနေတဲ့ ရှယ်ယာတစ်ချို့ကို စတင်ဝယ်ယူနေပြီလို့တောင် သတင်းထွက်ခဲ့တာပါ။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အီလွန်မက်က မန်ယူကိုဝယ်မယ်လို့

တွစ်တာမှာနောက်ပြောင်လိုက်တဲ့နောက်ပိုင်း တကယ်လှုပ်ရှားနေသူလည်းဖြစ်ပါတယ်။ ဟာမီလ်တန်ကတော့ နယ်သာလန်ဂရီးပရီမတိုင်ခင် အင်တာဗျူးတစ်ခုမှာ မန်ယူနဲ့ပတ်သက်တဲ့မေးခွန်းကို

“ ဒါက ပထမဆုံးအကြိမ် ကျွန်တော်ကြားရတာပါပဲ။ နမီးဘီးယားမှာ ကျွန်တော်ရှိနေချိန်ကတည်းက ဂျမ်ကိုဖမ်းဖို့ အချိန်မရှိခဲ့ပါဘူး။ သူ့ဆီက ဖုန်းခေါ်တာမျိုးလည်း မရှိသေးပါဘူး။

ဒါပေမဲ့ ကျွန်တော် သူနဲ့ရှယ်ယာဝင်ချင်ပါတယ်။ အနာဂတ်မှာ သူနဲ့လက်တွဲချင်တာလည်း ပါပါတယ်။ ဘယ်တော့ဖြစ်မလဲဆိုတာတော့ ကျွန်တော်လည်း မသိသေးပါဘူး ” လို့ ဖြေသွားခဲ့တာပါ။

(zawgyi)

ဂေလဇာမိသားစုလက္ကေန မန္ယူကိုဆြဲထုတ္ဖို႔ ႀကိဳးစားေနတဲ့သတင္းေတြကို ေဖာ္ျမဴလာဝမ္းခ်န္ပီယံ လူးဝစၥဟာမီလ္တန္က ျပန္လည္အသက္သြင္းလိုက္ပါတယ္။ အသက္ ၃၇ ႏွစ္ရွိၿပီျဖစ္တဲ့ အဂၤလန္သား ကမာၻ႔ၿပိဳင္ကားခ်န္ပီယံဟာ

ေပါင္ သန္း ၂၅၀ ေလာက္ ႂကြယ္ဝသူပါ။ တစ္ႏွစ္ ေပါင္ သန္း ၅၀ ေလာက္ ဝင္ေငြရွိေနတဲ့ ေဖာ္ျမဴလာဝမ္းဂႏၴဝင္အေနနဲ႔ မန္ယူလိုအသင္းကို တစ္ဦးတည္းပိုင္ဆိုင္ႏိုင္ဖို႔ မလြယ္ေပမယ့္ ရွယ္ယာရွင္တစ္ဦးျဖစ္ဖို႔

စိတ္ဝင္စားေနတာျဖစ္ပါတယ္။ အေမရိကန္သူေဌးေတြလက္ထဲကေန မန္ယူကိုဝယ္ယူဖို႔ ေနာက္ဆုံးသတင္းထြက္ခဲ့သူကေတာ့ ေပါင္ ၁၅ ဘီလီယံခ်မ္းသာတဲ့ ၿဗိတိန္ဘီလ်ံနာ ဆာဂ်မ္ရက္ကလစ္ဖ္ျဖစ္ပါတယ္။ ၿဗိတိန္မွာအခ်မ္းသာဆုံးပုဂၢိဳလ္အျဖစ္

စာရင္းဝင္ခဲ့ဖူးတဲ့ အသက္ ၆၉ ႏွစ္အ႐ြယ္ ရက္ကလစ္ဖ္ဟာ ဂေလဇာထုတ္ေရာင္းေနတဲ့ ရွယ္ယာတစ္ခ်ိဳ႕ကို စတင္ဝယ္ယူေနၿပီလို႔ေတာင္ သတင္းထြက္ခဲ့တာပါ။ ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္အီလြန္မက္က

မန္ယူကိုဝယ္မယ္လို႔ တြစ္တာမွာေနာက္ေျပာင္လိုက္တဲ့ေနာက္ပိုင္း တကယ္လႈပ္ရွားေနသူလည္းျဖစ္ပါတယ္။ ဟာမီလ္တန္ကေတာ့ နယ္သာလန္ဂရီးပရီမတိုင္ခင္ အင္တာဗ်ဴးတစ္ခုမွာ မန္ယူနဲ႔ပတ္သက္တဲ့ေမးခြန္းကို

“ ဒါက ပထမဆုံးအႀကိမ္ ကြၽန္ေတာ္ၾကားရတာပါပဲ။ နမီးဘီးယားမွာ ကြၽန္ေတာ္ရွိေနခ်ိန္ကတည္းက ဂ်မ္ကိုဖမ္းဖို႔ အခ်ိန္မရွိခဲ့ပါဘူး။ သူ႔ဆီက ဖုန္းေခၚတာမ်ိဳးလည္း မရွိေသးပါဘူး။

ဒါေပမဲ့ ကြၽန္ေတာ္ သူနဲ႔ရွယ္ယာဝင္ခ်င္ပါတယ္။ အနာဂတ္မွာ သူနဲ႔လက္တြဲခ်င္တာလည္း ပါပါတယ္။ ဘယ္ေတာ့ျဖစ္မလဲဆိုတာေတာ့ ကြၽန္ေတာ္လည္း မသိေသးပါဘူး ” လို႔ ေျဖသြားခဲ့တာပါ။