မန်ယူကိုရော ပရိသတ်တွေ ဒီလိုပဲလာကြိုကြလားလို့ ရိသဲ့သဲ့လုပ်တဲ့ ဂျာဂင်ကလော့ပ်

ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေယာဉ်ကွင်းကို ရောက်ရှိလာတဲ့ လီဗာပူးလ်အသင်းဟာ များပြားလှတဲ့ပရိသတ်တွေရဲ့ သောင်းသောင်းဖျဖျကြိုဆိုမှု ခံခဲ့ရပါတယ်။

ထိုင်းမှာရှိတဲ့ ပရီးမီးယားလိဂ်ပရိသတ်တွေဟာ မနေ့ကလည်း မန်ယူအသင်းကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြပါသေးတယ်။

ဘန်ကောက်ကိုရောက်လာတဲ့ မန်ယူအသင်းကို လာကြိုကြတဲ့ပရိသတ်တွေ ရာဂဏန်းလောက်ရှိခဲ့ပြီး လေဆိပ်မှာ ၂ နာရီလောက် စောင့်နေခဲ့ကြတာလို့သိရပါတယ်။

လီဗာပူးလ်အသင်းကို လာကြိုတဲ့ပရိသတ်အင်အားကလည်း မနည်းပါဘူး။ နည်းပြဂျာဂင်ကလော့ပ်ကတော့ BBC နဲ့အင်တာဗျူးမှာ ပြိုင်ဘက်ကြီးမန်ယူကို ရိသဲ့သဲ့လုပ်သွားခဲ့ပါတယ်။

“ မနေ့တုန်းက ယူနိုက်တက်လာတုန်းကလည်း ဒီလိုပဲလား ” လို့ မေးခွန်းထုတ်သွားခဲ့တာပါ။ ထိုင်းမှာက လီဗာပူးလ်ပရိသတ်ပိုများတာကြောင့် ဂျာမန်သား လှောင်ပြောင်တဲ့သဘောပြောတာဖြစ်နိုင်တယ်လို့

သုံးသပ်မှုတွေရှိနေပါတယ်။ အင်္ဂလန်မှာ အစဉ်အလာကြီးမားတဲ့ အနီရောင်ဒါဘီဖန်တီးရှင် သရဲနီတွေနဲ့ ကြိုးကြာနီတွေဟာ အင်္ဂါနေ့မှာ ခြေစမ်းကြမှာပါ။

ပြီးရင် မန်ယူက သြစတြေးလျ၊ လီဗာပူးလ်က စင်ကာပူကို ခရီးဆက်ဖို့ရှိနေပါတယ်။ ကြိုးကြာနီတွေဟာ စင်ကာပူမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားပြီးရင်

ဥရောပကိုပြန်လှည့်လာမှာဖြစ်ပါတယ်။ မန်ယူကတော့ မဲလ်ဘုန်းမှာ ပဲလေ့စ်၊ ပါ့သ်မှာ ဗီလာနဲ့ကစားမှာဖြစ်ပါတယ်။

(zawgyi)

ထိုင္းႏိုင္ငံ သုဝဏၰဘူမိေလယာဥ္ကြင္းကို ေရာက္ရွိလာတဲ့ လီဗာပူးလ္အသင္းဟာ မ်ားျပားလွတဲ့ပရိသတ္ေတြရဲ႕ ေသာင္းေသာင္းဖ်ဖ်ႀကိဳဆိုမႈ ခံခဲ့ရပါတယ္။

ထိုင္းမွာရွိတဲ့ ပရီးမီးယားလိဂ္ပရိသတ္ေတြဟာ မေန႔ကလည္း မန္ယူအသင္းကို လႈိက္လႈိက္လွဲလွဲႀကိဳဆိုခဲ့ၾကပါေသးတယ္။ ဘန္ေကာက္ကိုေရာက္လာတဲ့ မန္ယူအသင္းကို

လာႀကိဳၾကတဲ့ပရိသတ္ေတြ ရာဂဏန္းေလာက္ရွိခဲ့ၿပီး ေလဆိပ္မွာ ၂ နာရီေလာက္ ေစာင့္ေနခဲ့ၾကတာလို႔သိရပါတယ္။ လီဗာပူးလ္အသင္းကို လာႀကိဳတဲ့ပရိသတ္အင္အားကလည္း မနည္းပါဘူး။

နည္းျပဂ်ာဂင္ကေလာ့ပ္ကေတာ့ BBC နဲ႔အင္တာဗ်ဴးမွာ ၿပိဳင္ဘက္ႀကီးမန္ယူကို ရိသဲ့သဲ့လုပ္သြားခဲ့ပါတယ္။ “ မေန႔တုန္းက ယူႏိုက္တက္လာတုန္းကလည္း ဒီလိုပဲလား ” လို႔ ေမးခြန္းထုတ္သြားခဲ့တာပါ။

ထိုင္းမွာက လီဗာပူးလ္ပရိသတ္ပိုမ်ားတာေၾကာင့္ ဂ်ာမန္သား ေလွာင္ေျပာင္တဲ့သေဘာေျပာတာျဖစ္ႏိုင္တယ္လို႔ သုံးသပ္မႈေတြရွိေနပါတယ္။ အဂၤလန္မွာ အစဥ္အလာႀကီးမားတဲ့

အနီေရာင္ဒါဘီဖန္တီးရွင္ သရဲနီေတြနဲ႔ ႀကိဳးၾကာနီေတြဟာ အဂၤါေန႔မွာ ေျခစမ္းၾကမွာပါ။ ၿပီးရင္ မန္ယူက ၾသစေၾတးလ်၊ လီဗာပူးလ္က စင္ကာပူကို ခရီးဆက္ဖို႔ရွိေနပါတယ္။

ႀကိဳးၾကာနီေတြဟာ စင္ကာပူမွာ ခရစၥတယ္ပဲေလ့စ္နဲ႔ကစားၿပီးရင္ ဥေရာပကိုျပန္လွည့္လာမွာျဖစ္ပါတယ္။ မန္ယူကေတာ့ မဲလ္ဘုန္းမွာ ပဲေလ့စ္၊ ပါ့သ္မွာ ဗီလာနဲ႔ကစားမွာျဖစ္ပါတယ္။