မန်ယူကိုရောက်လာတော့မယ့် ဒိန်းမတ်သား သေရွာပြန်အဲရစ်ဆင်

မန်ယူအသင်းဟာ ခရစ္စတီယန်အဲရစ်ဆင်ကိုခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။ အသက် ၃၀ အရွယ် ဒိန်းမတ်ကွင်းလယ်လူဟာ သရဲနီတွေနဲ့ ၃ နှစ်စာချုပ်ဖို့ သဘောတူခဲ့ကြောင်း Daily Mail သတင်းစာက ဖေါ်ပြလိုက်တာပါ။

ပြီးခဲ့တဲ့ရာသီ ဒုတိယပိုင်းမှာ ဘရန့်ဖို့ဒ်ကိုရောက်လာခဲ့တဲ့ အဲရစ်ဆင်ဟာ မမျှော်လင့်ထားတဲ့ခြေစွမ်းမျိုး ပြနိုင်ခဲ့ပါတယ်။ ၁၁ ပွဲမှာ ၁ ဂိုးသွင်းနိုင်ခဲ့ပြီး ယူရို ၂၀၂၀ တုန်းက ကွင်းထဲလဲကျခဲ့ဖူးတဲ့ နှလုံးရောဂါရှင်တစ်ယောက်လို့

မထင်ရလောက်အောင် ကစားနိုင်ခဲ့တာပါ။ ဒါကြောင့် ဘရန့်ဖို့ဒ်က စာချုပ်သစ်ချုပ်ဖို့ကမ်းလှမ်းပေမယ့် မန်ယူမှာကစားခွင့်ကိုရွေးချယ်ခဲ့တာလို့ ရေးသားထားပါတယ်။ လက်ရှိအချိန်မှာတော့ နှုတ်အားဖြင့်သဘောတူညီမှုရထားတဲ့

ဒိန်းမတ်သားဟာ ဆေးစစ်ဖို့သာကျန်ပါတော့တယ်။ မန်ယူနည်းပြတန်းဟတ်အတွက်တော့ အဲရစ်ဆင်ကိုခေါ်နိုင်တာကြောင့် နွေဈေးကွက်နဲ့ပတ်သက်ပြီး ယုံကြည်မှုပိုရသွားစေခဲ့ပါတယ်။

သရဲနီတွေဟာ ဒီနွေမှာ ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် အသက် ၂၂ အရွယ် ဖီယင်နုနောက်ခံလူ တိုင်ရယ်မာလာစီယာကို ပေါင် ၁၃ သန်းဝန်းကျင်နဲ့ခေါ်ယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အဓိကကစားသမားတစ်ဦးဖြစ်တဲ့ တိုက်စစ်မှူးရော်နယ်ဒို ထွက်ခွာခွင့်တောင်းထားတာကြောင့် ဂယက်ထနေပါတယ်။ မန်ချက်စတာညနေခင်းသတင်းစာကတော့ မန်ယူဟာ နွေဈေးကွက်မှာ ကစားသမား ၅ ဦးလောက်ခေါ်ဖို့ရှိနေတယ်လို့ ဖေါ်ပြပါတယ်။

သူတို့ရဲ့ပစ်မှတ်တွေထဲမှာ အေဂျက်ဇ်နောက်ခံလူမာတီနက်ဇ်နဲ့ ဂျူဗင်တပ်တိုက်စစ်မှူးဒိုင်ဘာလာတို့က အဓိကဖြစ်နေတယ်လို့လည်း သိရပါတယ်။

(zawgyi)

မန္ယူအသင္းဟာ ခရစၥတီယန္အဲရစ္ဆင္ကိုေခၚယူဖို႔ သေဘာတူညီမႈရခဲ့ၿပီလို႔ သိရပါတယ္။ အသက္ ၃၀ အ႐ြယ္ ဒိန္းမတ္ကြင္းလယ္လူဟာ သရဲနီေတြနဲ႔ ၃ ႏွစ္စာခ်ဳပ္ဖို႔ သေဘာတူခဲ့ေၾကာင္း Daily Mail သတင္းစာက ေဖၚျပလိုက္တာပါ။

ၿပီးခဲ့တဲ့ရာသီ ဒုတိယပိုင္းမွာ ဘရန႔္ဖို႔ဒ္ကိုေရာက္လာခဲ့တဲ့ အဲရစ္ဆင္ဟာ မေမွ်ာ္လင့္ထားတဲ့ေျခစြမ္းမ်ိဳး ျပႏိုင္ခဲ့ပါတယ္။ ၁၁ ပြဲမွာ ၁ ဂိုးသြင္းႏိုင္ခဲ့ၿပီး ယူ႐ို ၂၀၂၀ တုန္းက ကြင္းထဲလဲက်ခဲ့ဖူးတဲ့ ႏွလုံးေရာဂါရွင္တစ္ေယာက္လို႔ မထင္ရေလာက္ေအာင္ ကစားႏိုင္ခဲ့တာပါ။

ဒါေၾကာင့္ ဘရန႔္ဖို႔ဒ္က စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ကမ္းလွမ္းေပမယ့္ မန္ယူမွာကစားခြင့္ကိုေ႐ြးခ်ယ္ခဲ့တာလို႔ ေရးသားထားပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ႏႈတ္အားျဖင့္သေဘာတူညီမႈရထားတဲ့ ဒိန္းမတ္သားဟာ ေဆးစစ္ဖို႔သာက်န္ပါေတာ့တယ္။

မန္ယူနည္းျပတန္းဟတ္အတြက္ေတာ့ အဲရစ္ဆင္ကိုေခၚႏိုင္တာေၾကာင့္ ေႏြေဈးကြက္နဲ႔ပတ္သက္ၿပီး ယုံၾကည္မႈပိုရသြားေစခဲ့ပါတယ္။ သရဲနီေတြဟာ ဒီေႏြမွာ ပထမဆုံးကစားသမားေခၚယူမႈအျဖစ္ အသက္ ၂၂ အ႐ြယ္ ဖီယင္ႏုေနာက္ခံလူ တိုင္ရယ္မာလာစီယာကို

ေပါင္ ၁၃ သန္းဝန္းက်င္နဲ႔ေခၚယူႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ အဓိကကစားသမားတစ္ဦးျဖစ္တဲ့ တိုက္စစ္မႉးေရာ္နယ္ဒို ထြက္ခြာခြင့္ေတာင္းထားတာေၾကာင့္ ဂယက္ထေနပါတယ္။ မန္ခ်က္စတာညေနခင္းသတင္းစာကေတာ့

မန္ယူဟာ ေႏြေဈးကြက္မွာ ကစားသမား ၅ ဦးေလာက္ေခၚဖို႔ရွိေနတယ္လို႔ ေဖၚျပပါတယ္။ သူတို႔ရဲ႕ပစ္မွတ္ေတြထဲမွာ ေအဂ်က္ဇ္ေနာက္ခံလူမာတီနက္ဇ္နဲ႔ ဂ်ဴဗင္တပ္တိုက္စစ္မႉးဒိုင္ဘာလာတို႔က အဓိကျဖစ္ေနတယ္လို႔လည္း သိရပါတယ္။