မန်ယူကိုမှ မသွားရရင် အကန်ဇယားတွေပဲလုပ်မှာလို့ အေဂျက်ဇ်ကို အန်တိုနီမားသီးယက်စ် သတိပေး

မန်ယူရဲ့ပစ်မှတ် အေဂျက်ဇ်တောင်ပံတိုက်စစ်မှူး အန်တိုနီမားသီးယက်စ်က အသင်းမှာ သူ့အနာဂတ်နဲ့ပတ်သက်ပြီး အာမခံချက်မပေးနိုင်ဘူးလို့ နယ်သာလန်ကလပ်ကို အသိပေးလိုက်ပါတယ်။ သရဲနီတွေဟာ ဘရာဇီးလ်သားအတွက်

ပေါင် ၆၇ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် အေဂျက်ဇ်က ငြင်းပယ်ခဲ့ပါတယ်။ မန်ယူနည်းပြတန်းဟတ်ကတော့ ၂၀၂၀ တုန်းက အေဂျက်ဇ်ကို သူကိုယ်တိုင်ခေါ်ယူခဲ့တဲ့ အန်တိုနီနဲ့ ပြန်လည်ပေါင်းစည်းချင်နေတာပါ။

ဒါပေမဲ့ နယ်သာလန်ကလပ်က ငြင်းဆန်ခဲ့သလို မန်ယူနဲ့သတင်းထွက်လာတဲ့နောက် ဘရာဇီးလ်သားကို တစ်ယောက်တည်းခွဲပြီး လေ့ကျင့်စေခဲ့တယ်လို့လည်း သိရပါတယ်။ “ ကျွန်တော်ပြောနိုင်တာကတော့ မိသားစု၊

စီးပွားဖက်တွေနဲ့ အေဂျက်ဇ် အားလုံးအတူအတူ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့ တိုင်ပင်ချင်တာပါ။ နောက်ဆုံးမှာတော့ ကျွန်တော့်အနာဂတ်အတွက် ဘုရားသခင်က အဆုံးအဖြတ်ပေးပါလိမ့်မယ် ” လို့ အန်တိုနီက De Telegraaf ကို

ပြောသွားခဲ့တာပါ။ ဒါပေမဲ့ ဒီနွေမှာတော့ အေဂျက်ဇ်မှာပဲဆက်ရှိနေမယ် မဟုတ်လားဆိုတဲ့မေးခွန်းကိုတော့ “ မဟုတ်ဘူး။ ရိုးရိုးသားသားပြောရရင် ကျွန်တော် မလုပ်နိုင်ဘူး ” လို့ ဖြေသွားခဲ့ပါတယ်။  ဒါ့အပြင် လက်ရှိအချိန်မှာ ဘောလုံးကစားဖို့သာ တွေးထားကြောင်း၊

တစ်ခြားကိစ္စတွေက အေးဂျင့်နဲ့အကိုဖြစ်သူသာ စီမံမှာဖြစ်ကြောင်း၊ ၂၀၂၅ အထိ စာချုပ်ရှိနေတဲ့အေဂျက်ဇ်မှာလည်း ပျော်နေပါကြောင်း၊ ဒါပေမဲ့ အကောင်းဆုံးဖြစ်အောင် ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ဘရာဇီးလ်တောင်ပံတိုက်စစ်မှူးက ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

မန္ယူရဲ႕ပစ္မွတ္ ေအဂ်က္ဇ္ေတာင္ပံတိုက္စစ္မႉး အန္တိုနီမားသီးယက္စ္က အသင္းမွာ သူ႔အနာဂတ္နဲ႔ပတ္သက္ၿပီး အာမခံခ်က္မေပးႏိုင္ဘူးလို႔ နယ္သာလန္ကလပ္ကို အသိေပးလိုက္ပါတယ္။ သရဲနီေတြဟာ ဘရာဇီးလ္သားအတြက္ ေပါင္ ၆၇ သန္းနဲ႔

ကမ္းလွမ္းခဲ့ေပမယ့္ ေအဂ်က္ဇ္က ျငင္းပယ္ခဲ့ပါတယ္။ မန္ယူနည္းျပတန္းဟတ္ကေတာ့ ၂၀၂၀ တုန္းက ေအဂ်က္ဇ္ကို သူကိုယ္တိုင္ေခၚယူခဲ့တဲ့ အန္တိုနီနဲ႔ ျပန္လည္ေပါင္းစည္းခ်င္ေနတာပါ။ ဒါေပမဲ့ နယ္သာလန္ကလပ္က ျငင္းဆန္ခဲ့သလို

မန္ယူနဲ႔သတင္းထြက္လာတဲ့ေနာက္ ဘရာဇီးလ္သားကို တစ္ေယာက္တည္းခြဲၿပီး ေလ့က်င့္ေစခဲ့တယ္လို႔လည္း သိရပါတယ္။ “ ကြၽန္ေတာ္ေျပာႏိုင္တာကေတာ့ မိသားစု၊ စီးပြားဖက္ေတြနဲ႔ ေအဂ်က္ဇ္ အားလုံးအတူအတူ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ခ်ႏိုင္ဖို႔ တိုင္ပင္ခ်င္တာပါ။

ေနာက္ဆုံးမွာေတာ့ ကြၽန္ေတာ့္အနာဂတ္အတြက္ ဘုရားသခင္က အဆုံးအျဖတ္ေပးပါလိမ့္မယ္ ” လို႔ အန္တိုနီက De Telegraaf ကို ေျပာသြားခဲ့တာပါ။ ဒါေပမဲ့ ဒီေႏြမွာေတာ့ ေအဂ်က္ဇ္မွာပဲဆက္ရွိေနမယ္ မဟုတ္လားဆိုတဲ့ေမးခြန္းကိုေတာ့

“ မဟုတ္ဘူး။ ႐ိုး႐ိုးသားသားေျပာရရင္ ကြၽန္ေတာ္ မလုပ္ႏိုင္ဘူး ” လို႔ ေျဖသြားခဲ့ပါတယ္။ ဒါ့အျပင္ လက္ရွိအခ်ိန္မွာ ေဘာလုံးကစားဖို႔သာ ေတြးထားေၾကာင္း၊ တစ္ျခားကိစၥေတြက ေအးဂ်င့္နဲ႔အကိုျဖစ္သူသာ

စီမံမွာျဖစ္ေၾကာင္း၊ ၂၀၂၅ အထိ စာခ်ဳပ္ရွိေနတဲ့ေအဂ်က္ဇ္မွာလည္း ေပ်ာ္ေနပါေၾကာင္း၊ ဒါေပမဲ့ အေကာင္းဆုံးျဖစ္ေအာင္ ဆုံးျဖတ္သြားမွာျဖစ္ေၾကာင္း ဘရာဇီးလ္ေတာင္ပံတိုက္စစ္မႉးက ဆက္လက္ေျပာဆိုသြားခဲ့ပါတယ္။