မန်ယူကိုပြန်သွားမလားလို့ အမေးခံရတာကြောင့် ပဲလေ့စ်တိုက်စစ်မှူးဇာဟာ စိတ်အနှောင့်အယှက်ဖြစ်

ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး ဝီလ်ဖရက်ဒ်ဇာဟာကို အသင်းဟောင်းမန်ယူကို ဒီနွေဈေးကွက်မှာ ပြန်သွားဖို့ရှိလားလို့ ပရိသတ်တစ်ဦးကမေးမြန်းခဲ့ပါတယ်။

ဒီတော့ အသက် ၂၉ နှစ်အရွယ် အိုင်ဗရီကို့စ်လက်ရွေးစင်ဟာ အံ့အားသင့်သွားခဲ့ပါတယ်။ ပဲလေ့စ်ဟာ ပရီးမီးယားလိဂ်ရာသီသစ် အဖွင့်ပွဲစဉ်မှာ အာဆင်နယ်နဲ့ရင်ဆိုင်ရမှာပါ။

ပြီးခဲ့တဲ့ခြေစမ်းပွဲမှာတော့ လင်းယုန်တွေဟာ ဂီလင်ဟမ်ကို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့ပြီး ဇာဟာက ချေပဂိုးသွင်းပေးခဲ့ပါတယ်။ ပွဲပြီးတဲ့နောက် Priestfield ကစားကွင်းထဲလျှောက်လာတဲ့

ဇာဟာကို TikTok အသုံးပြုသူတစ်ဦးဖြစ်တဲ့ Chreamsie က မေးမြန်းခဲ့တာပါ။ “ ယူနိုက်တက်ကိုသွားမလား ” ဆိုတဲ့ အဲဒီပရိသတ်ရဲ့မေးခွန်းကို ပဲလေ့စ်တိုက်စစ်မှူးက

“ ဘာတွေလဲ။ မြေကြီးပေါ်မှာ ဘာလဲ ” လို့ ဖြေပြီး ဆက်လျှောက်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ပဲလေ့စ်အတွက် ပြိုင်ပွဲစုံ ၁၅ ဂိုးသွင်းပေးခဲ့တဲ့ဇာဟာဟာ ရာသီသစ်မှာလည်း

ပဲလေ့စ်ရဲ့အဓိက ကစားသမားတစ်ယောက်ဖြစ်လာဖို့ရှိနေပါတယ်။ မော်ရင်ညိုရဲ့ရိုးမားက စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပေမယ့် နည်းပြဗီအဲရာကတော့ အသင်းမှာ

ဇာဟာပျော်နေပါတယ်လို့ ဆိုထားပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာကျင်လည်ခဲ့တဲ့ ၂ နှစ်တာကာလဟာ သူ့ကိုစိတ်ဓာတ်ကျစေခဲ့တယ်လို့ အိုင်ဗရီကို့စ်သားက ၂၀၁၈ မှာ ဖွင့်ဟခဲ့ဖူးပါတယ်။

(zawgyi)

ခရစၥတယ္ပဲေလ့စ္တိုက္စစ္မႉး ဝီလ္ဖရက္ဒ္ဇာဟာကို အသင္းေဟာင္းမန္ယူကို ဒီေႏြေဈးကြက္မွာ ျပန္သြားဖို႔ရွိလားလို႔ ပရိသတ္တစ္ဦးကေမးျမန္းခဲ့ပါတယ္။ ဒီေတာ့ အသက္ ၂၉ ႏွစ္အ႐ြယ္

အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ဟာ အံ့အားသင့္သြားခဲ့ပါတယ္။ ပဲေလ့စ္ဟာ ပရီးမီးယားလိဂ္ရာသီသစ္ အဖြင့္ပြဲစဥ္မွာ အာဆင္နယ္နဲ႔ရင္ဆိုင္ရမွာပါ။ ၿပီးခဲ့တဲ့ေျခစမ္းပြဲမွာေတာ့ လင္းယုန္ေတြဟာ

ဂီလင္ဟမ္ကို ၃-၂ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး ဇာဟာက ေခ်ပဂိုးသြင္းေပးခဲ့ပါတယ္။ ပြဲၿပီးတဲ့ေနာက္ Priestfield ကစားကြင္းထဲေလွ်ာက္လာတဲ့ ဇာဟာကို TikTok အသုံးျပဳသူတစ္ဦးျဖစ္တဲ့ Chreamsie က

ေမးျမန္းခဲ့တာပါ။ “ ယူႏိုက္တက္ကိုသြားမလား ” ဆိုတဲ့ အဲဒီပရိသတ္ရဲ႕ေမးခြန္းကို ပဲေလ့စ္တိုက္စစ္မႉးက “ ဘာေတြလဲ။ ေျမႀကီးေပၚမွာ ဘာလဲ ” လို႔ ေျဖၿပီး ဆက္ေလွ်ာက္သြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းက ပဲေလ့စ္အတြက္ ၿပိဳင္ပြဲစုံ ၁၅ ဂိုးသြင္းေပးခဲ့တဲ့ဇာဟာဟာ ရာသီသစ္မွာလည္း ပဲေလ့စ္ရဲ႕အဓိက ကစားသမားတစ္ေယာက္ျဖစ္လာဖို႔ရွိေနပါတယ္။ ေမာ္ရင္ညိဳရဲ႕႐ိုးမားက စိတ္ဝင္စားေနတယ္လို႔

သတင္းထြက္ေနေပမယ့္ နည္းျပဗီအဲရာကေတာ့ အသင္းမွာ ဇာဟာေပ်ာ္ေနပါတယ္လို႔ ဆိုထားပါတယ္။ အိုးလ္ထရက္ဖို႔ဒ္မွာက်င္လည္ခဲ့တဲ့ ၂ ႏွစ္တာကာလဟာ သူ႔ကိုစိတ္ဓာတ္က်ေစခဲ့တယ္လို႔ အိုင္ဗရီကို႔စ္သားက ၂၀၁၈ မွာ ဖြင့္ဟခဲ့ဖူးပါတယ္။