မန်ယူကနေ ရော်နယ်ဒိုထွက်ချင်တာ မက်ဆီမှာ တာဝန်ရှိတယ်

သတင်းခေါင်းစဉ်က တကယ့်ကိုစိတ်ရှုပ်စရာကောင်းနေပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုအဓိပ္ပာယ်မျိုးဖွင့်နိုင်တဲ့ စကားမျိုးကို ချဲလ်ဆီးတိုက်စစ်မှူးဟောင်း တိုနီကက်စ်ကာရီနို တကယ်ပြောလိုက်တာပါ။

ကက်စ်ကာရီနို အကြောင်းပြတာကတော့ ရော်နယ်ဒိုဟာ သူ့ရဲ့ချန်ပီယံလိဂ်မှတ်တမ်းကို မက်ဆီကျော်တက်သွားမှာစိုးရိမ်လို့ မန်ယူကနေထွက်ချင်နေတာပါတဲ့။

နာမည်ကျော်ဘောလုံးသတင်းထောက် ရိုမာနိုက စတင်ခဲ့တဲ့ ရော်နယ်ဒိုနဲ့မန်ယူအက်ကြောင်းဇာတ်လမ်းဟာ အခုဆိုရင် အတော်လေးအရှိန်တက်နေပါပြီ။

ပေါ်တူဂီသားဟာ သရဲနီတွေရင်ခွင်ကိုပြန်မလာခင် နောက်ဆုံးရာသီမှာ ဂျူဗင်တပ်ရဲ့ဂိုးသခင်ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲစုံ ၃၉ ပွဲမှာ ၂၄ ဂိုး သွင်းခဲ့တာပါ။

အိုးလ်ထရက်ဖို့ဒ်မှာလည်း ဒီအစဉ်အလာကို သူဆက်ထိန်းနိုင်ခဲ့ပေမယ့် မန်ယူ ချန်ပီယံလိဂ်ဝင်ခွင့်မရဘူးဆိုတဲ့အနေအထားက စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

နည်းပြသစ်တန်းဟတ်ကိုယ်တိုင် သူ့ရဲ့အစီအစဉ်မှာ ရော်နယ်ဒိုပါတယ်လို့ အာမခံချက်ပေးထားပေမယ့် ကာယကံရှင်အတွက်တော့ ယူရိုပါလိဂ်ဆိုတာ မစားကောင်းတဲ့အသီးလိုဖြစ်နေပါတယ်။

အထူးသဖြင့် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ၁၄၁ ဂိုးနဲ့ ဂိုးအများသွင်းသူဆိုတဲ့ဂုဏ်ပုဒ် ဆုံးရှုံးသွားမှာကို ရော်နယ်ဒိုစိုးရိမ်နေတယ်လို့ ကက်စ်ကာရီနိုက ယူဆထားပါတယ်။

မက်ဆီဟာ ရော်နယ်ဒိုထက် ၁၆ ဂိုးနည်းနေပေမယ့် လာမယ့်ရာသီမှာ ရော်နယ်ဒိုကစားခွင့်မရရင် ဂိုးကွာခြားမှုလျော့ကျသွားဖို့ရှိနေပါတယ်။ “ ရော်နယ်ဒိုဟာ အမြဲတမ်း အတ္တရှိတဲ့ကစားသမားပါ။

သူ့အကြောင်းတွေအများကြီးရှိပေမယ့် သူကစားခဲ့တဲ့အသင်းတွေက အောင်မြင်နေတာကြောင့် အသင်းသားတစ်ယောက်ဖြစ်နေတာပါ။ သူဟာ အကြီးကျယ်ဆုံးကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဒါတွေအားလုံးဟာ အနိုင်ရနေချိန်မှာ အကုန်ရနိုင်ပေမယ့် အဲဒီလိုမဟုတ်ရင်တော့ ပြဿနာတက်ပါပြီ ” လို့ ကက်စ်ကာရီနိုက talkSPORT မှာ ပြောသွားခဲ့တာပါ။

(zawgyi)သတင္းေခါင္းစဥ္က တကယ့္ကိုစိတ္ရႈပ္စရာေကာင္းေနပါလိမ့္မယ္။ ဒါေပမဲ့ ဒီလိုအဓိပၸာယ္မ်ိဳးဖြင့္ႏိုင္တဲ့ စကားမ်ိဳးကို ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္း တိုနီကက္စ္ကာရီႏို တကယ္ေျပာလိုက္တာပါ။ ကက္စ္ကာရီႏို အေၾကာင္းျပတာကေတာ့ ေရာ္နယ္ဒိုဟာ သူ႔ရဲ႕ခ်န္ပီယံလိဂ္မွတ္တမ္းကို မက္ဆီေက်ာ္တက္သြားမွာစိုးရိမ္လို႔ မန္ယူကေနထြက္ခ်င္ေနတာပါတဲ့။ နာမည္ေက်ာ္ေဘာလုံးသတင္းေထာက္ ႐ိုမာႏိုက စတင္ခဲ့တဲ့ ေရာ္နယ္ဒိုနဲ႔မန္ယူအက္ေၾကာင္းဇာတ္လမ္းဟာ အခုဆိုရင္ အေတာ္ေလးအရွိန္တက္ေနပါၿပီ။ ေပၚတူဂီသားဟာ သရဲနီေတြရင္ခြင္ကိုျပန္မလာခင္ ေနာက္ဆုံးရာသီမွာ ဂ်ဴဗင္တပ္ရဲ႕ဂိုးသခင္ျဖစ္ခဲ့ပါတယ္။ ၿပိဳင္ပြဲစုံ ၃၉ ပြဲမွာ ၂၄ ဂိုး သြင္းခဲ့တာပါ။ အိုးလ္ထရက္ဖို႔ဒ္မွာလည္း ဒီအစဥ္အလာကို သူဆက္ထိန္းႏိုင္ခဲ့ေပမယ့္ မန္ယူ ခ်န္ပီယံလိဂ္ဝင္ခြင့္မရဘူးဆိုတဲ့အေနအထားက စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။ နည္းျပသစ္တန္းဟတ္ကိုယ္တိုင္ သူ႔ရဲ႕အစီအစဥ္မွာ ေရာ္နယ္ဒိုပါတယ္လို႔ အာမခံခ်က္ေပးထားေပမယ့္ ကာယကံရွင္အတြက္ေတာ့ ယူ႐ိုပါလိဂ္ဆိုတာ မစားေကာင္းတဲ့အသီးလိုျဖစ္ေနပါတယ္။ အထူးသျဖင့္ ခ်န္ပီယံလိဂ္သမိုင္းတစ္ေလွ်ာက္ ၁၄၁ ဂိုးနဲ႔ ဂိုးအမ်ားသြင္းသူဆိုတဲ့ဂုဏ္ပုဒ္ ဆုံးရႈံးသြားမွာကို ေရာ္နယ္ဒိုစိုးရိမ္ေနတယ္လို႔ ကက္စ္ကာရီႏိုက ယူဆထားပါတယ္။ မက္ဆီဟာ ေရာ္နယ္ဒိုထက္ ၁၆ ဂိုးနည္းေနေပမယ့္ လာမယ့္ရာသီမွာ ေရာ္နယ္ဒိုကစားခြင့္မရရင္ ဂိုးကြာျခားမႈေလ်ာ့က်သြားဖို႔ရွိေနပါတယ္။ “ ေရာ္နယ္ဒိုဟာ အၿမဲတမ္း အတၱရွိတဲ့ကစားသမားပါ။ သူ႔အေၾကာင္းေတြအမ်ားႀကီးရွိေပမယ့္ သူကစားခဲ့တဲ့အသင္းေတြက ေအာင္ျမင္ေနတာေၾကာင့္ အသင္းသားတစ္ေယာက္ျဖစ္ေနတာပါ။ သူဟာ အႀကီးက်ယ္ဆုံးကစားသမားတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါေပမဲ့ ဒါေတြအားလုံးဟာ အႏိုင္ရေနခ်ိန္မွာ အကုန္ရႏိုင္ေပမယ့္ အဲဒီလိုမဟုတ္ရင္ေတာ့ ျပႆနာတက္ပါၿပီ ” လို႔ ကက္စ္ကာရီႏိုက talkSPORT မွာ ေျပာသြားခဲ့တာပါ။